Main menu
HOT NEWS
adv
NASA ရဲ့ အဓိက ဦးစားပေးမစ်ရှင်မှာ အင်္ဂါဂြိုလ်ပေါ်ကို လူလိုက်ပါနိုင်ရေးဖြစ်လာ

NASA ရဲ့ အဓိက ဦးစားပေးမစ်ရှင်မှာ အင်္ဂါဂြိုလ်ပေါ်ကို လူလိုက်ပါနိုင်ရေးဖြစ်လာ

အိန္ဒိယတွင် ကျင်းပခဲ့သည့် အခမ်းအနားတစ်ခုတွင် NASA မှ ကိုယ်စားလှယ်တစ်ဦးက အခုအချိန်မှာ အေဂျင်စီရဲ့ အဓီက ဦးစားပေးအစီအစဉ်အဖြစ် အင်္ဂါဂြိုလ်ပေါ်သို့ လူလိုက်ပါနိုင်ရေးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အင်္ဂါဂြိုလ်သို့ မစ်ရှင်

ဓာတ်ငွေ့ဖြင့် ဂျက်အင်ဂျင်ကို မောင်းနှင်နိုင်ရန် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်နေပြီး အမေရိကန်အာကာသအေဂျင်စီ အနေဖြင့် အဲဒီနည်းပညာ အပေါ်မှာပဲ အာရုံစိုက်နေကြောင်း နာဆာရဲ့ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး လာရီဂျိမ်းစ် က ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့အခုချိန်မှာ အင်္ဂါဂြိုလ်ပတ်လမ်းကြောင်းထဲကို လူသားလိုက်ပါနိုင်ရေးကိုသာ လုပ်ဆောင်နေ ကြပြီး ကျွန်တော်တို့ရဲ့ ရှည်လျားလှတဲ့ ဒီမစ်ရှင်အတွက် လူသားနှင့်နည်းပညာလိုအပ်ချက်တွေကိုပဲ အလုပ်လုပ်နေကြပါတယ်” လို့ ဂျိမ်းက ပြောကြားခဲ့ပါတယ်။

နာဆာအနေဖြင့် ၂၀၁၉ ခုနှစ်အတွင် ပထမဆုံးအကြိမ်အဖြစ် လွှတ်တင်ဖို့အတွက် ပြင်ဆင်ထားတဲ့ Space Launch System အတွက် ရော့ကတ်နည်းပညာတွေကို လက်ရှိ တိုးတက်အောင် လုပ်ဆောင်နေကြပါတယ်။

သို့သော်လည်း အင်္ဂါဂြိုလ်ပေါ်ကို လူသားတွေ ခြေချနိုင်ဖို့အတွက်ကတော့ အဓီက ပြဿနာတစ်ခုအနေနဲ့ ရှိနေပါသေးတယ်။ အင်္ဂါဂြိလ်ရဲ့ ဂြိုလ်ပတ်လမ်းထဲကို အရောက်ခရီးနှင်ဖို့အတွက်ကတော့ အနည်းဆုံး နှစ် နှစ်ကနေ သုံးနှစ်အထိ ခရီးနှင်ရပါလိမ့်မယ်။ ဒါကြောင့် နာဆာအနေဖြင့် ဂြိုလ်ကနေ ဖြာထွက်လာမယ့် ဓာတ်ရောင်ခြည်တွေကို ကာကွယ်နိုင်ဖို့အတွက် နည်းလမ်းတွေကိုလည်း ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

နာဆာအနေဖြင့် လူလိုက်ပါနိုင်တဲ့ ပထမဆုံးသော အင်္ဂါဂြိုလ်မစ်ရှင်ကို လာမည့် ၂၀၃၀ တွင် စတင်နိုင်ရန် ရည်မှန်းထားပါတယ်။ သို့သော်လည်း ပထမဆုံးအနေနဲ့ ပေါ်လာတဲ့ မစ်ရှင်ကတော့ အင်္ဂါဂြိုလ်ပတ်လမ်းထဲကို ပထမဆုံး လူလိုက်ပါနိုင်ရေး ဖြစ်ပါတယ်။

အမှန်တကယ်ကတော့ ဆယ်စုနှစ်များအကြာအထိ အင်္ဂါဂြိလ်ပေါ်မှာ လူနေထိုင်နိုင်ဖို့အတွက် မဖြစ်နိုင်သေးပါဘူးလို့ သိထားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျိမ်းစ်ကတော့ အနီရောင်အင်္ဂါဂြိုလ်ပေါ်မှာ လူနေထိုင်နိုင်ဖို့အတွက် ဖြစ်နိုင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

နာဆာအနေဖြင့် အင်္ဂါဂြိုလ်ပေါ်မှာ လူနေထိုင်နိုင်ဖို့အရာတစ်ခုတည်းကို လုပ်ဆောင်နေကြတာ မဟုတ်ဘဲ လူသားသက်ရှိတွေ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေကို တွေ့ရှိထားပြီးသား ဖြစ်တယ်လို့ Elon Musk က ပြောပါတယ်။

“ ဖြစ်နိုင်တာတစ်ခုကတော့ ကျွန်တော်တို့ဟာ ကမ္ဘာမြေပေါ်မှာပဲ အမြဲတမ်းနေထိုင်နိုင်ကြပေမယ့် အဲဒီနေရာမှာ တစ်ချိန်ချိန်မှာ ကမ္ဘာကြီးဟာ မျိုးတုန်းပျောက်ကွယ်မယ့် အဖြစ်အပျက်တွေ ဖြစ်လာနိုင်ပါတယ်” လို့ Muck က ပြောကြားခဲ့ပါတယ်။

“ဘယ်အချိန်မှာကမ္ဘာပျက်ကိန်းတွေ ကြုံရလိမ့်မယ်ဆိုတာကတော့ ချက်ချင်းမသိနိုင်ပေမယ့် တစ်ချိန်ချိန်မှာတော့ သမိုင်းအချက်အလက်တွေအရ ကမ္ဘာပျက်ကိန်းနဲ့ ကြုံလာနိုင်ပါတယ်”

လကမ္ဘာခရီးစဉ်

ပထမဆုံးနည်းလမ်းကတော့ လပတ်လမ်းကြောင်းမှာ ဖြစ်စေ၊ လပေါ်မှာဖြစ်စေ အစားအစာနဲ့ လောင်စာဆီတို့ နှစ်ခုစလုံးကို ထောက်ပံ့ပေးနိုင်ဖို့အတွက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အင်္ဂါဂြိုလ်ပေါ်ကို လူလိုက်ပါနိုင်တဲ့ ခရီးစဉ်ဟာ ရှည်လျားလွန်းလှတဲ့အတွက် ပထမဆုံးအဆင့်အနေနဲ့ အခြေချစခန်းတစ်ခု တည်ဆောက်နိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ချို့ကလည်း လကမ္လာပေါ်မှာ စခန်းနိုင်ဆောက်နိုင်မှာ မဟုတ်ဘူလို့ ထင်ကြေးပေးတာတွေ ရှိကြပါတယ်။ နာဆာအနေနဲ့ကတော့ အာကာသစခန်းတစ်ခုကို လရဲ့ ပတ်လမ်းပေါ်မှာလည်း တည်ဆောက်နိုင်တာမျိုး လည်း ဖြစ်နိုင်ပါတယ်လို့ ဂျိမ်းစ် က ပြောကြားပါတယ်။

“ ကျွန်တော်တို့အနေနဲ့ လူသားလေ့လာရေးတွေကို အဲဒီမစ်ရှင်အတွက် လုပ်ဆောင်နေကြပါတယ်။ နောက်တစ်ဆင့် ကတော့ လနှင့်သက်ဆိုင်တဲ့လမ်းကြောင်းပေါ်မှာ အာကာသစခန်းဆောက်ဖို့နဲ့ အချိန်ကြာကြာ နေထိုင်နိုင်ဖို့အတွက် ဖြစ်ပါတယ်” လို့ ဂျိမ်းစ် က ပြောကြားပါတယ်။

ပထမဆုံးအနေနဲ့ အခြေချဖို့ကတော့ သု့တေသနအခြေစိုက်စခန်း ဖြစ်နိုင်ပါတယ်။ ဒါဟာလည် သီအိုရီတွေအရ ဖြစ်နိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အင်္ဂါဂြိုလ်ပေါ်မှာအခြေချနေထိုင်နိုင်ဖို့အတွက် လကမ္ဘာပေါ်မှာ အချိန်အတော် ကြာကြာ နေထိုင်နိုင်တဲ့ အခြေစိုက်စခန်းတစ်ခု ရှိနေဖို့ လိုအပ်ပါတယ်။

မိုးဆက်ကို

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Latest from မိုးဆက်ကို

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191