ဆားလင်းကြီး

 

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ဒေသရှိ ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေသည့် ကြေးနီ စီမံကိန်းလုပ်ကိုင်ရန် သိမ်းဆည်းထားသည့် မြေဧက ၇ဝဝဝ ကျော်ရှိကြောင်းသိရသည်။ ယင်းသိမ်းဆည်းမြေများအနက် စီမံကိန်းလုပ်ကိုင်ရာတွင် မပါဝင်သော ပိုလျှံမြေဧက ၁၉ဝဝ အား လက်ပံတောင်းဒေသခံများမှ ၎င်းတို့လုပ်ကိုင်စားသောက်ရန် ပြန်လည်ရရှိ လိုသဖြင့် အောက်တိုဘာ ၉ ရက် ညနေပိုင်းက သပိတ်စခန်းဖွင့်လှစ်၍ ဆန္ဒထုတ်ဖော် နေခြင်းဖြစ်ကြောင်း တုန်တောချောင်းရွာမှ မစန်းနွဲ့က ပြောသည်။

 

ပဲခူး

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် သစ်တောဝန်ကြီး ဦးကျော်မင်းစံ နုတ်ထွက်ပေးရေးအတွက် ပြည်သူအင်အား ၅ဝ ခန့်မှ ငြိမ်းချမ်းစွာ စုဝေးလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။ စုဝေးလှည့်လည်ခြင်းအား အောက်တိုဘာ ၁ဝ ရက်က ရွှေမော်ဓောဘုရားအနောက်ဘက်မုခ်မှ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့အထိ ချီတက်လမ်းလျှောက်ကာ ကြွေးကြော်သံများ၊ ဗီနိုင်းပိုစတာများဖြင့် လှည့်လည်၍ ငြိမ်ချမ်းစွာ စုဝေးလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ပြီး အနီရောင်ဗွီနိုင်းပိုစတာပေါ်တွင် အဖြူရောင်စာလုံးဖြင့် ''အများပြည်သူအတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိ ပြည်သူ့မျက်နှာ လှည့်မကြည့်သော ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် သစ်တောဝန်ကြီး ဦးကျော်မင်းစံ ဂုဏ်သိက္ခာရှိရှိ နုတ်ထွက်ပေးရေး စာသားပါသောဗီနိုင်းအား ကိုင်ဆောင်ကာ ''တရားဥပဒေ စိုးမိုးရေး'' ''မတရားသိမ်းဆည်းခံရသောလယ်မြေများ ပြန်လည်ရရှိရေး'' ပဲခူးတိုင်းဒေသကြီးအတွင်း နေထိုင်ကြသော အများ ပြည်သူများကို ဘာမှမလုပ်ပေးနိုင်စွမ်းမရှိ သော ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် သစ်တောဝန်ကြီး ဦးကျော်မင်းစံ နုတ်ထွက်ပေးရေးပါဝင်သော စာသားများ၊ ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။

 

 

ရန်ကုန်

 

မကွေးမြို့မရဲစခန်းမှ အချုပ်သားခြောက်ဦး ထွက်ပြေးလွတ်မြောက်နေသည် ဆိုသည့်သတင်းမှာ မှန်ကန်ကြောင်း မကွေးမြို့မရဲစခန်းမှ အတည်ပြုခဲ့သည်။ အဆိုပါရဲစခန်းမှ အချုပ်သားခြောက်ဦးမှာ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်း ၃ နာရီ ၇ မိနစ် ၄၄ စက္ကန့်တွင် အချုပ်ခန်းဖောက်ကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

 

မြဝတီ၊ အောက်တိုဘာ ၁ဝ

 

ကရင်ပြည်နယ် မြဝတီမြို့တွင် မူးယစ် ဆေးဝါးအမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးတစ်ဦး အား မူးယစ်ဆေးဝါးများနှင့်အတူ မူးယစ်တပ်ဖွဲ့စုမှ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

 

လွယ်ဂျယ်၊ အောက်တိုဘာ ၁ဝ

 

တရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားနှစ်ဦးအား အောက်တိုဘာ ၁ဝရက် နံနက် ၁ဝနာရီက ကချင် ပြည်နယ် လွယ်ဂျယ်မြို့၌ လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။

 

ပဲခူး၊ အောက်တိုဘာ ၁ဝ

 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ချုပ်နှင့် တိုင်းဒေသကြီး သစ်တောဝန်ကြီး နုတ်ထွက်ပေးရေးအတွက် ပြည်သူအင်အား ၅ဝ ခန့်သည် အောက်တိုဘာ ၁ဝ ရက်နံနက် ၁ဝ နာရီမှ စတင်၍ပဲခူးမြို့၌ ငြိမ်းချမ်းစွာစု ဝေးလှည့်လည်ဆန္ဒထုတ် ဖော်ခဲ့သည်။

 

သင်္ဃန်းညီနောင်၊ အောက်တိုဘာ ၉

 

ကရင်ပြည်နယ် မြဝတီမြို့နှင့် ကိုးမိုင်ခန့်အကွာ သင်္ဃန်းညီနောင် ရဲစခန်းအပိုင်၌ မူးယစ်ဆေးဝါးဖြန့် ဖြူးရောင်းချရာတွင် အသုံးပြုသည့် ယာဉ်တစ်စီးနှင့်အတူ ဖြန့်ဖြူးရောင်း ချနေသူတစ်ဦးကို ပူးပေါင်းအဖွဲ့ က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ပဲနွယ်ကုန်း၊ အောက်တိုဘာ ၉

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ နယ် ပဲနွယ်ကုန်းမြို့၊ ရန်ကုန်-မန္တ လေးကားလမ်းဟောင်းတွင် ယာဉ်တစ်စီး အရှိန်မထန်းနိုင်ဘဲ တိမ်း မှောက်မှုဖြစ်ပွားကြောင်း သိရသည်။

 

Page 4 of 11