မန္တလေး၊ အောက်တိုဘာ ၁၂- မန္တလေးမြို့တွင် အောက်တိုဘာ ၁၁ ရက် ညပိုင်းနှင့် ၁၂ ရက် နံနက်ပိုင်းအထိ မိုးရေချိန်လက်မ ၅ ဒသမ ၁၆ ဖြင့် စံချိန်ချိုးရွာသွန်း ခဲ့သောကြောင့်မြို့တွင်းလမ်းများ နှင့်အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်နစ်မြုပ်မှု များကြုံတွေ့ခဲ့ ကြောင်း သိရသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်ခန့်မှန်းချက်များအ ရ အောက်တိုဘာ ၁၂ ရက်တွင် ရာနှုန်းပြည့်မိုးတစ်ကြိမ်/နှစ်ကြိမ် ရွာသွန်းရန်ရှိကြောင်း ကြေညာ ထားပြီး နိုင်ငံတကာမိုးလေဝသ သတင်းများ အရ လည်း အောက် တိုဘာ ၁၁ ရက် နံနက်ပိုင်းမှစတင် ပြီး မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းသို့ မုန်တိုင်းတစ်ခု TD Twnty three ဖြတ်သန်းမည် ဟုဖော်ပြထားသည်။

Published in Regional

မန္တလေး၊ အောက်တိုဘာ ၁၂-မန္တ လေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်း အကောင် အထည်ဖော်လျက်ရှိသော စက်မှု ဥယျာဉ်(မြို့သာ)စီမံကိန်းအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆက် လက်ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းကိုအကျိုး တူပူးပေါင်း ဆောင်ရွက်နေသည့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ "စီမံကိန်းတွေရဲ့အားသာချက်၊ အားနည်းချက်နဲ့အကျိုးကျေးဇူး ရလဒ်တွေဖြစ်ပေါ်စေနိုင်တယ်ဆို တာကို အတည်ပြုပြီးဖြစ်သလို လက်တွဲဆောင်ရွက်နေတဲ့ ကုမ္ပဏီ ရဲ့ထုတ်ပြန်မှုတွေဟာ ပွင့်လင်းမြင် သာမှုရှိတာကိုတွေ့ရှိရပါတယ်။ ဒါကြောင့်မို့ပြည်ထောင်စု အစိုးရ အဖွဲ့ဆီ ဆက်လက်တင်ပြပြီးတော့ စီမံကိန်းအကြောင်းကို နိုင်ငံတကာ ကပိုမိုသိရှိပြီး လာရောက်ရင်းနှီးမြှုပ်နှံမှုတွေရှိအောင် ဆောင်ရွက်ပေးခဲ့ ပါတယ်။ အခုဆိုရင် နိုင်ငံခြားကုမ္ပ ဏီတွေရဲ့ စက်ရုံငါးရုံလည်ပတ် နေပြီး ထပ်မံတည်ဆောက်နေတဲ့ စက်ရုံတွေရှိသလို တရုတ်နိုင်ငံက ကုမ္ပဏီတစ်ခုကလည်း စက်မှုဥ ယျာဉ်အတွင်းက ဧက ၅၀ ကိုငှား ရမ်းပြီးစက်ရုံတစ်ရုံကိုလာမယ့်ရှစ် လအတွင်းအပြီး တည်ဆောက်ဖို့ လုပ်နေ ပါပြီ။ ဒေသခံတွေအတွက် လည်း အလုပ်အကိုင်အခွင့်အလမ်း တွေတစ်ခုပြီးတစ်ခုဆက်တိုက်ပေါ် ထွက်လာမှာပါ""ဟု တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက အောက်တိုဘာ ၁၂ ရက်တွင်ပြောကြားသည်။

Published in Regional

မန္တလေး၊ စက်တင်ဘာ ၂၃- ရှေး ဟောင်းသမိုင်းဝင် မန္တလေးတောင် ပေါ်သို့ နိုင်ငံခြားသား ခရီးသွားဧည့် သည်များအနေဖြင့် မန္တလေးမြို့၏ နေဝင်ဆည်းဆာအလှနှင့် မြို့အင်္ဂါ ရပ်များအား တက်ရောက်ကြည့်ရှု မှုအတွက် ယခုကောက်ခံလျက်ရှိ သော ငွေကျပ် ၁ဝဝဝ မှ ငွေကျပ် ၃ဝဝဝ သို့ တိုးမြှင့်ကောက်ခံရန်စီ စဉ်နေကြောင်း မန္တလေးတောင်တော် ဂေါပကအဖွဲ့ထံမှ သိရသည်။ ""အရင်တုန်းက ကန်ထရိုက် တွေတုန်းက ဗီဒီယိုကင်မရာခွန်ဆို ပြီး ကောက်တယ်။ ပြည်တွင်းရော၊ ပြည်ပရောပဲ။ ၂၀၁၃ ခုနှစ် ဇန်နဝါ ရီလကစပြီး ပြည်ပခရီးသွားတွေကိုပဲ ငွေကျပ် ၁ဝဝဝ ကောက်ခံတော့တယ်။ ဖုန်းတွေ ချထားပေးမှုတွေက များ လာတာကြောင့် ၂၀၁၅ ခုနှစ် နှစ် ကုန်ပိုင်းမှ စတင်ပြီးတော့ ဗီဒီယို ကင်မရာခွန် မကောက်တော့ဘူး။

Published in Regional

ရန်ကုန်၊ စက်တင်ဘာ ၂၃- ရှမ်း ပြည်နယ်နှင့် မန္တလေးတိုင်းဒေသ ကြီးတို့တွင် ပြည်သူများလည်ပတ် နိုင်ရန်အတွက် ဆင်စခန်းအသစ်နှစ် ခုကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်လုပ် ရေးဌာနမှ သိရသည်။ အဆိုပါဆင်စခန်း ဖွင့်လှစ် မည့် နေရာများမှာ ရှမ်းပြည်နယ် ကလောမြို့နယ်တွင် ရိုးမဆင်စခန်း ဖြစ်ပြီး တောင်ကြီး-မိတ္ထီလာ လမ်းမ ကြီးဘေးတွင် တည်ရှိကာ မန္တလေး တိုင်းဒေသကြီးတွင် မန္တလေးမှပြင်ဦး လွင်သွားသည့် လမ်းမကြီးဘေးတွင် ဖွင့်လှစ်သွား ရန် စီစဉ်နေကြောင်း သိရသည်။

Published in Regional