Main menu
HOT NEWS
adv

ခွင့်မပြု ဆိုးဆေး ပါဝင်မှုရှိ၊ မရှိ မွန်ပြည်နယ် ဈေးကွက်အတွင်း စစ်ဆေး

မော်လမြိုင်၊ ဇွန် ၁၉

မွန်ပြည် နယ်အတွင်းရှိ မြို့နယ်များတွင် ရောင်းချလျက်ရှိသော ဈေးကွက်အတွင်း ခွင့်မပြုဆိုးဆေးပါဝင်မှုရှိ၊ မရှိစစ် ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူးဒေါက်တာဖြူဖြူခင်က ဇွန် ၁၉ ရက်တွင်ပြောကြားခဲ့သည်။

Read more...

တာချီလိတ် မြို့ကွက်သစ် အပိုင်း(ဈ)အကွက်၌ ကျူးကျော် နေထိုင်သူများ ဖယ်ရှားခြင်း မပြုပါက အရေးယူမည် ဟုဆို

တာချီလိတ်၊ ဇွန် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်ပိုင်ရွာအနီးကွင်းအမှတ်(၈၅၃)မြေဧရိယာ ၉၃ ဒသမ ၁၉ ဧက၊ မြို့ကွက်သစ်အပိုင်း(ဈ)အကွက်၌ ကျူးကျော်နေထိုင်သူများကို အရေးယူသွားမည်ဖြစ် ကြောင်း မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ ''ဒီမြေနေရာမှာ ကျူးကျော်တွေ တစ်စတစ်စများပြားလာနေတဲ့အတွက်ကြောင့် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဝင်တွေ၊ မြို့နယ် မြေစာရင်း ဦးစီးမှူးအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေက အစိုးရ မြေ၊ မကျူးကျော်ရ တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဆိုတဲ့ ဆိုင်းဘုတ်ကို လာရောက်စိုက်ထူ ခြင်းဖြစ်ပါတယ်''ဟု မြို့နယ်စီမံခန့် ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူးဦးထွန်းဝင်းအောင်ကပြောသည်။

Read more...

မုံရွာမြို့တွင် မူးယစ်ဆေးဝါး စံချိန်တင်စွန့်ပစ်မှု ဖြစ်ပွား၊ စိတ်ကြွဆေးပြား တစ်သိန်းနှင့် ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် တစ်ထောင်ကျော်ကို စစ်ဆေးတွေ့ရှိ

မုံရွာ၊ ဇွန် ၁၉

မုံရွာမြို့တွင် မူးယစ်ဆေးဝါးစံချိန်တင်စွန့်ပစ်မှုတစ်ခု ဇွန် ၁၉ ရက်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန် ၁၉ ရက် နံနက် ၁၁ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ထန်းတောရပ်ကွက်၊ ညောင်ကိုင်းအင်းပတ်လမ်း၊ ကျွန်းဆွယ်ရပ်၊ ဆယ်ပေချောင်းအနီး ဘုန်းကြီးကျောင်းအုတ်တံတိုင်းဘေးနှင့် နန္ဒဝန် ရပ်ကွက်ရှိ အမှိုက်ပုံများ၊ လူမနေသည့် ဝင်းကွက်လပ်များအပါအဝင် စုစုပေါင်း ကိုးနေရာတွင် စိတ်ကြွဆေးပြားတစ်သိန်းနှင့် ဘိန်းဖြူမှုန့်ထည့်ထားသော ဆပ်ပြာခွက် တစ်ထောင်ကျော်ကို ပီနံအိတ်များဖြင့် အထုပ်လိုက်ခွဲပြီး စွန့်ပစ်ထားသဖြင့် လိုက်လံသိမ်းဆည်းခဲ့ရကြောင်း မုံရွာအမှတ်(၂)နယ်မြေရဲစခန်းမှ သိရသည်။

Read more...

ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ အစာအိမ် ကင်ဆာရောဂါဖြင့် စစ်တွေမြို့၌ ကွယ်လွန်

စစ်တွေ၊ ဇွန် ၁၈

ရခိုင်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဖိုးမင်းသည် ဇွန် ၁၇ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် အစာအိမ်ကင်ဆာရောဂါ ဖြင့် စစ်တွေမြို့၊ ဝန်ကြီးများအိမ်ရာရှိ နေအိမ်၌ကွယ်လွန်သွားခဲ့ကြောင်း ၎င်း၏မိသားစုဝင်များထံမှသိရသည်။ ''အစာအိမ်ကင်ဆာဖြစ်နေတာကို အော်ပရေးရှင်းလုပ်ထားတာ တစ်နှစ်လောက်ရှိပါပြီ။ အဲဒါကို အခု ဆေးသွင်းတဲ့အခါကျတော့ အဲဒီရောဂါနဲ့ပဲ ဆုံးသွားတာဖြစ်ပါတယ်''ဟု ဦးဖိုးမင်း၏ညီဖြစ်သူ ဦးသာထွန်းလှက ဇွန် ၁၈ ရက်တွင် ပြောကြားသည်။

Read more...

၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် အောင်လံမြို့နယ်၌ မိုးနှမ်းဧက သုံးသောင်း ငါးထောင်ကျော် စိုက်ပျိုးရန် လျာထား

အောင်လံ၊ ဇွန်၁၈

၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွက် မကွေးတိုင်းဒေသကြီး အောင်လံ မြို့နယ်အတွင်း မိုးနှမ်း ၃၅၁၁၈ ဧကစိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။ ''မိုးနှမ်းစိုက်ပျိုးမှုက နှစ်စဉ်လျာထားချက်ကျော်ပါတယ်။ ဒီမှာက နှမ်းနဲ့ပဲတီစိမ်းကို တောင်သူကအများဆုံးစိုက်ပျိုးကြတာ ဖြစ်ပါတယ်'' ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616