HOT NEWS
Main menu

ဆမ်ဆောင်း စမတ်ဖုန်း တစ်သန်းအား အမေရိကန်တွင် ပြန်သိမ်း ၊ မတော်တဆမူ ၉၂ မှုဖြစ်ပွားပြီး ၂၈ မှုမှာ ဘက်ထရီ လောင်ကျွမ်းမူများဖြစ်

ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၁၆

အမေရိကန် ကုန်ပစ္စည်းသုံးစွဲသူများ ဘေးအန္တရာယ်ကင်းရှင်းရေး ကော်မရှင်က ဆမ်ဆောင်းGalaxy Note 7 စမတ်ဖုန်းများတွင် ဘက်ထရီများ အားသွင်းစဉ် မီးလောင်ပေါက်ပွဲမှုရှိသော ပြဿနာများကြောင့် ဈေးကွက် အတွင်း ဖြန့်ချိထားသော အလုံးရေ တစ်သန်းခန့်အား ပြန်လည်သိမ်းယူလိုက်သည်ဟု စက်တင်ဘာ ၁၅ ရက်က သတင်းထုန်ပြန်ကြေညာလိုက်သည်။

Read more...

iPhone 7 အား စက်တင်ဘာ ၇ ရက်နေ့တွင် မိတ်ဆက် ကြေညာမည်

ဆန်ဖရန်စ္စကို ၊ သြဂုတ် ၃၀

ကမ္ဘာပေါ်တွင် ရောင်းအားအကောင်းဆုံးစမတ်ဖုန်းများထုတ်လုပ်လေ့ရှိသော Apple ၏ မျိုးဆက်သစ် iPhone 7 အား လာမည့် စက်တင်ဘာလ ရရက်နေ့တွင် ဆန်ဖရန်စ္စ ကိုမြို့၌မိတ်ဆက်ကြေညာ မည်ဖြစ်ကြောင်း GSM Arena သတင်းဌာနတွင်ဖော်ပြထားသည်။ ကောလဟလသတင်းများအရ ယင်းမိတ်ဆက်ပွဲတွင် iPhone 7 နှင့် iPhone 7 Plus တို့ အားမိတ်ဆက်ကြေညာနိုင်ဖွယ်ရှိကြောင်း သိရပြီး iPhone 6 SE နှင့် iPhone 6 SE Plus တို့ကိုပါ ကြေညာနိုင်သည်ဟု သတင်းများထွက် ပေါ်လျက် ရှိသည်။

Read more...

Play Station ဂိမ်းများကို လစဉ်ကြေး ပေးသွင်း၍ Windows ကွန်ပျူတာပေါ်တွင် ကစားနိုင်မည်

တိုကျို ၊ သြဂုတ် ၂၆

ဆိုနီ၏ကမ္ဘာကျော် PlayStation ဂိမ်းများအား Windows OS အသုံးပြုသော ကွန်ပျူတာများတွင် လစဉ်ကြေးပေးသွင်းကာ ဆော့ကစားနိုင်မည့်ဖြစ်ကြောင်း Cnet သတင်းဌာနတွင်ဖော်ပြထားသည်။ PlayStation ဂိမ်းများအား Windows OS ပေါ်တွင် ကစားနိုင်ရန် PlayStation Now အမည်ရှိ ဆော့ဖ်ဝဲလ် ကို အသုံးပြုရမည်ဖြစ်ပြီး PlayStation 4 ၊ PlayStation 3 နှင့် PlayStation Vita စသော PlayStation ဂိမ်းအမျိုးအစားများကိုဆော့ကစားနိုင်မည်ဖြစ်ကြောင်းသိရသည်။

Read more...

လာမည့် သုံးလအတွင်း Android 7.0 အား Note 7 တွင် စတင်အသုံးပြုနိုင်မည်

ဆိုးလ် ၊ သြဂုတ်

Android 6.0 ဖြင့်ထုတ်လုပ်ထားသော ဆမ်ဆောင်း ဂလက်ဇီ Note 7 သည် လာမည့်သုံးလအတွင်း Android 7.0 အားမြှင့်တင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း GSM Arena သတင်းစာမျက်နှာတွင်ဖော်ပြထား သည်။ ယခုကဲ့သို့ Android အသစ်အားမြှင့်တင်သုံးစွဲနိုင်မည်ဟု ဆမ်ဆောင်း၏ မိုဘိုင်းဌာနမှ အမူဆောင်အရာရှိချုပ် ကိုဒေါင်ဂျင်မှပြောကြား ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Note 7 တွင်လက်ရှိအသုံးပြုလျက်ရှိသော Android 6.0 ၏ အမည်မှာ Marshmallow ဖြစ်ပြီး လာမည့်သုံးလတွင် ထမ်မံ အဆင့်မြှင့်တင်အသုံး ပြုနိုင်မည့် Android 7.0 ၏အမည်မှာ Nougat ဖြစ်သည်။

Read more...

စမတ်ဖုန်းအား ထိန်းချုပ်နိုင်မည့် စမတ်တက်တူး တစ်မျိုးအား မိုက်ခရိုဆော့ဖ်နှင့် အမ်အိုင်တီတို့မှ စမ်းသပ် တီထွင်

လော့အိန်ဂျလိစ် ၊ သြဂုတ်

 

နည်းပညာကုမ္မဏီနှစ်ခုဖြစ်သော မိုက်ခရိုဆော့ဖ်နှင့် အမ်အိုင်တီတို့မှ လူခန္ဓာကိုယ်ပေါ်တွင် ယာယီကပ်ခွာ စမတ်တက်တူး ဖြင့် စမတ်ဖုန်းများအားထိန်းချုပ်နိုင်သည့် နည်းပညာသစ်တစ်ရပ်အား တီထွင်စမ်းသပ်ခဲ့ကြောင်းသိရသည်။ အဆိုပါတက်တူးမှာ ခန္ဓာကိုယ်ပေါ်တွင်ကပ်၍ စမတ်ဖုန်းနှင့်ချိတ်ဆက်ကာ အသုံးပြုရမည်ဖြစ်ပြီး စမတ်ဖုန်းအား အဝေး တွင်ထား၍အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Read more...

ADV

 ymg adv 6

FacebookG+TwitterRSS