Main menu
HOT NEWS
adv

ရေတာတမံနှင့် သွယ်တန်းထားသော ရေပိုက်များပျက်စီးမှုကြောင့် ကျိုင်းလပ်မြို့၌ သောက်သုံးရေအခက်အခဲဖြစ်နေ

ကျိုင်းလပ်၊ ဧပြီ ၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းလပ်ဒေသတွင် မြို့ရေပေးရေးလုပ်ငန်းအဖြစ် မြို့၏အနောက်မြောက်ဘက်ရှိ နမ့်ဖောင် ချောင်းမှ ရေအရင်းအမြစ်ခံ ကာ ဆောင်ရွက်ထားရှိသည့် ရေတာတမံနှင့် ချောင်းဘေးတစ်လျှောက် သွယ်တန်း ဆောင်ရွက်ထားသော ရေပိုက်များ ချောင်းကမ်းပါးပြိုတိုက်စားကာ ပျက်စီး ဆုံးရှုံးသွားမှုကြောင့် လက်ရှိအ ခြေအနေတွင် သောက်သုံးရေအခက် အခဲဖြစ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Read more...

ဖြစ်ပေါ်နေသည့် တိမ်တိုက်များကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် မိုးသည်းထန်ခြင်းကြုံတွေ့နိုင်ပြီး တောင်ပေါ်ဒေသများ မြေပြိုမှုအန္တရာယ်ရှိနိုင်ဟုဆို

ရန်ကုန်၊ ဧပြီ ၁

ယခုရက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် တိမ်တိုက်များကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင်မိုးသည်းထန် ခြင်း (Heavy Rain) ကို ကြုံတွေ့နိုင်ပြီး၊ ယင်းမိုးသည်း ထန်ခြင်းကြောင့်  တောင်ပေါ်ဒေသများနှင့် ကုန်းမြင့်ပိုင်း တွင်နေထိုင်သူများအနေဖြင့် မြေပြို ခြင်းအန္တရာယ် (land slide) ကို သတိထားသင့်ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော် မိုးဦးက ဧပြီ ၁ ရက်က သတိပေး ပြောကြားလိုက်သည်။

Read more...

မန္တလေးမြို့တွင် သမ္မတသစ်ကို ဂုဏ်ပြုကြိုဆို စက်ဘီးစီးဂုဏ်ပြုခြင်းနှင့် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများပြုလုပ်

မန္တလေး၊ ဧပြီ ၁

ပြည်သူတွေလိုလားသည့် အရပ်သားအစိုးရ၏ သမ္မတသစ်ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် မန္တလေးမြို့တွင် စက်ဘီးစီးဂုဏ်ပြုခြင်း နှင့် စတုဒိသာကျွေးမွေးခြင်းများကို ဧပြီ ၁ ရက် က ပြု လုပ်ခဲ့ကြောင်း သိရသည်။ ''အခုအချိန်အခါက NLD ပါတီ ရဲ့အောင်ပွဲဖြစ်သလို ပြည်သူတွေရဲ့ အောင်ပွဲလည်းဖြစ်တယ်။ ဒါကြောင့် အရပ်သားအစိုးရစစ်စစ် ပြည်သူတွေ ချစ်တဲ့သမ္မတကို ကြိုဆိုတဲ့အနေနဲ့ အခုလို စက်ဘီးစီးဂုဏ်ပြုကြိုဆိုတာ ဖြစ်ပါတယ်'' ဟု MBA စက်ဘီးအ ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထွန်း ထွန်းက ပြောသည်။

Read more...

နေအိမ်မှဆင်းပြီး အခြားအမျိုးသမီးနှင့် ခိုးယူပေါင်းသင်းနေသည့် ခင်ပွန်းအား ဇနီးဖြစ်သူက တစ်လင်တစ်မယားစနစ်ဖြင့် အမှုဖွင့်

မင်းလှ၊ မတ် ၃၁

မကွေးတိုင်းဒေသကြီး မင်းလှမြို့တွင် အိမ်ထောင် သက်ကိုးနှစ်ရှိခဲ့ပြီးနောက်လင်မယား ချင်းစကားများပြီးနေအိမ်မှဆင်းသွား ကာတစ်ရွာတည်းနေအမျိုးသမီး တစ်ဦး နှင့်ခိုးယူပေါင်းသင်းနေ သူအား တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေဖြင့် အရေးယူလိုက် ကြောင်း မင်းလှမြို့နယ်ရေနံမနယ် မြေရဲစခန်းမှသတင်းရရှိသည်။

Read more...

သင်္ကြန်ကာလ မန္တလေးဘူတာကြီး ရထားခရီးစဉ် ၁၂ ခု ဖျက်သိမ်းမည်

မန္တလေး၊ မတ် ၃၁

သင်္ကြန်ကာလအတွင်း မန္တလေးဘူတာကြီးတွင် လူစီးရထားခရီးစဉ် ၁၂ ခုကို ဧပြီ ၁၃ ရက်မှ ၁၆ ရက်ထိ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား မန္တလေးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ ''သင်္ကြန်ကာလလူစီးရထား ဖျက်သိမ်းမယ့် ခရီးစဉ်တွေကို ထုတ်  ပြန်ကြေညာပေးထားပါတယ်။ သင်္ကြန် ကာလအထူးပြေးဆွဲမယ့်ခရီးစဉ် တွေကို မကြာမီထုတ်ပြန်ပေးသွား  မှာပါ။ ယနေ့ထိ နေပြည်တော်က ဘာမှ ညွှန်ကြားစာမရောက်သေးပါ ဘူး''ဟု ၎င်းကဆက်လက်ပြောသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616