Main menu
HOT NEWS
adv

မြဝတီမြို့ ၌ မြို့အဝင် မုခ်ဦးနှင့် ဘုရင့်နောင်ရုပ်တုကြီး တည်ဆောက်သွားမည် ဟုဆို

မြဝတီ၊ စက်တင်ဘာ ၅

ကရင် ပြည်နယ် မြဝတီမြို့တွင် မြို့အဝင် မုခ်ဦးနှင့်ဘုရင့်နောင်ရုပ်တုကြီးအား စည်ပင်ကော်မတီဥက္ကဋ္ဌမှ ဦးဆောင် ၍ ယခုနှစ်ကုန်ပိုင်းမှ စတင်ကာ ခမ်းနားစွာတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။ ''ကျွန်တော်တို့ မြဝတီမြို့က နယ်စပ်မြို့ဖြစ်တော့ နိုင်ငံခြားသား တွေ အမြဲတမ်းဝင်ထွက်နေကြ တယ်။ ပြီးတော့ မြန်မာပြည်အရပ် ရပ်က ဘုရားဖူးကားတွေလည်း အများကြီးလာကြတယ်။ ဒီတော့ နယ်စပ်မြို့ပီပီ မြို့အင်္ဂါရပ်နဲ့ညီ အောင် ဆောင်ရွက်သွားရမှာဖြစ် တာကြောင့် ခေတ်မီလှပတဲ့မုခ်ဦး ကြီးနဲ့တကွ ဘုရင့်နောင်ရုပ်တုကြီး ကိုပါ တည်ဆောက်သွားမှာပါ။ မြ ဝတီမြို့မှာ မကြာခင်အမှတ်(၂) ချစ်ကြည်ရေးတံတားကြီးလည်း ဖွင့်လှစ်နိုင်တော့မှာဖြစ်တဲ့အတွက် ယခင်ကထက်ပိုမိုစည်ကားလာ တော့မှာဖြစ်ပါတယ်''ဟု မြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌဦးသန်းရွှေ က ပြောကြားသည်။

Read more...

မီးဘေး ကာကွယ်မှုပိုင်း ပေါ့ဆမှုရှိ၍ တိုင်ကြားမှုခံရသည့် စက်သုံးဆီဆိုင်များကို ရှောင်တခင် စစ်ဆေးအရေးယူသွားမည်

မန္တလေး၊ စက်တင်ဘာ ၅

မန္တ လေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း ဖွင့်လှစ်လျက်ရှိသည့် စက်သုံးဆီအရောင်း ဆိုင်များတွင် မီးဘေးအန္တရာယ် ကြို တင်ကာကွယ်မှုပိုင်းနှင့် ပတ်သက် ၍ဆောင်ရွက်ထားမှုများကို မြို့နယ် အလိုက် ကွင်းဆင်းစစ်ဆေးလျက်ရှိရာ ကြိုတင်ကာကွယ်မှုပိုင်းအတွက် ပေါ့ဆမှုရှိနေကြောင်း အများပြည် သူ၏ တိုင်ကြားခြင်းခံရသော ဆိုင် များကို ရှောင်တခင် ပြန်လည်ဝင် ရောက် စစ်ဆေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦး စီးဌာနမှ သိရသည်။ 

Read more...

စစ်တွေတွင် ဖွင့်ထားသည့် ဒုက္ခသည်စခန်း ၂ဝ မှ ကျောင်းသားများ နီးစပ်ရာကျောင်းများတွင် တက်နိုင်

ရန်ကုန်၊ စက်တင်ဘာ ၅

စစ်တွေ မြို့နယ်တွင်ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်း ၂ဝတွင် နေထိုင်လျက် ရှိသော ကျောင်းသားကျောင်းသူများကို နီးစပ်ရာအခြေခံပညာကျောင်းများ၌ စက်တင်ဘာ ၆ရက်က စတင်တက်ရောက်နိုင်ရန် စီစဉ်ပေးလိုက် ပြီဖြစ်ကြောင်းသိရသည်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မောင်တောဒေသများတွင် ARSA အကြမ်းဖက်သမားများက ရဲကင်း စခန်းများကိုတိုက်ခိုက်ခြင်း၊ ကျေးရွာ များတွင်မီးရှို့ဖျက်ဆီးခြင်း၊ လူသတ် ခြင်းများကိုပြုလုပ်ခဲ့ရာ အကြမ်းဖက် သမားများ၏အန္တရာယ်မှ ဘေးကင်း ရာသို့ ထွက်ပြေးတိမ်းရှောင်လာသော တိုင်းရင်းသားဒေသခံများ နေထိုင် ရန် စစ်တွေမြို့တွင် ဒုက္ခသည်စခန်း အခု၂ဝဖွင့်လှစ်ပေးထားရာ အဆို ပါစခန်းများတွင် နေထိုင်လျက်ရှိသော သူများထဲတွင် ကျောင်းသားကျောင်း သူများပါဝင်နေရာ ယင်းတို့ကိုနီးစပ် ရာ အခြေခံပညာကျောင်းများတွင် စက်တင်ဘာ ၆ရက်တွင် စတင်တက် ရောက်နိုင်ရန် ရခိုင်ပြည်နယ်ပညာ ရေးမှူးရုံးအနေဖြင့် စီစဉ်ပေးထား ပြီးဖြစ်ကြောင်း ယင်းပညာရေးမှူး ရုံးမှ သိရသည်။

Read more...

တနင်္သာရီမြို့တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

တနင်္သာရီ၊ စက်တင်ဘာ ၎

မြိတ်ခရိုင် တနင်္သာရီမြို့နယ် တမုတ်ချုံး ကျေးရွာအုပ်စု ရှမ်းအင်းတော် ကျေးရွာရှိ လူနေအိမ်တစ်လုံးတွင် WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြားများကို ဖမ်းဆီးရမိခဲ့ ကြောင်း တနင်္သာရီမြို့မရဲစခန်းရုံးထံမှ သိရသည်။

Read more...

ချင်းပြည်နယ် လွှတ်တော်ရုံးသစ်ကို ယခုဘဏ္ဍာနှစ်အတွင်း အပြီး တည်ဆောက်သွားမည်

ဟားခါး၊ စက်တင်ဘာ ၎

ချင်းပြည်နယ် ဟားခါးမြို့တွင် ပြည်နယ် လွှတ်တော်ရုံးသစ်ကို ၂ဝ၁၇-၂ဝ၁၈ ခုနှစ် ဘဏ္ဍာနှစ်အပြီးတည်ဆောက်သွားမည်ဖြစ်သည့်အတွက် တည် ဆောက်မှုလုပ်ငန်းများစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ လွှတ်တော်ရုံးသစ်ကို ဟားခါးမြို့ ဈေးသစ်ရပ်ကွက်ရှိ အဆောက်အအုံမြေနေရာ၌ စ တင်တည်ဆောက်နေခြင်းဖြစ်ပြီး ပြည်နယ်လွှတ်တော်ရုံးပုံစံကို တစ်နိုင်ငံလုံးရှိ လွှတ်တော်များနှင့်မတူ ထူးခြားအောင် ထိပ်ပိုင်းနှင့်အခြား အစိတ်အပိုင်းများကို အမေရိကန်နိုင်ငံရှိ လွှတ်တော်ပုံစံအတိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီဇိုင်းထုတ်ကာ တည်ဆောက်သွားမည်ဖြစ် ကြောင်းနှင့် ဆောက်လုပ်ရေးပိုင်းကို ပြည်တွင်းရှိ ပညာရှင်များဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲက ပြောကြားသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191