Main menu
HOT NEWS
adv

မူလတန်းလွန်ကျောင်း ပျက်စီး ယိုယွင်းနေခြင်းကြောင့် ကျောင်းသားများ အတွက် မိဘများ စိုးရိမ်နေ

ပုသိမ်

ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့နယ် လက်ပံစု(နောက်) မူလတန်းလွန်ကျောင်းသည် ပျက်စီးယိုယွင်းမှုများစွာ ဖြစ်ပေါ်နေခြင်းကြောင့် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ကျောင်းတက်ရမည့် ကျောင်းသားများအတွက် ကျောင်းသားမိဘများ စိုးရိမ်နေကြေ ကြာင်း ကျောင်းသားမိဘများထံမှ သိရသည်။

Read more...

သဘာဝ သုံးထပ်ရေတံခွန်သို့ မိသားစုအလိုက် ရေကစားနိုင်ရန် ဝင်ကြေးကို အခမဲ့အဖြစ် သတ်မှတ်ဖွင့်လှစ်

မန္တလေး၊ ဧပြီ ၂၁

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် မန်ကျည်းအင်း ကျေးရွာအနီးရှိ ဆယ်မိုင်ခန့် ဝင်ရောက်သွားရသည့် သဘာဝသုံးထပ်ရေတံခွန်သို့ မိသားစုအလိုက် အပန်းဖြေခရီးအဖြစ် လာရောက်နိုင်ရန် ယခုနှစ်သင်္ကြန်ကာလအတွင်းမှ စတင်ဖွင့်လှစ်ခဲ့ပြီး ဝင်ကြေးကိုလည်း အခမဲ့စီစဉ်ထား ကြောင်းသိရသည်။

Read more...

စစ်ကိုင်းတိုင်းတွင် သင်္ကြန်ကာလအတွင်း တရားမဝင် သစ်တန်ချိန် ၂ဝဝ နီးပါးဖမ်းမိ၊ ကသာခရိုင်တွင် တရားမဝင် သစ်ခိုးထုတ်မှု အများဆုံးဖြစ်နေ ဟုဆို

ရန်ကုန်၊ ဧပြီ ၂၁

စစ်ကိုင်းတိုင်း ဒေသကြီးတွင် သင်္ကြန်ကာလအတွင်း တရားမဝင်သစ်တန်ချိန် ၂ဝဝ နီးပါး ဖမ်းဆီးရမိခဲ့ပြီး ကသာခရိုင်သည် တရားမဝင်သစ်ခိုးထုတ်မှုအများဆုံး ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေး မှူးရုံးမှ ဧပြီ ၂၁ ရက်ကသိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးတစ်ခု လုံးတွင် သင်္ကြန်အကြိုနေ့မှနှစ်ဆန်း တစ်ရက်အထိ တရားမဝင်သစ်တန် ချိန် ၁၈၈ တန်ကျော်၊ ကားခုနစ်စီး၊ သစ်စက်ငါးလုံးနှင့်အတူ တရားခံလေး ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Read more...

မော်လမြိုင်-ချောင်းဆုံမြစ်ကူးတံတား မေလ ပထမပတ်အတွင်း ဖွင့်လှစ်နိုင်မည်၊ တံတားအမည်ကို ဝန်ကြီးချုပ် ထုတ်မပြော

ရန်ကုန်၊ ဧပြီ ၂၁

မော်လမြိုင်-ချောင်းဆုံ မြစ်ကူးတံတားကို မေလ ပထမပတ်အတွင်း ဖွင့်လှစ်သွားနိုင်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန် ကြီးချုပ်ဒေါက်တာအေးဇံကပြောသည်။ ဧပြီ ၁၉ ရက်ကပြုလုပ်သော မီဒီယာများနှင့်တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ''တံတားကတော့ပြီးနေပါပြီ။ ဧပြီ ၂၅ ရက်၊ ၂၆ ရက်၊ ၂၇ ရက်တွေမှာ တံတားခံနိုင်ဝန်ကိုစစ်ဆေးပြီး မေလပထမပတ်လောက်မှာ တံတား ဖွင့်ပွဲကျင်းပနိုင်လိမ့်မယ်လို့ထင်ပါတယ်''ဟုဒေါက်တာအေးဇံကပြောသည်။ တံတားဖွင့်လှစ်ရာတွင် မည်သည့်နာမည်ပေးမည်ကို မီဒီယာများ ကမေးမြန်းရာ ဝန်ကြီးချုပ်ကပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

Read more...

မြိုင်ကြီးငူ စစ်ဘေးရှောင် စခန်းတွင် စားနပ်ရိက္ခာ ပြတ်လပ်၊ ဆန်တစ်မျိုးတည်းသာ ကျန်ရှိတော့ကြောင်း သိရ

ဧပြီ ၂၀ 

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသတွင် ယခင်နှစ် သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့သည့် မဲ့သဝေါဒေသတိုက်ပွဲကြောင့် စစ်ဘေးရှောင်ကာ လာရောက်ခိုလှုံနေကြသည့် ဒေသခံပြည်သူ ၅,၀၀၀ထောင်ကျော်မှာ ဧပြီလမှစ၍ စားနပ်ရိက္ခာများ ပြတ်လပ်မှုနှင့် စတင်ကြုံတွေ့နေရကာ လက်ရှိ စစ်ဘေးရှောင်စခန်းတွင် ဆန်တစ်မျိုးတည်းသာ ကျန်ရှိသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616