မြဝတီ၊ အောက်တိုဘာ ၁၅

 

ကရင် ပြည်နယ် မြဝတီမြို့တွင် တရားခံပြေးတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

 

စစ်ကိုင်း၊ အောက်တိုဘာ ၁၄

 

စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက် အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းရှေ့မျက်နှာစာတိုက်တန်း အခန်း(----)တွင် ဖွင့်လှစ်ထားသည့် FIVE STAR  ကြက်ကင်ဆိုင်မှ စတင်၍ အောက်တိုဘာ ၁၄ ရက် နံနက် ၁ဝ နာရီ ၅ မိနစ်က မီး လောင်မှုဖြစ်ပွားကြောင်း သိရ သည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၄

 

ကား မောင်းလာသူကို အမျိုးသားတစ်ဦးက ဆိုင်ကယ်ပေါ်မှ သေနတ်ဖြင့် အနီးကပ်လုပ်ကြံပစ်ခတ်ပြီး ထွက် ပြေးတိမ်းရှောင်သွားခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှသိရသည်။ 

 

တာချီလိတ်၊ အောက်တိုဘာ ၁၄

 

ရှမ်း ပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ် မြို့၊ မြန်မာ-ထိုင်းချစ်ကြည်ရေး တံတား၌ တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားကို ထိုင်းနိုင်ငံ တာဝန်ရှိသူများထံ အောက်တိုဘာ ၁၃ ရက် နံနက် ပိုင်းက ပြည်နှင်လွှဲပြောင်းပေးခဲ့ ကြောင်း လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲ (၆)မှ သိရသည်။

 

နေပြည်တော်၊ အောက်တိုဘာ ၁၃

 

မိုင်းကိုင်မြို့နယ်အတွင်း တရားမဝင်သယ်ဆောင်လာသော ဆာလဖျူရစ်အက်စစ်များ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အောက်တိုဘာ ၁၃ရက်က သတင်းထုတ်ပြန်ခဲ့သည်။

 

ကန့်ဘလူ၊ အောက်တိုဘာ ၁၃

 

ရွှေဘို-မြစ်ကြီးနားပြည်ထောင်စု လမ်းမကြီးပေါ်တွင် အောင်ရတနာကားသင်းမှ မြောက်မှတောင်သို့ မောင်းလာသည့် ခရီးသည်တင်ယာဉ်အား နောက်ကားမှဝင်တိုက်ရာ ကားနှစ်စီးစလုံး လမ်းဘေးထိုးကျမှုဖြစ်ပွားကြောင်း သိရသည်။

 

မုံရွာ၊ အောက်တိုဘာ ၁၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ စစ်ပင်ရပ်ကွက်၊ အောင်ဆိပ်သာနယ် မြေရှိ ချင်းတွင်းမြစ်ကမ်းပါးထိန်း ကျောက်စီနံရံ အလျားပေ ၁ဝဝခန့်သည် အောက်တိုဘာ ၁၂ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အောက်သို့ သုံးပေခန့်လျှော၍ နိမ့်ကျွံကျသွားကြောင်း ရပ်ကွက်နေ ပြည်သူများထံမှသိရသည်။

 

 

မန္တလေး၊ အောက်တိုဘာ ၁၂- မန္တလေးမြို့တွင် အောက်တိုဘာ ၁၁ ရက် ညပိုင်းနှင့် ၁၂ ရက် နံနက်ပိုင်းအထိ မိုးရေချိန်လက်မ ၅ ဒသမ ၁၆ ဖြင့် စံချိန်ချိုးရွာသွန်း ခဲ့သောကြောင့်မြို့တွင်းလမ်းများ နှင့်အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်နစ်မြုပ်မှု များကြုံတွေ့ခဲ့ ကြောင်း သိရသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်ခန့်မှန်းချက်များအ ရ အောက်တိုဘာ ၁၂ ရက်တွင် ရာနှုန်းပြည့်မိုးတစ်ကြိမ်/နှစ်ကြိမ် ရွာသွန်းရန်ရှိကြောင်း ကြေညာ ထားပြီး နိုင်ငံတကာမိုးလေဝသ သတင်းများ အရ လည်း အောက် တိုဘာ ၁၁ ရက် နံနက်ပိုင်းမှစတင် ပြီး မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းသို့ မုန်တိုင်းတစ်ခု TD Twnty three ဖြတ်သန်းမည် ဟုဖော်ပြထားသည်။

Page 4 of 11