ရန်ကုန်၊ ဒီဇင်ဘာ ၇

 

ရန်ကုန်-စစ်တွေကားလမ်းတွင် ဒေသန္တရလက်လုပ်မိုင်းနှစ်လုံး ထောင်ထားသည်ကို တွေ့ ရှိခဲ့သဖြင့် အချိန်မီရှင်းလင်းနိုင်ခဲ့ကြောင်းသိရသည်။  ဖြစ်စဉ်မှာ ဒီဇင်ဘာ ၇ရက် နံနက် ၁၁နာရီခန့်တွင် မြောက်ဦးမြို့အဝင် ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ်-၁၁၃/၁ ဖာလုံကြားရှိ သံတံတား အမှတ်(၇/၁၁၂)၏ ထိပ်သံဘောင်အောက်၌ နှစ်ပင်လိမ်(နီ/နက်) ဝိုင်ယာကြိုးဖြင့် ဘက်ထရီအိုးကို သွယ်တန်းထားသော မသင်္ကာဖွယ်ရာမိုင်းဟု ယူဆရသည့် ပစ္စည်းနှစ်ခုတွေ့ရှိခဲ့ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနထံမှသိရသည်။

ဗန်းမော်၊ ဒီဇင်ဘာ ၆

 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် မြစ် ကြောင်းအတွင်း ရွှေလုပ်ငန်းလုပ်ကိုင်နေသည့် တရားမဝင်ရွှေဖောင်များ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ ဗန်းမော်မြို့နယ်၊ ဧရာဝတီ မြစ်ကြောင်းအတွင်း တရားမဝင် ရွှေလုပ်ကိုင်နေမှုများရှိနေကြောင်း သတင်းအရ တာဝန်ရှိသူများ သွား ရောက်ရှင်းလင်းခဲ့ရာ ဒီဇင်ဘာ ၄ ရက် ညနေ ၅ နာရီခန့်မှ ဒီဇင်ဘာ ၆ ရက် နံနက် ၁၁ နာရီအထိ သဖန်းပင်ကျေးရွာအနီး ခန့်မှန်း မြေပုံအညွှန်း (LG-107946)နေရာ၌ ဧရာဝတီမြစ်ကြောင်းအတွင်း ရွှေလုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုမည့် ရွှေဖောင်ရှစ်စင်းနှင့် ရွှေလုပ်ငန်းလုပ်ကိုင်ရန် ပြင်ဆင် နေသည့် ရွှေဖောင်ခုနစ်စင်း၊ စုစု ပေါင်း ၁၅ စင်းတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

စစ်ကိုင်း၊ ဒီဇင်ဘာ ၆

 

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ် အထက်ပိုင်း မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသတွင် မွန်ဂိုလီးယားနိုင်ငံမှ အမဲလိုက်လင်းယုန်တစ်ကောင်ဟု ယူဆရသော လင်းယုန်တစ်ကောင်ကို ရွာခံများက ဒီဇင်ဘာ ၅ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မင်းကင်းဒေသခံများထံမှသိရသည်။ 

ရန်ကုန်၊ ဒီဇင်ဘာ ၆

 

မန္တလေး မြို့စည်ပင်သာယာနယ်နိမိတ်အတွင်းတွင် လူနေထိုင်ခြင်းမရှိဘဲ ဂရန်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ထားခြင်းမရှိသည့်အကွက် ကျယ်(ဧက)မြေကွက်များကို အစိုးရ မြေအဖြစ် ပြန်လည်သိမ်းယူမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါမြေကွက်အမျိုးအစားများကို ကွင်းဆင်းစစ်ဆေးစာရင်း ကောက်ခံပြီး မည်သည့်အကွက်အရွယ်အမျိုးအစားကိုမဆို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ စိစစ်တင် ပြပြီး အစိုးရမြေအဖြစ် ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်တွင် ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီးလွှတ် တော်အစည်းအဝေးမှ မန္တလေးတိုင်း ဒေသကြီးစည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန်ဒေါက်တာရဲလွင် ၏ပြောကြားချက်အရသိရသည်။

ချောက်၊ ဒီဇင်ဘာ ၅- မကွေးတိုင်း ဒေသကြီးချောက်မြို့နယ်တွင် ဒီဇင် ဘာ ၅ ရက်နံနက်ပိုင်းက ချောက် ရေနံမြေမှပိုက်လိုင်းဖြင့် ရေကြောင်း ဆီတွဲသို့တင်ပို့သော ရေနံအဖွင့်အ ပိတ်ဘားပွင့်ထွက်၍ ရေနံပေါက် ထွက်မှုဖြစ်ပွားခဲ့သည်ဟုသိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၅- မှတ်တိုင် တွင် ခရီးသည်အတင်အချလုပ် နေသော YBS ၃၆ ယာဉ်ကို YBS ၁၂ ယာဉ်က နောက်မှဝင်တိုက် မိမှုဖြစ်ပွားခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၅-ထောက် ကြန့်လမ်းဆုံအနီး လမင်းသာ(၂) စားသောက်ဆိုင်တွင်ဖြစ်ပွားခဲ့ သောသံဃာတစ်ပါးအား ရိုက်နှက် သည့်ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ နောက်တစ်ဦးမှာ လူဝတ်လဲထား သည့် သံဃာတစ်ပါး ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

စစ်ကိုင်း၊ ဒီဇင်ဘာ ၎

 

နှစ်စဉ် နတ်တော်လပြည့်နေ့ညတွင် စစ်ကိုင်းမြို့ ထားဝယ်ဈေးရပ် ဝေဠုဝန်ငါးထပ်ကြီးဘုရားရှေ့လမ်းမတန်း၌ မုန့်ပေါင်းပွဲဈေးတန်းကို အစဉ်အလာမပျက်ခင်းကျင်း ရောင်းချရာ ယခုနှစ်တွင် လပြည့် ကျော် ၁ ရက်(ဒီဇင်ဘာ ၃ ရက်၊ ၄ ရက်)ညများတွင်ပါ ဆက်လက်ခင်း ကျင်းရောင်းချကြောင်းသိရသည်။

Page 3 of 30