Main menu
HOT NEWS
adv
ဟွန်ဒါကားစက်ရုံရဲ့ နက်ဝက်ခ်တွင် WannaCry Ransommare တွေ့ရှိပြီးနောက် စက်ရုံကို ပိတ်ပစ်ခဲ့ရ

ဟွန်ဒါကားစက်ရုံရဲ့ နက်ဝက်ခ်တွင် WannaCry Ransommare တွေ့ရှိပြီးနောက် စက်ရုံကို ပိတ်ပစ်ခဲ့ရ

WannaCry ransomware ကြောင့် ယခုတစ်ဖန် အကြီးအကျယ်ပြန်တက်လာခဲ့ပါပြီ။ သတင်းအသစ်တစ်ခုအရ ကုမ္ပဏီရဲ့ ကွန်ပြူတာနက်ဝက်ခ်အတွင်းမှာ အဆိုပါ ဗိုက်ရပ်စ်ကို တွေ့ရှိပြီးနောက် ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းပစ်ခဲ့ ရပါတယ်။

WannaCry ကြောင့် ဟွန်ဒါစက်ရုံတစ်ရုံကို ထုတ်လုပ်မှု ရပ်ဆိုင်းပစ်ခဲ့ရပါတယ်။ တိုကျိုမြို့ရှိ ဆာယာမာ စက်ရုံကို WannaCry ကို တွေ့ရှိပြီးနောက် လူသိများထင်ရှားသော ဟွန်ဒါ ကားထုတ်လုပ်သူဟာ သူ့ရဲ့ အဲဒီစက်ရုံကို ဇွန်လ ၁၉ ရက်နေ့က ပိတ်ပစ်ခဲ့ရပါတယ်။ အဆိုပါ ဗိုက်ရပ်စ်ဟာ တစ်ကမ္ဘာလုံးရှိ နက်ဝက်တွေကို ဖြတ်သန်းပြီး ဂျပန်၊ မြောက်အမေရိက၊ ဥရောပ၊ တရုတ်နှင့် အခြားနိုင်ငံတွေကို ကူးစက်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ကြေညာခဲ့ပါတယ်။

ဟွန်ဒါအနေဖြင့် အဆိုပါ ဗိုက်ရပ်စ်ကူးစက်မှုဖြစ်ပွားတာ ၅ ပတ်ကျော်ကြာပြီးနောက် ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ကမှ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဗိုက်ရပ်စ်ကြောင့် နိုင်ငံပေါင်း ၉၀ ကျော်ရဲ့ ကွန်ပြူတာ သိန်းပေါင်းများစွာကို ကူးစက်ခံခဲ့ရပါတယ်။

ဟွန်ဒါဟာ သူတို့ရဲ့ စစ်စတမ်တွေ လုံခြုံဖို့အတွက် မေလအတွင်းက စတင်ကြိုးစား အားထုတ်ခဲ့ပါတယ်။ အဆိုပါ ကိစ္စဟာ ဟွန်ဒါကားစက်ရုံနက်ဝက်ခ်တစ်ခုတည်းသာမဟုတ်ဘဲ အခြားသော စက်ရုံတွေ၊ ဆေးရုံတွေ၊ စတိုးဆိုင်တွေနဲ့ ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှုတွေကို ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဗိုက်ရပ်စ်ဟာ ဟွန်ဒါစက်ရုံတစ်ခုတည်းဆိုသာမကပဲ အခြားသော အိန္ဒိ၊ ရိုမေရိယား၊ ပြင်သစ်၊ ဗြိတိန် နှင့် ဂျပန်ရှိ ကားထုတ်လုပ်တဲ့ စက်ရုံတွေဖြစ်တဲ့ Rival Auto နှင့် Nissan Motor တွေကိုလည်း ကူးစက်ခံခဲ့ရပါတယ်။

အဆိုပါ ဗိုက်ရပ်စ်ကို သတ်နိုင်တဲ့ Kill Switch ကို အတည်ပြုနိုင်ခဲ့ပြီးနောက် ၃၇ ရက်ကျော်မှ ဘာလို့ အခုလို နက်ဝက်ခ်အတွင်းမှာ တွေ့ရှိခဲ့လည်းဆိုတာကို ဟွန်ဒါမှာရှိတဲ့ အင်ဂျင်နီယာတွေဟာ မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဖြစ်နိုင်တာ တစ်ခုကတော့ အင်ဂျင်နီယာတွေဟာ ဗိုက်ရပ်စ်ကို သတ်နိုင်တဲ့ Kill Switch ဒိုမိန်းတွေကို ပိတ်ချလိုက်လို့ ဖြစ်နိုင်ပါတယ်။ တကယ်လို့သာ အဲဒီလိုဖြစ်မယ်ဆိုရင် ဗိုက်ရပ်စ်ကို ပုံမှန်ဖြစ်အောင် ပြန်ခွင့်ပြုပေးလိုက်သလို ဖြစ်သွားလို့ ဖြစ်ပါတယ်။

ဆာယာမာ စက်ရုံကိုသာ ကူးစက်ခံရခြင်း ဖြစ်ပြီး အခြားစက်ရုံတွေကို ကူးစက်မှု မရှိခဲ့ဘူးလို့ ဇွန်လ ၂၀ ရက်နေ့က ဟွန်ဒါမှ ပြောရေးဆိုခွင့်ရှိသူက အတည်ပြု ပြောကြားခဲ့ပါတယ်။

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Latest from မိုးဆက်ကို

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191