မင်းဘူး၊ ဒီဇင်ဘာ ၁၂

 

မန်းရွှေ စက်တော်ဘုရားကြီးတွင် ယခင်နှစ်များက ဘုရားပွဲတော်ကာလတွင် တည်းခိုဆောင် (တဲကျောင်း) လုပ်ငန်းရှင်များအား မင်းဘူးခရိုင်အတွင်းသာ တင်ဒါချပေးခဲ့ရာမှ ယခုနှစ်ဘုရားပွဲတော်ချိန်တွင် တည်းခိုဆောင် (တဲကျောင်း) လုပ်ငန်းများအား တစ်နိုင်ငံလုံးရှိစိတ်ဝင်စားသည့် လုပ်ငန်းရှင်များလုပ်ကိုင်နိုင်ရန် လျှောက်လွှာများလျှောက်ထားနိုင်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှု ရေးဝန်ကြီး၊ မန်းရွှေစက်တော်ဘုရား လုပ်ငန်းကော်မတီဥက္ကဋ္ဌဒေါက်တာ ခင်မောင်အေးက ဒီဇင်ဘာ ၁ဝ ရက်တွင်ပြောကြားသည်။ 

ရန်ကုန်၊ ဒီဇင်ဘာ ၁

 

မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်ခြောက် မြို့နယ်မှ အများပြည်သူနှင့်သက်ဆိုင်သော ဧကအကျယ်မြေကွက်များနှင့် ပလပ်မြေ ၁၃၅ ကွက်ကို ဂရန်များပယ်ဖျက်ပြီး အစိုးရပိုင်မြေ အဖြစ်ပြန်လည်သိမ်းယူခဲ့ကြောင်းသိရသည်။ ယခင်အစိုးရနှင့် လက်ရှိအစိုးရအကူးအပြောင်းကာလတွင် လူပုဂ္ဂိုလ်အမည်များဖြင့်ချ ထားပေးခဲ့သော မန္တလေးတိုင်း ဒေသကြီး မြို့နယ်ခြောက်မြို့နယ်မှ အများပြည်သူနှင့်သက်ဆိုင်သော ဧကအကျယ်မြေကွက်များနှင့် ပလပ်မြေ ၁၃၅ ကွက်ကို ဂရန်များပယ်ဖျက်ပြီး အစိုးရစီမံခန့်ခွဲပိုင်ခွင့် မြေ(အစိုးရမြေ)အဖြစ် ပြန်လည်သိမ်းယူခဲ့ကြောင်း ဒီဇင်ဘာ ၁၂ ရက်တွင်ကျင်းပသော မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှ သိရသည်။

မုံရွာ၊ ဒီဇင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်မုံရွာ မြို့တွင် စည်းကမ်းပျက်ယာဉ် များဖမ်းဆီးရာ စီမံချက်ကာလ လေးလအတွင်း အမှုပေါင်းတစ် သောင်းကျော်နှင့် ဒဏ်ကြေးငွေ ကျပ်သိန်းပေါင်း ၁၃ဝဝ နီးပါး ရရှိခဲ့ကြောင်း အမှတ် (၁၇) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (စစ်ကိုင်း)မှ သိရသည်။ 

ဗန်းမော်၊ ဒီဇင်ဘာ ၁၁

 

ကချင် ပြည်နယ် ဗန်းမော်မြို့နယ်တွင် ကျောင်းသားများစတင်တွေ့ရှိသည့် မိုင်းတစ်လုံးအားရှင်းလင်း မည်ပြုစဉ် ပေါက်ကွဲမှုဖြစ်ပွားမှု ကြောင့် ကျောင်းဆရာတစ်ဦးနှင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ ရှိမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရေး၊ ဒီဇင်ဘာ ၁၁

 

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျောင်းရွာကျေးရွာအနီး ဖြတ်သန်းစီးဆင်းနေသည့် ကျောင်းရွာချောင်းရေသည် ရောဂါ ဝေဒနာများကို ပျောက်ကင်းစေသည်ဟု ယူဆကြသောကြောင့် ဘုရားဖူးများနှင့် ရေကစားသူအစရှိသည့် ခရီးသွားများရာချီ၊ ထောင်ချီလာ ရောက်လည်ပတ်မှုများရှိနေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

သထုံ၊ ဒီဇင်ဘာ ၁ဝ

 

မွန်ပြည်နယ် သထုံမြို့နယ်လုံးဆိုင်ရာ ကရင်အမျိုးသားလူငယ်အဖွဲ့အစည်းတစ်ရပ်ပေါ်ထွန်းလာရေးအတွက် စည်းရုံးရေးကော်မတီဖွဲ့စည်းနိုင်ရေး ဆွေး နွေးပွဲကို ဒီဇင်ဘာ ၉ ရက်နံနက် ၉ နာရီက မွန်ပြည်နယ်သထုံမြို့နယ် နောင်ဘိုကျေးရွာကဿဖတိုက် ကျောင်းတွင်ကျင်းပခဲ့ကြောင်း သိရသည်။  အခမ်းအနားတွင်တက် ရောက်လာကြသူများက ကရင်အမျိုးသားအလံတော်အား အလေးပြု ကြပြီး ကရင်အမျိုးသားသီချင်းအား သံပြိုင်သီဆိုကာ ကရင်တိုင်းရင်း သားဘာသာရေးအကြီးအကဲများနှင့် ကရင်တိုင်းရင်းသားမြို့မိ၊ မြို့ဖ ဦး စောဘသိန်းတို့က သြဝါဒစကား ပြောကြားသည်။

မော်လမြိုင်၊ ဒီဇင်ဘာ ၁ဝ

 

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပထမနှစ် ခြင်းအသင်းတော်ပြုပြင်ခြင်းလုပ် ငန်းများရန်ပုံငွေအခက်အခဲ ကြောင့် ရပ်ဆိုင်းထားခဲ့ရာမှ ယခုအခါ World Monuments Fund မှ လှူဒါန်းငွေ အမေရိကန် ဒေါ်လာတစ်သိန်းဖြင့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီတွင်ပြုပြင်မှုလုပ်ငန်းများစတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မန္တလေး၊ ဒီဇင်ဘာ ၁ဝ

 

မန္တလေး မြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ကိန်းဝပ်စံပယ်တော်မူရာ ရွှေကျောင်း တော်ကြီးအထွတ်ကို မြန်မာမှုပညာရှင်အဖွဲ့များဖြင့် ရောင်တော်ဖွင့် ခြင်းလုပ်ငန်း ဆောင်ရွက်မှုနှင့်အတူ စိန်ဖူးတော်ထိပ်တွင် လစ်လပ်လျက်ရှိသည့် ခုနစ်ရတီကျော် စိန်ပွင့်ကို ပြန်လည်တင်လှူပူဇော်နိုင်ခဲ့ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။ 

Page 2 of 31