ရန်ကုန်၊ အောက်တိုဘာ ၁၂-ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၏ ရခိုင်ပြည်နယ်အရေးအစီ ရင်ခံစာ အသေးစိတ်ပြောကြားချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ယနေ့ အောက်တိုဘာ ၁၃ ရက်တွင်ကြားနာမည် ဖြစ်ကြောင်း သိရသည်။ ကုလသမဂ္ဂသံတမန်များ၏ ပြော ကြားချက်ကိုမူတည်ကာ င်္ဗဏ သတင်း ဌာနကဖော်ပြခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့်  ကိုဖီအာနန် အားခေါ်ယူကြားနာရန် ပြင်သစ်နှင့် ဗြိ တိန်တို့က တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗြိတိန်သည်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် သို့ရောက်ရှိနေသောဘင်္ဂါလီများ နေရပ် ပြန်နိုင်ရေးအတွက် တိုက်တွန်းထားကာ လုံခြုံရေးကောင်စီကလည်း ဆုံးဖြတ်ချက် မူကြမ်းကိုရေးဆွဲနေကြောင်း AFP ၏ဖော်ပြချက်အရ သိရသည်။ ယနေ့အောက်တိုဘာ ၁၃ ရက်တွင် ပြုလုပ်မည့် ကုလသမဂ္ဂ၏လုံခြုံရေး ကောင်စီ တံခါးပိတ်အစည်းအဝေးတွင် ကိုဖီအာနန်၏ရှင်းလင်းချက်ကို နား ထောင်ရန် ဒေသတွင်းနိုင်ငံများ၊ ဒေသ တွင်းအဖွဲ့အစည်းများနှင့် အတူလုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံများကို ဖိတ်ကြားထား ဟု သံတမန်များ ကပြောကြောင်း AFP က ရေးသားထားသည်။

Published in Political

ရန်ကုန်၊ အောက်တိုဘာ ၁၂ - လုပ်ခလစာ အကြောင်းမဲ့ဖြတ် တောက်မှုနှင့် လုပ်ငန်းအဆင်မပြေ မှုတို့ကြောင့်လိုင်စင်ရအေဂျင်စီ နှစ်ခုမှပို့ဆောင်ထားသည့် MoU မြန်မာလုပ်သား ၁၇၀ ကျော် ဝန် ဆောင်ခငွေများရှုံးကာ မြဝတီသို့ ပြန်ရောက်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါလုပ်သားများသည် ဝန်ဆောင်ခအဖြစ်တစ်ဦးလျှင် (ပွဲစားနှင့် အေဂျင်စီနှစ်ခုပေါင်း အတွက်) ကျပ်ရှစ်သိန်းဝန်းကျင်ပေး ကာ ထိုင်းနိုင်ငံသို့ လွန်ခဲ့သည့် ခုနစ်လခန့်မှသွားရောက်လုပ်ကိုင် ခဲ့သူများဖြစ်ကြောင်း၊ ထိုင်းတွင် ခြောက်လခန့် သာ အလုပ်လုပ်ကိုင် ခဲ့ရပြီး အကြောင်းမဲ့လုပ်ခလစာ ဖြတ်တောက်ခြင်း၊ လုပ်ငန်းခွင် အခွင့်အရေးဆုံးရှုံးခြင်း၊ မြန်မာ နိုင်ငံတွင်ချုပ်ဆိုထားသည့် စာ ချုပ်ပါအလုပ်နှင့် ထိုင်းတွင်လုပ် ကိုင်ရသည့်အလုပ်လွဲမှား၍ လုပ် ငန်းနေရာများ မကြာခဏပြောင်း ရွှေ့လုပ် ကိုင်ရခြင်း၊ စာချုပ်တွင် အနည်း ဆုံး နှစ်နှစ်လုပ်ကိုင်ရမည် ဟုချုပ်ဆိုထားသော်လည်း ခြောက် လသာလုပ်ကိုင်ရပြီး အလုပ်ရှင်၏အကြောင်းမဲ့အလုပ်ဖြုတ်ခံရခြင်း စသည်တို့ကြောင့် ပြန်လည်ရောက် ရှိလာသူများဖြစ်ကြောင်း၊ ရန် အေးအမည်ရ ပြည်ပအလုပ် အကိုင်အေ ဂျင်စီမှ လုပ်သား ၁၅ ဦးနှင့် ရွှေစင်ကိုးပွင့်အမည်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ လုပ်သား ၁၅၆ ဦး စုစုပေါင်းလုပ် သား ၁၇၁ ဦးတို့သည် အောက်တို ဘာ ၁၃ ရက်တွင် ထိုင်းနိုင်ငံမှမြဝတီကျောက်လုံးကြီးစခန်းသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ် ကြောင်း အဆိုပါ စခန်းမှ တာဝန်ရှိ သူများနှင့်ကူညီဆောင်ရွက်ပေး နေသည့်အဖွဲ့များနှင့် ပြန်လည် ရောက်ရှိလာသည့်လုပ်သားများ ထံမှသိရသည်။

Published in Regional

ရန်ကုန်၊ စက်တင်ဘာ ၂၄-အိန္ဒိယ နိုင်ငံသို့သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများကို ဗီဇာကင်း လွတ်ခွင့်ပြုမည်ဟု အိန္ဒိယ၀န်ကြီး ချုပ်၏ချစ်ကြည်ရေးခရီးစဉ်တွင် ပြောကြားခဲ့သော်လည်း ယခုအချိန် အထိမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယ သံရုံးဘက် မှအကြောင်း မပြန်သေး သည့်အတွက် ပုံမှန်အတိုင်း ဗီဇာ ကြေး ပေးဆောင်နေရဆဲဖြစ် ကြောင်း သိရသည်။ ယင်းဗီဇာကင်းလွတ်ခွင့်ဆိုင် ရာကိစ္စအတွက် မြန်မာနိုင်ငံဆိုင် ရာ အိန္ဒိယသံရုံးထံဆက်သွယ် မေးမြန်းထားပြီး သံရုံးဘက်မှ တိကျသည့် အဖြေ တစ်ခုကို မပေးနိုင် သေးကြောင်း၊ ဗီဇာကင်းလွတ်ခွင့် ရရှိရေးသည်ပြည်သူများအတွက် အကျိုးရှိခြင်းကြောင့် မျက်ခြည်မ ပြတ်ဆောင်ရွက်နေကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာနမှအမြဲတမ်း အတွင်းဝန်ဦးကျော်ဇေယျက စက် တင်ဘာ၂၃ ရက်က ဒီမိုကရေစီတူ ဒေးသို့ ပြောသည်။

Published in Business

ရန်ကုန်၊ စက်တင်ဘာ ၂၄ - ညောင်နှစ်ပင်စက်မှုဇုန်စီမံကိန်း တွင် ကိုရီးယားမှ ကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ကြောင်း သိရသည်။ မှော်ဘီမြို့နယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခဲ့သည့် ညောင်နှစ်ပင်အမျိုးသားညီလာခံ အဆောက်အအုံနေရာရှိ မြေဧက ၆၀၀ အနက် ဧက ၅၇၀ တွင် လာ မည့်နှစ်ဆန်း၌ စက်မှုဇုန်စီမံကိန်း စတင်တည်ဆောက်ရန်အတွက် မြေရှင်းလင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံKorea Land and Housing Corporation  ကုမ္ပဏီမှ ၆၀ ရာခိုင်နှုန်းနှင့် အစိုးရ မှ ၄၀ ရာခိုင်နှုန်းဖြင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှ သိရသည်။

Published in Business

ရန်ကုန်၊ စက်တင်ဘာ ၂၃-မြန်မာ- ထိုင်းနယ်စပ်သုံးနေရာတွင် မြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး သစ်များ ထပ်မံဖွင့်လှစ်မည်ဟု သိ ရသည်။ ထိုင်းအစိုးရ၏ရွှေ့ပြောင်းအ လုပ်သမားများ ခရီးသွားကင်းလွတ် ခွင့်အဖြစ် ဖမ်းဆီးမယ့်ရက်ပေါင်း ၁၈၀ အတွင်း အလုပ်သမားများ နိုင်ငံကူးလက်မှတ်ကို နယ်စပ်တွင် ပင် လွယ်ကူစွာဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ ထိုင်း-မြန်မာနယ်စပ် မြို့များဖြစ်သည့် တာချီလိတ်၊ မြဝ တီနှင့်ကော့သောင်းတို့တွင် လာ မည့် စက်တင်ဘာ ၂၅ ရက်မှစတင် ၍ သာမန်နိုင်ငံ ကူးလက် မှတ်ထုတ် ပေးရေးရုံးများဖွင့်လှစ်ပေးသွား မည်ဟုသိရကြောင်း ထိုင်းအခြေ စိုက် AAC မဟာမိတ်အဖွဲ့နှင့် ဘန် ကောက်အခြေစိုက် မြန်မာအလုပ် သမားသံအရာရှိရုံးတို့ထံမှ သိရ သည်။

 

Published in Political

ရန်ကုန်၊ စက်တင်ဘာ ၂၄-ရခိုင်ပြည် နယ်အရေးနှင့်ပတ်သက်၍ အစိုးရကို ထောက်ခံကြောင်း တောင်ကိုရီးယားရှိ ကုလသမဂ္ဂရုံးရှေ့တွင် မြန်မာနိုင်ငံသား ၂ဝဝဝ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စက်တင်ဘာ ၂၄ ရက် တောင်ကို ရီးယားစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်တွင် ဆိုလ်းမြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ဆန္ဒ ပြခဲ့ကြခြင်းဖြစ်ပြီး ARSA အကြမ်းဖက် သမားများ၏ ရခိုင်ပြည်နယ်အတွင်း အ ကြမ်းဖက်တိုက်ခိုက်မှုများကို ကန့်ကွက် ရှုတ်ချကြောင်း၊ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သောအစိုးရအား ထောက်ခံ ကြောင်း၊ ရိုဟင်ဂျာလူမျိုး မြန်မာနိုင်ငံတွင် မရှိ စသည့်ဆိုင်းဘုတ်များ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ပုံများနှင့် မြန်မာ နိုင်ငံအလံတို့ကိုကိုင်ဆောင်ကာ ဆန္ဒထုတ် ဖော်ခဲ့ကြကြောင်း တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများထံမှ သိရသည်။

Published in Political