Main menu
HOT NEWS
adv

ကျောက်တံခါးမြို့ နယ်ရှိ စပါးစိုက်ခင်းများတွင် ဖျက်ပိုး ကျရောက်မှုကြောင့် ပျက်စီးမှုဖြင့် ကြုံတွေ့

ကျောက်တံခါး၊ စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် ကျေးရွာအုပ်စုအချို့ရှိ စပါးစိုက်ခင်းများတွင် ယခုလအတွင်း အမျိုးအမည်မသိ စပါးဖျက်ပိုးများ ကျ ရောက်နေမှုများကြောင့် တောင်သူများက လမ်းလှမ်းမီရာဆေးဝါးများ ပက် ဖျန်းသော်လည်း ပိုးမှာရပ်တန့် ခြင်းမရှိဘဲ ပိုမိုဆိုးရွားလာသဖြင့် ဒေသ ခံတောင်သူများစိုးရိမ်မှုများဖြစ် ပေါ်လျက်ရှိကြောင်းသိရသည်။ ''ဘာပိုးလည်းမသိဘူးဖြစ်နေတယ်။ တစ်ယောက်တစ်မျိုးပြောနေကြတယ်။ စပါးပင် မှာ ဖြစ်ပေါ်နေတဲ့ ရောဂါလက္ခဏာကတော့ ကွင်းတိုင်းမှာအတူတူပါပဲ။ ကုမ္ပဏီအချို့က အ ရောင်းဝန်ထမ်းတွေတချို့လာဆင်းကြည့်တယ်။ သုံးရမယ့်ဆေးညွှန်းလို့ ဝယ်သုံးတယ်။ အဆင်မပြေဘူး။ လောင်မီးကျတဲ့ ပုံစံမျိုးပဲ။ နေရာ ကွက်ပြီး စပါးပင်တွေခြောက်လာတယ်''ဟု ခင်ကြီးအုပ်စုမှ တောင်သူ ဦးခင်မောင်ဇော်က ပြောသည်။

Read more...

စစ်ကိုင်းတိုင်း ဒေသကြီးတွင် ပုဂ္ဂလိကပျားရည် ထုတ်လုပ်မှု ဧက တစ်သိန်းကျော် အထိ တိုးလာ

မုံရွာ

ပျားစားကျက်အများစုတည်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ပုဂ္ဂလိကပျားရည်ထုတ်လုပ်မှု ဧကတစ်သိန်းကျော်အထိ တိုးလာကြောင်း တိုင်းပျားလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ယမန်နှစ်က ပုဂ္ဂလိကပျားထုတ်လုပ်မှု ဧကပေါင်း ၃၇၂၁၅ဝ ရှိရာမှ ယခုနှစ်တွင် ဧက ၄၉၂၁၅ဝ အထိ တိုးမြှင့် ထုတ်လုပ်လာနိုင်ကြောင်း သိရသည်။ ယခုလတွင် ဘုတလင်မြို့နယ်၊ ကနီမြို့နယ်တို့ရှိ ဆီးခြံများမှာ ဆီးပွင့်ချိန်ရောက်ပြီ ဖြစ်သောကြောင့် မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့မှ ပုဂ္ဂလိကပျားလုပ်ငန်းရှင်များမှာ ဆီးခြံများအနီး မွေးမြူရေးပျားပုံးများ လာရောက်ချထား၍ ပျားရည်စုနေပြီဖြစ်သည်။

Read more...

မုံရွာမြို့ ဥပဒေရေးရာ ဆေးပညာဌာနမှ အထူးကု ဆရာဝန်ကြီးကို ထပ်မံ ဆန္ဒပြလျှင် တရား စွဲဆိုသွားမည်

မုံရွာ

မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး ဥပဒေရေးရာ ဆေးပညာဌာနမှ အထူးကုဆရာဝန်ကြီး ဒေါက်တာတင်နွယ်က ၎င်းကို ဆန္ဒပြသူများအား ပထမအကြိမ် ခွင့်လွှတ်မည် ဖြစ်သော်လည်း ထပ်မံပြုလုပ်ပါက ဥပဒေအတိုင်း အရေးယူသွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၇ ရက်၌ သတင်းစာရှင်းလင်းပွဲလုပ်၍ ပြောကြားခဲ့သည်။ အဆိုပါသတင်းစာ ရှင်းလင်းပွဲကို မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး၊ ရှင်းလင်းဆောင်အစည်း အ ဝေးခန်းမ၌ ပြုလုပ် ခဲ့ခြင်းဖြစ်သည်။  စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ဌာနဆိုင်ရာ ပုဂ္ဂိုလ်သုံးဦးကို ဦးကျော်အေး ဦးဆောင်၍ သြဂုတ် ၃ဝရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ပြီး ဆန္ဒပြခံရမှုတွင် အထူးကုဆရာဝန်ကြီးတစ်ဦး ပါဝင်ခဲ့သည်။  ''ကျွန်တော်အပါအဝင် အခြားသူတွေပါ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကိုလဲ စော်ကားရာကျပါတယ်။ ပြောဆိုသုံးနှုန်းသွားတဲ့ အသုံးအနှုန်းတွေရဲ့ သတင်းအချက် အလက်တွေကလဲ မှားယွင်းပါတယ်။

Read more...

စစ်ကိုင်းတွင် မြေလွှာ အက်ကြောင်းဖြစ်ပေါ်နေ၊ လူနေအိမ် တချို့ ဖယ်ရှားရဖွယ်ရှိ

ရန်ကုန်

စစ်ကိုင်းတိုင်းဒေသကြီးတွင် မြေလွှာအက်ကြောင်းဖြစ်၍ မြေနိမ့်ကျနေမှုကြောင့် လူ နေအိမ်များ ပြောင်းရွှေ့ရဖွယ်ရှိနေသဖြင့် ဆက်လက်စောင့်ကြည့်နေကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ညောင်ပင်ဝိုင်းကျေးရွာတွင် သြဂုတ် ၂၈ ရက်မှ စတင်ကာ မြေလွှာအက်ကြောင်း ဖြစ်ပေါ်၍ မြေနိမ့်ကျနေမှုများ ဖြစ်ပေါ်ခဲ့ပြီး အက်ကွဲကြောင်း တစ်လျှောက် မြေပြင်သည် တဖြည်းဖြည်း ပိုမိုနိမ့်ကျလာမှုကြောင့် နေအိမ်တချို့ ပြောင်းရွှေ့ရဖွယ်ရှိကြောင်း သိရသည်။

Read more...

အစိုးရသစ်လက်ထက်တွင် မတရားသိမ်းဆည်းခံမြေယာများပြန်လည်ရရှိရေးနှင့် လုပ်အားခ တန်ရာတန်ကြေးရလိုခြင်းမှာ လယ်သမားနှင့် အလုပ်သမားတို့၏ ဘုံမျှော်လင့်ချက်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁ဝ-အစိုးရ သစ်လက်ထက်တွင် လယ်သမားများ ၏ ဘုံမျှော်လင့်ချက်မှာ မတရားသိမ်း ဆည်းခံမြေယာများ ပြန်လည်ရရှိရေး ဖြစ်ပြီး အလုပ်သမားများ၏မျှော်လင့် ချက်မှာ လုပ်အားခကို တန်ရာတန် ကြေးရလိုခြင်းဖြစ်ကြောင်း တိုင်းရင်း လူထုတိုးတက်ရေး မဟာမိတ်အဖွဲ့ (EPDP) မှထုတ်ပြန်သော လူထု အတွက်အကြံပြုချက်စာတမ်းတွင် ဖော်ပြထားသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191