Main menu
HOT NEWS
adv

ရခိုင်တွင် နှစ်နှစ်ကျော်ကြာ ရပ်နားထားသည့် ပြည်တွင်းရေကြောင်း ခရီးစဉ်ကို ဂျပန်နိုင်ငံက လှူဒါန်းထားသည့် အမြန်ရေယာဉ်ဖြင့် ဧပြီ ၁ဝ ရက် စတင်ပြေးဆွဲမည်

စစ်တွေ၊ ဧပြီ ၇

ရခိုင်ပြည်နယ်တွင် နှစ်နှစ်ကျော်ကြာရပ်နားထားသည့် ပြည်တွင်းရေကြောင်းခရီးစဉ်ကို ဂျပန်နိုင်ငံကလှူဒါန်းထားသည့် အမြန်ယာဉ်ဖြင့် ဧပြီ ၁ဝ ရက်တွင် စတင်ပြေးဆွဲပေးသွားမည်ဖြစ် ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှသိရသည်။ ဂျပန်နိုင်ငံက ပြီးခဲ့သည့်အပတ်က လွှဲပြောင်းလှူဒါန်းလိုက်သည့် ကစ္ဆပနဒီ(၁)အမြန်ရေယာဉ်သင်္ဘော ဖြင့် စစ်တွေ-မြေပုံ-ကျောက်ဖြူ- တောင်ကုတ်-မာန်အောင်-ရမ်းဗြဲ စသည့်ခရီးစဉ်များကို ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။

Read more...

အတာသင်္ကြန် အကြိုကာလတွင် တာချီလိတ်မြို့ မြန်မာ-ထိုင်းအမှတ်(၁) ချစ်ကြည်ရေးတံတားမှ မြန်မာနိုင်ငံသားများ အဝင်အထွက် များလာ

တာချီလိတ်၊ ဧပြီ ၇

သင်္ကြန်အလုပ်ပိတ်ရက်တွင် မြန်မာနိုင်ငံ၌ သင်္ကြန်ပွဲတော်ဆင်နွှဲရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြန်မာ-ထိုင်းအမှတ်(၁) ချစ်ကြည်ရေးတံတားမှ ပြန်လာသူများပြားလာသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့မပြန် နိုင်သောရွှေ့ပြောင်းလုပ်အလုပ်သမားများထံသို့လည်း သွားရောက်လည်ပတ်သူများပြားလာကြောင်း သိရသည်။

Read more...

သင်္ကြန်အိမ်ပြန် မြန်မာလုပ်သားများ မဲဆောက်တွင် ဖမ်းဆီးခံနေရ

မဲဆောက်၊ ဧပြီ ၆

သင်္ကြန်အိမ်ပြန်သည့်မြန်မာလုပ်သားများ မဲဆောက်- မြဝတီနယ်စပ် ချစ်ကြည်ရေးတံတားတွင် ဆက်တိုက်ဖမ်းဆီးခံနေရကြောင်းသိရသည်။ ယခုရက်ပိုင်းအတွင်း သင်္ကြန်အိမ်ပြန်သည့် မြန်မာရွှေ့ပြောင်း လုပ်သားအများစုသည် နေ့စဉ်ဖမ်းဆီးခံနေရပြီး ဧပြီ ၂ ရက်တွင် ၃၇ ဦး၊ ဧပြီ ၃ ရက်တွင် ၈၉ ဦး၊ ဧပြီ ၄ ရက်တွင် ၂၃ ဦး စုစုပေါင်း ၁၄၉ ဦးရှိပြီဖြစ်ကြောင်း ထိုင်းအခြေစိုက် AAC မဟာမိတ်အဖွဲ့ထံမှ ဧပြီ ၅ ရက်က သိရသည်။

Read more...

အပူဒဏ်ကြောင့် ဇင်းကျိုက်ကန်ကြီး ရေလယ်ဘုရား ကန်တော်မင်္ဂလာ အတွင်း ငါးများသေဆုံး

ဇင်းကျိုက်၊ ဧပြီ ၆

မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ရှိ ကန်ကြီးရေလယ်ဘုရားကန်တော်မင်္ဂလာအတွင်းတွင် ဧပြီ ၄ ရက်မှစ၍ အပူဒဏ်ကြောင့် ငါးများသေဆုံးနေ၍ သန့်ရှင်းသောရေများဖြည့်တင်း ပေးနေရကြောင်း ဇင်းကျိုက်မြို့ခံများထံမှ သိရသည်။

Read more...

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ သင်္ကြန်တွင် မိမိနိုင်ငံပြန်လာရန် မြဝတီဘက်မှ ဝင်ရောက်လာမှု ပိုမိုများပြားနေ

မြဝတီ၊ ဧပြီ ၆

ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် မြန်မာအလုပ်သမားများ သင်္ကြန်တွင်း လွတ်လပ်စွာပြန်နိုင်ရန် စီစဉ်ပေးလျှက်ရှိရာ ယခုအခါထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများသည် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့သို့ အလုံးအရင်းဖြင့် လာနေကြကြောင်း သိရသည်။ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာကြသော မြန်မာအလုပ်သမားများသည် ထိုင်း-မြန်မာနယ်စပ်ဂိတ်ဝတွင် ထောင်နှင့်ချီများပြားနေပြီး ထိုင်းဘက်ခြမ်းတွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှ ခရိုင်(လဝက)မှူးကြီး ဆုံချိုင်းဒေဖဲကိုယ်တိုင်ကြီးကြပ် ဆောင်ရွက်ပေးနေသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616