Main menu
HOT NEWS
adv

တာချီလိတ် ပုန်းထွန်ချောင်းကမ်းစပ် အပန်းဖြေစခန်းတွင် သင်္ကြန်ကာလအတွက် ဈေးဆိုင်ခန်းများ စတင်ဖွင့်လှစ်

တာချီလိတ်၊ မတ် ၁၇

သင်္ကြန် ကာလအတွက် ရှမ်းပြည်နယ်(အရှေ့ ပိုင်း) တာချီလိတ်မြို့နယ်၊ လွယ်တော် ခမ်းကျေးရွာအုပ်စုရှိ ပုန်းထွန်ချောင်း ကမ်းစပ်အပန်းဖြေစခန်းတွင် သင်္ကြန် ဈေးဆိုင်ခန်း ၄ဝ ခန့် ဖွင့်လှစ်ထား ပြီးဖြစ်ကြောင်း အပန်းဖြေစခန်းတာဝန်ရှိသူများထံမှသိရသည်။

Read more...

တက္ကသိုလ်ဝင်တန်း ပထဝီဘာသာရပ်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းသား ကျောင်းသူ ၅၆ဝဝဝ ကျော် ဝင်ရောက်ဖြေဆို၊ ပျက်ကွက်သူ ၄၇ဝဝဝ ခန့်ရှိ

ရန်ကုန်၊ မတ် ၁၇

တက္ကသိုလ်ဝင်တန်း ပထဝီဘာသာရပ်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းသား ကျောင်းသူ ၅၆ဝဝဝကျော် ဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရသည်။ မတ်၁၇ရက်တွင် ကျင်းပသော တက္ကသိုလ်ဝင်တန်း ပထဝီဘာသာ ရပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် စာရင်းရှိသူမှာ ၆ဝ၇၅၄ ဦးရှိပြီး လာရောက်ဖြေဆိုသူမှာ ၅၆ဝ၆ဝ ဦး ရှိကြောင်း ပျက်ကွက်သူမှာ ၄၆၉၄ ဦး ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှသိရသည်။

Read more...

ဗိုလ်ချုပ်ကြီးစောလားပွယ် ကွယ်လွန်သွားသော်လည်ီးုဗြ ခေါင်းဆောင်များ ငြိမ်းချမ်းရေးဆက်လက်ဆောင်ရွက်မည်ဟုယုံကြည်ကြောင်း ဦးအောင်မင်းပြော

ဒီမိုကရေစီအကျိုးပြုကရင် တပ်မတော်(DKBA)၏စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်သည် နာ တာရှည်လည်ချောင်းကင်ဆာရောဂါ ဖြင့် ကွယ်လွန်သွားခဲ့ပြီးဖြစ်သော်လည်း DKBA ခေါင်းဆောင်များအနေဖြင့် ဗိုလ်ချုပ်ကြီး စောလားပွယ်နှင့်အတူစုပေါင်းချမှတ်ခဲ့သောဆုံးဖြတ်ချက်များအတိုင်း မြန်မာနိုင်ငံ၏ငြိမ်းချမ်း ရေးဖြစ်စဉ်ကိုဆက်လက်ဆောင်ရွက်သွားမည်ဟုယုံကြည်ကြောင်း ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးဆိုင်ရာ လုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီး ဦး အောင်မင်းက ပြောကြားလိုက်သည်။

Read more...

ရခိုင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများ အလုပ်အကိုင်ရှားပါးမှုကြောင့် စားနပ်ရိက္ခာပြတ်မည့် အခြေအနေကြုံတွေ့နေရ

အရန်ကုန်၊ မတ် ၁၇

ရခိုင်စစ်ဘေး ရှောင်ပြည်သူများအား ပြည်နယ်အစိုးရမှ နေထိုင်ရေး စီစဉ်ပေးထားသော်လည်း လုပ်ကိုင်စားသောက်ရန် အလုပ်အကိုင်မရှိသောကြောင့် တစ်လအတွင်း ရိက္ခာပြတ်လပ်နိုင်သည်ဟု သိရသည်။ ခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦးမြို့နယ်များတွင် စစ်ဘေး ရှောင်သူများကို ပြည်နယ်အစိုးရက နေရာချထားပေးသော်လည်း ဒေသခံ ပြည်သူများမှာ ယခင်လုပ်ကိုင်နေခဲ့ သည့်တောင်ယာလုပ်ငန်းနှင့် အခြား သော လုပ်ငန်းများကို လုပ်ကိုင်ရာတွင် အခက်အခဲနှင့် ကြုံတွေ့နေရ ကြောင်း စစ်ရှောင်ပြည်သူများ၏ပြော ကြားချက်အရသိရသည်။

Read more...

ဦးပိန်တံတား ပြန်လည်ပြုပြင်မှုလုပ်ငန်းများ ယခုရက်ပိုင်းအတွင်း ဆောင်ရွက်မည်

အမရပူရ၊ မတ် ၁၇-မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ်ရှိ နှစ် ပေါင်း၁၆ဝကျော်သက်တမ်းရှိ ဦးပိန် တံတားကြီးကို  Myanmar Teak Wood   ကုမ္ပဏီမှ ယခုရက်ပိုင်းအ တွင်း ပြန်လည်ပြုပြင်မှုလုပ်ငန်း များ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သိရ သည်။ ''ဦးပိန်တံတားပြန်လည်ပြုပြင် မယ့်လုပ်ငန်းတွေကို ဒီရက်ပိုင်းအတွင်း မှာဆောင်ရွက်ဖို့ ပြောကြားထားပြီး ပါပြီ။ ယခင်ကမြန်မာမှုပညာရှင်တွေ၊ သမိုင်းပညာ ရှင်တွေ၊ ဒေသခံပြည် သူတွေနဲ့ ရှေးဟောင်းသုတေသနက တာဝန်ရှိသူတွေ အကြံပေးညှိနှိုင်း ထားတဲ့ ပုံစံအချက်အလက်တွေ အတိုင်းပြုပြင် သွားမှာပါ'' ဟု ရှေး ဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) ညွှန်ကြားရေးမှူးဦးညိုမြင့်ထွန်းက ပြောသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191