Main menu
HOT NEWS
adv

ပဲပြားတချို့တွင် ဖော်မလင် သုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိနေရဆဲဖြစ်၊ ထုတ်လုပ်ရောင်းချသူများကို ဖော်ထုတ် အရေးယူသွားမည် ဟုဆို

မန္တလေး၊ ဇွန် ၁၆

မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိဈေးများအားလုံးတွင် ရောင်းချလျက်ရှိသော ငါးပိများတွင် ဆိုးဆေးပါဝင်မှုမှာ သုညရာခိုင်နှုန်းအထိကျဆင်းလာသော်လည်း ပဲပြားတချို့တွင် ဖော်မလင်သုံးစွဲပြုလုပ်ထားခြင်းကို စစ်ဆေး တွေ့ရှိရဆဲဖြစ်သောကြောင့် ထုတ်လုပ်သူများကိုစုံစမ်းဖော်ထုတ်ကာထိရောက်စွာ အရေးယူသွားမည်ဖြစ် ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှသိရသည်။ 

Read more...

ရတနာပုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းကား သုံးစီး ဇွန် ၁၉ ရက်မှ စတင် စမ်းသပ်ပြေးဆွဲမည်

မန္တလေး၊ ဇွန် ၁၆

ရတနာပုံတက္ကသိုလ်ကျောင်းသားကျောင်းသူများအတွက် ဈေးနှုန်းသင့်တင့်လုံခြုံစိတ်ချစွာဖြင့် စီးနိုင်မည့် ကျောင်းကားပြေးဆွဲခြင်းအစီအစဉ်ကို ဇွန် ၁၉ ရက်မှစတင်၍ စမ်းသပ်ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။ ''လမ်းကြောင်းတစ်ကြောင်းတည်းကို ကျောင်းကားသုံးစီးနဲ့ ကနဦးစမ်းသပ်ပြေးဆွဲပေးသွားမှာပါ။ မန္တလေးတက္ကသိုလ်ကနေ ရတနာပုံတက္ကသိုလ်ထိ လမ်းကြောင်းသတ် မှတ်ထားပါတယ်။ လမ်းကြောင်းပေါ်က အနီးစပ်ဆုံးနေရာတွေကလည်း စောင့်ပြီးစီးလို့ရပါတယ်။ လက်ရှိယာဉ်စီးခက တစ်လကိုကျပ်တစ် သောင်းခွဲလောက်တော့ကျသင့်မှာပါ။ စမ်းသပ်ကာလပြီးနောက်ပိုင်း ဈေးနှုန်းအပြောင်းအလဲရှိနိုင်သလို လပေးအစီအစဉ်လည်းရှိနိုင်ပါတယ်''ဟု ရတနာပုံကျောင်းသားသမဂ္ဂ (ရ.တ.က.သ)အလုပ်အမှုဆောင် ကိုဇေလင်းမောင်က ဇွန် ၁၆ ရက်တွင် ပြောကြားသည်။

Read more...

မိုးရေ တိုက်စားခြင်းကြောင့် ပျက်စီးခဲ့သည့် အမ်းမြို့ရှိ ရန်ကုန်-စစ်တွေ လမ်းပိုင်းကို ယာယီပြင်ဆင်ပြီးစီး၊ ခရီးသည်တင်ယာဉ်များကို စတင်ဖြတ်သန်းသွားလာခွင့်ပြု

ရန်ကုန်၊ ဇွန် ၁၅

မိုးရေတိုက်စားခြင်းကြောင့် ပျက်စီးသွားသည့် အမ်းမြို့ နယ်ရှိ ရန်ကုန်-စစ်တွေလမ်းပိုင်းကို ယာယီပြင်ဆင်ပြီး၊ ယာဉ်များကို ဇွန် ၁၅ ရက် နံနက်ပိုင်းမှစတင်ကာဖြတ် သန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အမ်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ ဇွန် ၁၅ ရက်နံနက်ပိုင်းက အဆိုပါပျက်စီးသွားသည့်လမ်းအပိုင်းတွင်ရောက်ရှိနေသည့် ခရီးသည်တင်ယာဉ်များနှင့်ပိသာချိန် ၃ဝဝဝ အောက်ကုန်တင်ယာဉ်များကိုဖြတ်သန်းခွင့်ပြုခဲ့သော်လည်း ၂၂ ဘီးယာဉ်ကြီးများကို ရပ်နားထားဆဲဖြစ် ကြောင်းသိရသည်။

Read more...

ကလေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား FDA မှ လိုက်လံစစ်ဆေးရာ တရားမဝင် လိုင်စင်မဲ့ နိုင်ငံခြားဆေးများနှင့် စပ်ဆေးအချို့ သိမ်းဆည်းရမိ

ကလေး၊ ဇွန် ၁၅

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးခရိုင်အစားအ သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) နှင့် သက်ဆိုင်ရာဌာန ဆိုင်ရာဝန်ထမ်းများပါဝင်သော ပူး ပေါင်းအဖွဲ့သည် ဇွန် ၁၄ ရက်က ကလေးမြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်၌ တရား မဝင်လိုင်စင်မဲ့ဆေးရောင်းချမှုနှင့် ရက်လွန်ဆေးဝါးများရောင်းချနေမှု ရှိ၊ မရှိကို စစ်ဆေးခဲ့ရာ ဆေးဆိုင် သုံးဆိုင်မှ တရားမဝင်ဆေးအမျိုးအ စား ၅ဝခန့်ရောင်းချနေမှုကိုတွေ့ရှိခဲ့ ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

Read more...

မုံရွာ ညဈေးတန်း ရွှေ့ပြောင်းမည့် နေရာတွင် ယခင်နေရာထက် ဆိုင်ခန်းများ နှစ်ဆနီးပါး တိုးလာမည် ဟုဆို

စစ်ကိုင်း၊ ဇွန် ၁၅

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသော ညဈေးတန်းကို ဇွန် ၂ဝ ရက်တွင် နေရာသစ်သို့ ရွှေ့ပြောင်းမည်ဖြစ်ပြီး အဆိုပါ နေရာတွင် ဆိုင်ခန်းအရေအတွက်မှာ မူလဆိုင်ခန်းထက် နှစ်ဆနီးပါးတိုးလာမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှသိရသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616