Main menu
HOT NEWS
adv

မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်းဥပဒေကို ရက် ၁ဝဝ အတွင်းအကောင်အထည်ဖော်နိုင်ရန် စီစဉ်နေဟုဆို

ရန်ကုန်၊ ဧပြီ ၂၆

မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်းဥပဒေကို ရက် ၁ဝဝ အတွင်းအကောင်အထည် ဖော်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာနမှ သိရသည်။ အဆိုပါ ဥပဒေကိုရက် ၁ဝဝ အတွင်း အကောင်အထည်ဖော်ဆောင် နိုင်စေရန်အတွက် ဥပဒေအပေါ် သဘောထားအမြင်များနှင့်အကြံပြုချက်များကို ခရီးသွားလုပ်ငန်းရှင်များ ထံတောင်းခံပြီး ရရှိလာမည့်အကြံ ပြုချက်များထဲမှလိုအပ်မှုများကိုထပ် မံဖြည့်စွက် ၍ ပြည်ထောင်စုလွှတ် သို့တင်ပြပြီး အတည်ပြုပြဋ္ဌာန်း အကောင်ထည်ဖော်ဆောင်နိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

Read more...

ဝက်ထီးကန်မြို့နယ် ချောင်းကျိုးကျေးရွာရှိ နှစ် ၁၅ဝခန့်ရှိ ရှေးဟောင်းစေတီပျက် တစ်ဆူအတွင်းမှ ရှေးဟောင်းဘုရား အဆူ ၂ဝ ကျော် ရှာဖွေတွေ့ရှိ

ရန်ကုန်၊ ဧပြီ ၂၆

ဝက်ထီးကန်မြို့ နယ် ချောင်းကျိုးကျေးရွာတွင်ရှိ သော နှစ်ပေါင်း ၁၅ဝ ကျော်ရှေး ဟောင်းစေတီပျက်တစ်ဆူ အတွင်း မှ ရှေးဟောင်းဘုရား ၂ဝ ကျော်ရှာ ဖွေတွေ့ရှိထားကြောင်း သိရသည်။ ပြည်မြို့၊ ပြည်ခရိုင်၊ ဝက်ထီး ကန်မြို့နယ်၊ ချောင်းကျိုးကျေးရွာ အနီးတွင်ရှိသော ရှေးဟောင်းစေတီ သုံးဆူအနက် ပျက်စီးမှုဖြစ်ပေါ်နေသည့်စေတီအတွင်းပိုင်းမှ အဆိုပါ ရှေးဟောင်းဘုရားများကို ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့မှ ၂၅ရက်အတွင်း ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း၊ ဥာဏ်တော်အမြင့် နှစ်လက်မနှင့် သုံးလက်မရှိဘုရား ၁၄ ဆူ ကိုဧပြီ ၂၂ ရက်နေ့ညနေခင်းအချိန်၌ စတင် တွေ့ရှိခဲ့ပြီး ဧပြီ ၂၃ ရက်တွင်မူ ဥာဏ်တော်အမြင့် ၁၄ လက်မရှိ ထိုင်တော်မူ ဘုရားဆင်းတုတော် တစ်ဆူ၊ ဘုရားအသေးသုံးဆူတို့အား ထပ်မံတွေ့ရှိခဲ့သည့်အပြင် ၂၅ ရက်နေ့၌လည်း ဘုရားလေးဆူ ထပ်မံတွေ့ရှိခဲ့သဖြင့် လက်ရှိအချိန် ဧပြီ ၂၅ ရက်နေ့အထိ ရှေးဟောင်း ဘုရား ၂၂ ဆူကို ရှာဖွေတွေ့ရှိထား ခြင်းဖြစ်ကြောင်း သိရသည်။

Read more...

လေပြင်းတိုက်ခတ်မှုကြောင့် မုံရွာ၊ ကနီ၊ ကလေးမြို့များရှိ သစ်ပင်ကြီးများလဲပြို လူတစ်ဦးနှင့် နွားနှစ်ကောင် မိုးကြိုးထိမှန်သေဆုံး

စစ်ကိုင်း၊ ဧပြီ ၂၆

စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း ကလေးမြို့ နှင့်အောက်ပိုင်း မုံရွာ၊ ကနီမြို့နယ်တွင် ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းက တိုက်ခတ်ခဲ့သော လေပြင်းကြောင့် လမ်းဘေးသစ်ပင်ကြီးများလဲပြို၍ လူတစ်ဦးနှင့်နွားနှစ်ကောင် မိုးကြိုး ထိမှန်သေဆုံးခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ရုံးမှ သိရသည်။ မုံရွာမြို့တွင် ညနေ ၃ နာရီအချိန်လေပြင်းတိုက်မှုကြောင့် ရွှေဇလုပ် ရပ်ကွက်အထွက် ဓာတ်ဆီဆိုင်တန်းရှိ ဆိုင်ခန်းအမှတ် (၂/၃) ပေါ်သို့ လူလေးယောက်ဖက်စာရှိ လက်ပံပင်ကြီးပြိုလဲကျခဲ့သည်။''ဆိုင်ထဲမှာမွေးကင်းစကလေးနဲ့လူခြောက်ယောက်ရှိတယ်၊ ပစ္စည်း တွေအားလုးံပျက်သွားပေမယ့်လူ တွေဘာမှမဖြစ်တာကံကောင်းတယ်'' ဟု ဓာတ်ဆီဆိုင်ပိုင် ရှင် ဦးကျော် လှိုင်က ပြောသည်။

Read more...

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်းခံ မြေဧက ၈ဝဝ ပြန်လည်ရရှိရေး ဆောင်ရွက်ပေးသူအား လွှတ်ပေးရန် ဒေသခံတို့ တောင်းဆို

မန္တလေး၊ ဧပြီ ၂၆

မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေ ကြည်ညောင်ပင်ကျေးရွာရှိ မြေဧက ၈ဝဝ အားပြန်လည်ရရှိရေး ဆောင်ရွက်ပေးသူ ကိုမျိုးဝင်းအား ပုဒ်မသုံးခုတပ် ဖမ်းဆီးထားခြင်းမှ လွှတ်ပေးရန်ဒေသခံ တို့တောင်း ဆိုခဲ့ကြောင်း သိရှိရသည်။   ဧပြီ ၂၅ ရက် နံနက် ၁ဝ နာရီ က ပုသိမ်ကြီးမြို့နယ်တရားရုံးနှင့်အထွေထွေအုပ်ချုပ်မှူးရုံးရှေ့တွင် ဒေသခံတောင်သူများက တောင်း ဆိုခဲ့ခြင်းဖြစ်သည်။  ''တောင်သူကိုကူညီနေတာပါ။  သူပုန်ကိုကူညီတာမဟုတ်ဘူး။ ခံစား နေရတာတွေ၊ ဆုံးရှုံးခဲ့တာတွေကို မားမားမတ်မတ်ရပ်တည်ပြီး ကူညီ ခဲ့တဲ့သူပါ။ ဒါကြောင့်လွှတ်ပေးဖို့ တောင်းဆိုတယ်။ လွတ်မြောက်ဖို့ ဆု တောင်းတယ်''ဟု တောင်းဆိုမှုတွင် ပါဝင်သူရေကြည်ကျေးရွာမှ မချိုက ပြောသည်။  

Read more...

မန္တလေးမြို့ ပြဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများကို ADB ဘဏ်က ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီးဆောင်ရွက်သွားမည်

မန္တလေး၊ ဧပြီ ၂၆

အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)မှ မန္တလေးမြို့ပြဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံကိန်းများကို ၂ဝ၂ဝ ပြည့်နှစ်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ADB ဘဏ်အကြံပေးအရာရှိ ဦးမန်းထွန်းထံမှ သိရှိရ သည်။ ''စီမံကိန်းများကို အပိုင်းသုံးပိုင်းခွဲကာ လုပ်ဆောင်သွားမှာဖြစ်တယ်။ ပထမလုပ်ဆောင်ရမယ့် ရည်ရွယ်ချက်၊ ဒုတိယစီမံကိန်းရေးဆွဲ ခြင်း၊ တတိယပိုင်းအကောင်အထည် ဖော်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ် သွားမြှာ ဖစ်ပါတယ်''ဟု ADB ဘဏ် အကြံပေးအရာရှိ ဦးမန်းထွန်းက ပြောသည်။  

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191