HOT NEWS
Main menu
adv

စစ်ကိုင်းတိုင်း အတွင်း မူးယစ်ဂိုဏ်းကြီးများ ဖမ်းမိရေး လွှတ်တော် ကိုယ်စားလှယ်များပါ ပူးပေါင်းပါဝင်ရန် လိုဟု နယ်လုံဝန်ကြီး ဆို

မုံရွာ၊ ဖေဖော်ဝါရီ ၁၈

မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသော ဂိုဏ်းကြီးများကို ဖမ်းမိရေးအတွက် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မြို့နယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များပါ ပူးပေါင်းရန်လိုကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်က ပြောသည်။ ''ကြီးကြီးမားမားဖမ်းမိတဲ့ မြို့နယ်တွေကြည့်မယ်ဆို လွှတ်တော်ကိုယ်စားလှယ်တွေပူးပေါင်းပါဝင် နေတာတွေ့ရတယ်။ တစ်ပြားနှစ် ပြားမိမိ၊ ပုလင်းထဲကပ်နေတဲ့ အမှုန့် လေးမိမိ အရေးယူတာမို့ အချုပ်ခန်း တွေတောင်ပြည့်နေတာ'' ဟု နယ် လုံဝန်ကြီးက ဖေဖော်ဝါရီ ၁၇ ရက် တွင် ပြောသည်။

Read more...

စစ်ကိုင်း ကြေးဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘဲဥထုပွဲကို ရိုးရာ အစဉ်အလာမပျက် ထည့်သွင်းကျင်းပ

စစ်ကိုင်း

လွန်ခဲ့သည့်နှစ် ၁ဝဝ ကျော်ကတည်းက ကျင်းပခဲ့သော စစ်ကိုင်းမြို့ ဧမြဝတီရပ်အနောက်ပိုင်း ကြေးဘုရားကြီး ဗုဒ္ဓပူဇနိယ ပွဲတော်ကို ဖေဖော်ဝါရီ ၁ဝ ရက်မှ ၁၂ ရက် အထိ ကျင်းပရာ ဘဲဥရောင်းချသူများကိုယ်တိုင် မာကာ(ဒိုင်)လုပ်ရသည့် ဘဲဥထုပွဲကို ရိုးရာအစဉ်အလာမပျက် ထည့်သွင်းကျင်းပ ကြောင်း သိရသည်။ ကြေးဘုရားကြီးကို အများပြည်သူလှူ ဒါန်းသည့် ကြေးချိန် ၇ဝ ပိဿာ၊ ငွေချိန် ၃ဝဝ ကျပ်သား၊ ရွှေချိန် ၃ဝ ကျပ်သားဖြင့် ၁၂၆၆ ခုနှစ်တွင် ကြေးဘုရားကြီးဆရာတော်က ဦး ဆောင်သွန်းလုပ်ခဲ့သည်။ ဘွဲ့တော်ကို ဇိနမာရ် အောင်လောကချမ်းသာကြေးဘုရားကြီးအမည်သမုဒ်ခဲ့ရာ နှစ်စဉ် တပို့တွဲလပြည့်နေ့၌ ဗုဒ္ဓပူဇနိယပွဲတော်ကို ဂေါပကအဖွဲ့မှ ဦးဆောင် ကျင်းပခြင်းဖြစ်သည်။

Read more...

သီတဂူ ဆရာတော်ကြီး မွေးနေ့အထိမ်းအမှတ် သွန်းလုပ်ထားသော ကြေး ပိဿာချိန် ၈ဝဝဝ ရှိ ကြေးခေါင်းလောင်းကြီးကို စစ်ကိုင်းမြို့ သီတဂူဝိပ ဿနာရိပ်သာသို့ ပင့်ဆောင်

မန္တလေး၊ ဖေဖော်ဝါရီ ၁၂

သီတဂူ ဆရာတော်ကြီးသက်တော် (၈ဝ) ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ်သွန်းလုပ် ထားသော ကြေးပိဿာချိန် ၈ဝဝဝ ရှိ ကြေးခေါင်းလောင်းကြီးကို စစ်ကိုင်း မြို့ စစ်ကိုင်းတောင်ရိုးရှိ သီတဂူဝိပ ဿနာရိပ်သာသို့ ၂ဝ၁၇ ခုနှစ် ဖေဖော် ဝါရီ ၁၁ ရက် နံနက် ၉ နာရီက ပင့် ဆောင်ခဲ့ကြောင်း သိရသည်။ ''ဆရာတော်ကြီးက တပို့တွဲလ ပြည့်နေ့တင်ချင်တယ်ဆိုလို့ လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းကကြိုတင် ပြင်ဆင်ပြီးလုပ်ဆောင်ခဲ့တာပါ။ အပေါ်ကိုင်းနဲ့ခေါင်းလောင်းမှာ စာရေးဖို့ကျန် သေးတယ်။ တပို့တွဲလပြည့်နေ့ အ ရောက်ဖြစ်ချင်တယ်ဆိုလို့ ခေါင်း လောင်းကြီးကိုဒီနေ့အရင်ပင့်ဆောင်လာတာပါ'' ဟု ရွှေခေါင်းလောင်းကြေး သွန်းလုပ်ငန်းကြေးသွန်းပညာရှင် ဦးအောင်သန်းမော်က ပြောသည်။

Read more...

စစ်ကိုင်းတွင် လုပ်ငန်းလိုင်စင်များ လေလံမှ ငွေကျပ်သိန်း ၈ဝဝဝ ကျော် ရရှိ

စစ်ကိုင်း၊ ဇန်နဝါရီ ၃၁

၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာရေးနှစ်အတွက် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီပိုင် အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချရာ ငွေကျပ်သိန်း ၈ဝဝဝ ကျော်ရရှိကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီထံမှ သိရသည်။ အခွင့်အရေးလိုင်စင်လေလံတင် ရောင်းချပွဲကို စစ်ကိုင်းမြို့ မြို့ တော်ခန်းမတွင် ဇန်နဝါရီ ၂၄ ရက်က ကျင်းပရာ လုပ်ငန်းအမျိုးအစား ၃၈ မျိုးကို တရားဝင်လေလံယှဉ်ပြိုင် ခွင့်ရရှိသူ ၁၇ဝ တို့က ဈေးပြိုင်စနစ် ဖြင့် ယှဉ်ပြိုင်ဝယ်ယူကြသည်။

Read more...
Subscribe to this RSS feed
adv

adv

FacebookG+TwitterRSS