HOT NEWS
Main menu
adv
iPhone 7 အား စက်တင်ဘာ ၇ ရက်နေ့တွင် မိတ်ဆက် ကြေညာမည်

iPhone 7 အား စက်တင်ဘာ ၇ ရက်နေ့တွင် မိတ်ဆက် ကြေညာမည်

ဆန်ဖရန်စ္စကို ၊ သြဂုတ် ၃၀

ကမ္ဘာပေါ်တွင် ရောင်းအားအကောင်းဆုံးစမတ်ဖုန်းများထုတ်လုပ်လေ့ရှိသော Apple ၏ မျိုးဆက်သစ် iPhone 7 အား လာမည့် စက်တင်ဘာလ ရရက်နေ့တွင် ဆန်ဖရန်စ္စ ကိုမြို့၌မိတ်ဆက်ကြေညာ မည်ဖြစ်ကြောင်း GSM Arena သတင်းဌာနတွင်ဖော်ပြထားသည်။ ကောလဟလသတင်းများအရ ယင်းမိတ်ဆက်ပွဲတွင် iPhone 7 နှင့် iPhone 7 Plus တို့ အားမိတ်ဆက်ကြေညာနိုင်ဖွယ်ရှိကြောင်း သိရပြီး iPhone 6 SE နှင့် iPhone 6 SE Plus တို့ကိုပါ ကြေညာနိုင်သည်ဟု သတင်းများထွက် ပေါ်လျက် ရှိသည်။

 

iPhone Pro ထုတ်လုပ်မည်ဆိုသော သတင်းမှာ မှားယွင်းကြောင်း အထက်ပါသတင်းဌာနတွင်ထပ်မံဖော်ပြထားပြီး ကျောဘက်ကင်မရာနှစ်လုံး နည်းပညာမှာ iPhone 7 Plus တွင်ပါဝင်လာဖွယ် ရှိကြောင်းသတင်းများထွက်ပေါ်လျက်ရှိသည်။ နားကြပ်တပ်ဆင်သော 3.5mm အပေါက်ငယ်အား ပြင်ဆင်၍ နားကြပ်တပ်ဆင် ပုံအသစ်တစ်ရပ် ထည့်သွင်းပေးမည်ဟု သတင်းများထွက်ပေါ်လျက်ရှိပြီး စက်တင်ဘာလ ၉ ရက်နေ့တွင် iPhone 7 အား ကြိုတင်မှာယူမူများပြုလုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

Ref: GSM Arena

#Democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS