HOT NEWS
Main menu
လာမည့် သုံးလအတွင်း Android 7.0 အား Note 7 တွင် စတင်အသုံးပြုနိုင်မည်

လာမည့် သုံးလအတွင်း Android 7.0 အား Note 7 တွင် စတင်အသုံးပြုနိုင်မည်

ဆိုးလ် ၊ သြဂုတ်

Android 6.0 ဖြင့်ထုတ်လုပ်ထားသော ဆမ်ဆောင်း ဂလက်ဇီ Note 7 သည် လာမည့်သုံးလအတွင်း Android 7.0 အားမြှင့်တင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း GSM Arena သတင်းစာမျက်နှာတွင်ဖော်ပြထား သည်။ ယခုကဲ့သို့ Android အသစ်အားမြှင့်တင်သုံးစွဲနိုင်မည်ဟု ဆမ်ဆောင်း၏ မိုဘိုင်းဌာနမှ အမူဆောင်အရာရှိချုပ် ကိုဒေါင်ဂျင်မှပြောကြား ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Note 7 တွင်လက်ရှိအသုံးပြုလျက်ရှိသော Android 6.0 ၏ အမည်မှာ Marshmallow ဖြစ်ပြီး လာမည့်သုံးလတွင် ထမ်မံ အဆင့်မြှင့်တင်အသုံး ပြုနိုင်မည့် Android 7.0 ၏အမည်မှာ Nougat ဖြစ်သည်။

 

ဆမ်ဆောင်း၏ မိုဘိုင်းဌာနအမှုဆောင်အရာရှိချုပ်အနေဖြင့် လက်ရှိအချိန်တွင် အသုံးပြုသူများမှာ Operating System အသစ်အားအသုံးပြုလိုမူ ပြင်းပြနေသည်ကိုတွေ့ရပြီး ၎င်းအနေဖြင့် Note 7 အတွက် Android 7.0 အား beta အဆင့်ဖြင့်စမ်းသပ်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ Android 7.0 သည် မကြာမီတွင် မိတ်ဆက်ကြေညာမည့် LG ၏ V20 စမတ်ဖုန်းတွင်စတင် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

 

Ref: GSM Arena

‪#‎Democracytoday‬

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Latest from M ဘွယ်

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS