မုံရွာ

 

မျိုးသုဉ်းလုနီးပါးအန္တရာယ်ဖြင့် ရင်ဆိုင်နေရသော ဧရာဝတီရေချိုလင်းပိုင်များ ရှင်သန်ပေါက်ပွားနိုင်ရေး မလယ်နှင့် ရွှေကူကြားတွင် လင်းပိုင်ထိန်းသိမ်း ရေးနယ်မြေတစ်ခု ထပ်မံတိုးချဲ့သတ်မှတ်နိုင်ရေး ကြိုးပမ်းနေကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS- Myanmar) မှ ဒုစီမံကိန်းမန်နေဂျာ ဦးကျော်လှသိန်း က ပြောသည်။

တန့်ဆည်

 

အတိတ်ကာလက ဆုတောင်းစား ကျေးရွာဟု ဘေးပတ်ဝန်းကျင်ရွာများက ခေါ် ဝေါ်သမုတ်ခြင်းခံခဲ့ရကာ ယခုအချိန်အထိ ၎င်းပတ်ဝန်းကျင်ရွာများ၏ ပစ်ပယ်ခြင်းကို ခံနေရ သေးသည့် တန့်ဆည်မြို့နယ်အတွင်းရှိ ''အောင် မင်္ဂလာ''ကျေးရွာအား အောက်တိုဘာ ၂ ရက် က စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ အရပ်ဘက် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(မုံရွာ)တို့ ပူးပေါင်း၍ စိတ်ခွန်အားဖြစ်စေမည့် လူ့အခွင့် အရေးအကြောင်းအရာများ၊ လူ့အသိုင်းအ ဝိုင်းတွင် နေထိုင်နေစဉ်အတွင်း ခွန်အားဖြစ် စေမည့် ပညာပေးစကားများ၊ ဝိုင်းဝန်းနှစ်သိမ့် အားပေးစကားများ ပြောကြားပြီး ¤င်းအဖွဲ့ အစည်းများမှ လှူဒါန်းငွေ ကျပ် ၁၂ သိန်း စာအုပ်စာရေးကိရိယာများနှင့် ခေါက်ဆွဲခြောက် ထုပ်များကို အဆိုပါကျေးရွာအား လှူဒါန်းခဲ့ ကြောင်း သိရသည်။

 

မြဝတီ

 

ကရင်ပြည်နယ် မြဝတီမြို့တွင် မိဘအုပ်ထိန်းမှုအောက်မှ အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား ဖြားယောင်းသွေး ဆောင်ကာမရယူလိမ်လည်ခဲ့သူအား အုပ်ထိန်းသူမိခင်က တိုင်ကြားအမှုဖွင့်မှု ဖြစ်ပွားခဲ့သည်။

 

မူဆယ်၊ အောက်တိုဘာ ၃

 

ရှမ်း ပြည်နယ်(မြောက်ပိုင်း) လူဝင်မှု ကြီးကြပ်ရေးဌာနခွဲ-(၇)မူဆယ်နှင့် ရွှေလီနယ်စပ်ကာကွယ်စုံစမ်းရေးဌာနသို့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုအရ တရုတ်နိုင်ငံရှိ အကျဉ်း ထောင်အသီးသီး၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော မြန်မာနိုင်ငံသား ၂၇၈ ဦးတို့ကို တရုတ်နိုင်ငံမှ လာ ရောက်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

တောင်ငူ၊ အောက်တိုဘာ ၃

 

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် တီထွင်ဖန်တီးထားသော Product Show-2017 ကို တောင်ငူမြို့ ခပေါင်းခန်းမတွင် နံနက် ၉ နာရီ မှ ညနေ ၄ နာရီအထိကျင်းပခဲ့ ကြောင်း သိရသည်။ အဆိုပါ Product Show-2017 တွင် ကျောင်းသား၊ ကျောင်း သူများကိုယ်တိုင်တီထွင်ဖန်တီး ထားသော ထုတ်ကုန်ပစ္စည်းပေါင်း ၅ဝ ကျော်ကို ပြသထားသည်။

 

ရေနံချောင်း၊ အောက်တိုဘာ ၃

 

မကွေးတိုင်းဒေသကြီး မကွေးမြို့ နှင့် ရေနံချောင်းမြို့နယ်တို့ရှိ စည်ပင်သာယာဈေးများ၌ရောင်းချနေ သောစားသောက်ကုန်များအား တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှကွင်းဆင်းစစ်ဆေးခဲ့ရာ ပဲပြားများတွင် စားသုံးရန်မသင့်သည့် ခွင့်မပြုတာရှည်ခံဆေးဖော် မလင်များပါရှိနေသည်ကိုတွေ့ရ ကြောင်း သိရှိရသည်။

မန္တလေး၊ အောက်တိုဘာ၂

 

မန္တလေး တိုင်းဒေသကြီး မန္တလေးမြို့တွင် မကြာခင်ရက်ပိုင်းက ဖြစ်ပွားခဲ့သော ဆိုင်ကယ်ပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွား ပြီးနောက်ပွဲလမ်းသဘင်များကန့်သတ်ရန် အစီအစဉ်မရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ မှသိရသည်။ ''ဆိုင်ကယ်ပေါက်ကွဲမှုကြောင့် ပွဲကျင်းပခွင့်တွေ ဘာမှမထိခိုက်ပါဘူး။ တောင်ပြုန်းပွဲ ပိတ်တယ်ဆိုတာ ကျန်းမာရေးကြောင့်ပါ။ ပြည်သူလူထုကျန်းမာရေး တစ်ခုခုဖြစ်မှာစိုးလို့ ပိတ်တာဖြစ်ပါတယ်။ အခု ဒီဖြစ်စဉ်ကြောင့် ဘုရားပွဲတွေ ပိတ်တာ၊ ပွဲလမ်းသဘင်တွေ ပိတ်တာမဆိုင်ပါဘူး''ဟု မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်တင်က ပြောကြားသည်။

 

ရွှေဘို၊ အောက်တိုဘာ ၂

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် စကားပြောနေသော ချစ်သူနှစ်ဦး ကို ဓားထောက်လုယက်သူ ဓားပြများအား အခင်းဖြစ်ပွားပြီး ၂၄ နာရီအချိန်အတွင်း ပြည်သူတစ်ဦး၏ သတင်းပေးကူညီမှုဖြင့် ဓားပြများအား ဖမ်းဆီးရမိခဲ့ကြောင်း ရွှေဘိုမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်ကောင်း မြတ်ကျော်က ပြောသည်။

 

Page 7 of 10