Main menu
HOT NEWS
adv

အတ္ထရံမြစ်ရေမှ ရေသန့် ထုတ်လုပ်ပြီး မော်လမြိုင်တွင် ဖြန့်ဖြူးရန် ထိုင်းကုမ္ပဏီမှ လာရောက်ဆွေးနွေး

မော်လမြိုင်

ထိုင်းနိုင်ငံအခြေစိုက် သောက်သုံးရေဖြန့်ဝေရေးကုမ္ပဏီတစ်ခုက မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး အတ္တရံမြစ်ရေကို သန့်စင်ကာ မော်လမြိုင်မြောက်ပိုင်း ၁၂ရပ် ကွက်တွင် ရေသန့်ဖြန့်ဝေခြင်း လုပ်ငန်းဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးကြ ကြောင်းသိရသည်။ ထိုင်းနိုင်ငံအခြေစိုက် သောက်သုံရေဖြန့်ဝေရေးကုမ္ပဏီ Thai Tab Water Co.,Ltd(T.TW)၊ မြန်မာနိုင်ငံမှ Z corporation Co.,Ltd သည် မြန် မာနိုင်ငံတွင် Myanmar Tab Water Co.,Ltd (MTW) အဖြစ် ဖက်စပ်ဖွဲ့စည်းပြီး မွန်ပြည်နယ်စည်ပင်သာ ယာရေးအဖွဲ့နှင့် ပူးပေါင်းကာ အတ္တရံ မြစ်ရေကိုသန့်စင်ပြီး B.O.T စနစ်ဖြင့် မော်လမြိုင်မြို့မြောက်ပိုင်း ၁၂ ရပ် ကွက်တွင် ရေဖြန့်ဝေခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရေးအတွက် မွန်ပြည် နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံးတွင် မေ၇ရက် ညနေ၄နာရီက လာရောက် တွေ့ဆုံကြခြင်းဖြစ်သည်။

Read more...

ယင်းတိုင်းတောင်ဆည် အနီးရှိ ကျေးရွာများသို့ နိုင်ငံခြားခရီးသွား တစ်ထောင်ကျော် လာရောက်မည် ဟုဆို

ရန်ကုန်၊ မေ ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်နှင့် (၂)မိုင်ခွဲခန့်ဝေးသော အင်းယောင်း ကျေးရွာအုပ်စု၊ ယင်းတိုင်းတောင်ဆည် အနီးကျေးရွာများတွင် အကောင်အထည်ဖော်နေသည့် လူထုအခြေပြုခရီးသွားလုပ် ငန်း(CBT)သို့ နိုင်ငံခြားခရီး သွားဧည့်သည် တစ်ထောင်ကျော်လာ ရောက်လေ့လာမည်ဖြစ်သည်။ ''၂ဝ၁၆ တစ်နှစ်လုံးအတွက် နိုင်ငံခြားခရီးသွားဧည့်သည် တစ် ထောင်ကျော် လာရောက်လည်ပတ် မယ်လို့ Journey Adventure Travel Tour ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတယ်။ ဥရောပနိုင်ငံကခရီး သွားတွေလာရောက်လည်ပတ်တာများတယ်''ဟု ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး(ရုံးခွဲ) လက်ထောက်ညွှန် ကြားရေးမှူးဦးမြင့်စိန်ကပြောသည်။

Read more...

မောင်းမကန်ကမ်းခြေ အမှိုက်သိမ်းလုပ်ငန်း လုပ်ကိုင်သူရှိပါက လွှဲပြောင်းပေးမည်

ထားဝယ်၊ မေ ၁၆

မောင်းမကန်ကမ်းခြေသန့်ရှင်းသာယာရေးအတွက် ကမ်းခြေတစ်လျှောက် အမှိုက်သိမ်းမည့်လုပ်ငန်းကို လုပ်ကိုင်လိုသူရှိလာပါက ခွင့်ပြုသွားမည်ဖြစ်ကြောင်း မောင်းမကန်ကမ်းခြေသန့်ရှင်း သာယာလှပရေးကော်မတီထံ မှ သိရှိရသည်။ ပြည်တွင်း၊ ပြည်ပခရီးသွားများအား ပိုမိုဆွဲဆောင် နိုင်ရေးအတွက် ကမ်းခြေတစ်လျှောက်နှင့် အနီးဝန်းကျင်ရှိအမှိုက်များအား ကမ်းခြေကော်မတီမှ အပတ်စဉ် တနင်္လာနေ့တိုင်း အင်အား ၆ဝ ခန့်ဖြင့် လုပ်ကိုင်နေ ပြီး အဆိုပါလုပ်ငန်းအား လုပ်ကိုင်လိုသည့်ကုမ္ပဏီ၊ အဖွဲ့အစည်းရှိလာပါက လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ကမ်းခြေကော်မတီနာယကဦးသန်းနိုင်က ပြောသည်။

Read more...

ဧရာဝတီတိုင်း ဒေသကြီးတွင် ရေဘေးဒဏ်ခံ စာသင်ကျောင်း ၃၈ ကျောင်းကို နီပွန်ဖောင်ဒေးရှင်းက လာမည့် သုံးနှစ်အတွင်း အပြီးဆောက်လုပ်မည်

ရန်ကုန်

နီပွန်ဖောင်ဒေးရှင်းမှ ဧရာဝတီတိုင်းဒေသကြီးတွင် ရေဘေးဒဏ်ခံနိုင်သောစာသင်ကျောင်း ၃၈ ကျောင်းကို လာမည့်သုံးနှစ်အတွင်းအပြီးဆောက်လုပ်မည်ဖြစ်ကြောင်းသိရသည်။ နီပွန်ဖောင်ဒေးရှင်းသည်ရန်ဂျင်၊ ကန်ဂျိုဂျီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ARTIC) နှင့်ပူးပေါင်းပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ရေဘေးဒဏ်ခံနိုင်သော ခိုင်မာသောကျောင်းများ ၂ဝ၁၆ ခုနှစ်မှစတင်ကာ ကျောင်း ပေါင်း ၃၈ ကျောင်းကို သုံးနှစ်အတွင်း တည်ဆောက်ပေးသွားမည်ကြောင်း၊ ယင်းကဲ့သို့ဆောက်လုပ်ရာတွင် ကုန် ကျစရိတ်ကို ဒေသခံပြည်သူများက ၂၅ ရာခိုင်နှုန်းကိုကျခံပေးရမည်ဖြစ် ကြောင်း နီပွန်ဖောင်ဒေးရှင်းမှသိ ရသည်။

Read more...

စံချိန်စံညွှန်း မမီသည့် ပိုးသတ်ဆေးနှင့် မြေသြဇာများ ဈေးကွက်အတွင်း ရှိနေသော်လည်း တင်သွင်း ရောင်းချသူများနှင့် အရောင်းဆိုင်များကို ယခုချိန်ထိ ဥပဒေအရ အရေးမယူနိုင်သေး

မန္တလေး၊ မေ ၁၆

တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်ရေးနှင့် ဆက်စပ်သည့် ပိုးသတ်ဆေး၊ မြေသြဇာဥပဒေအရ တိုင်းဒေသကြီးအတွင်းရှိ ပိုးသတ်ဆေး၊ မြေသြဇာလုပ်ငန်းများနှင့် အရောင်းဆိုင်များအား စစ်ဆေးအရေး ယူသည့် အမှုများမရှိသေး ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။ ''မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပိုးသတ်ဆေး၊ မြေသြဇာလုပ်ငန်းလုပ်ကိုင်ခွင့်နဲ့ ရောင်းချခွင့်ပြုပေးထားတဲ့ ဆိုင်တွေအားလုံးကို ၂ဝ၁၅ ခုနှစ် ဇူလိုင်လကစတင်ပြီးတော့ ပိုးသတ်ဆေး၊ မြေသြဇာဥပဒေကြောင်းအရ စစ်ဆေးအရေးယူမှုတွေ လုပ် ဆောင်ဖို့စီစဉ်ခဲ့ပါတယ်။ အခုချိန်ထိတော့ ခရိုင်နဲ့မြို့နယ်အတွင်းမှာရှိတဲ့ ပိုးသတ်ဆေး၊ မြေသြဇာဆိုင်တွေ ကို စစ်ဆေးအရေးယူထားတဲ့ အမှု မျိုးကမရှိသေးပါဘူး''ဟု တိုင်းဒေသ ကြီးစိုက်ပျိုးရေးမန်နေဂျာ ဦးလှမြင့် အောင်ကပြောသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191