HOT NEWS
Main menu
ဆမ်ဆောင်း စမတ်ဖုန်း တစ်သန်းအား အမေရိကန်တွင် ပြန်သိမ်း ၊ မတော်တဆမူ ၉၂  မှုဖြစ်ပွားပြီး ၂၈ မှုမှာ ဘက်ထရီ လောင်ကျွမ်းမူများဖြစ်

ဆမ်ဆောင်း စမတ်ဖုန်း တစ်သန်းအား အမေရိကန်တွင် ပြန်သိမ်း ၊ မတော်တဆမူ ၉၂ မှုဖြစ်ပွားပြီး ၂၈ မှုမှာ ဘက်ထရီ လောင်ကျွမ်းမူများဖြစ်

ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၁၆

အမေရိကန် ကုန်ပစ္စည်းသုံးစွဲသူများ ဘေးအန္တရာယ်ကင်းရှင်းရေး ကော်မရှင်က ဆမ်ဆောင်းGalaxy Note 7 စမတ်ဖုန်းများတွင် ဘက်ထရီများ အားသွင်းစဉ် မီးလောင်ပေါက်ပွဲမှုရှိသော ပြဿနာများကြောင့် ဈေးကွက် အတွင်း ဖြန့်ချိထားသော အလုံးရေ တစ်သန်းခန့်အား ပြန်လည်သိမ်းယူလိုက်သည်ဟု စက်တင်ဘာ ၁၅ ရက်က သတင်းထုန်ပြန်ကြေညာလိုက်သည်။

ဖြန့်ချိထားသော ဈေးကွက် ၁၀ နိုင်ငံမှ ပြန်လည်သတင်းပို့ချက်အရ ဘက်ထရီအားသွင်းစဉ်ပေါက်ကွဲတတ် ကြောင်းသိရှိရ၍ ယင်းဟန်းဆက်များအား ပြန်လည်သိမ်းယူရခြင်းဖြစ်သည်။ ဆမ်ဆောင်း ကုမ္ပဏီက လည်း ပြစ်ချက်တွေ့ရှိရသော ၎င်းတို့၏ စမတ်ဖုန်းများအား အမေရိကန်နိုင်ငံတွင် လာမည့်ရက် သတ္တပတ်အတွင်းမှစတင်ကာ ပြန်လည်အစားထိုးပေးသွားမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။ အမေရိကန်တွင် ဓာတ်ခဲများ အပူလွန်ခြင်း ၉၂ ခုတွင် ၂၈ ခုသည် မီးထလောင်ခြင်းနှင့် ၅၅ ခုသည် သိမ်းဆည်းထားစဉ် ပျက်စီးခဲ့သော အမှုတိုင်ကြားစာများရရှိခဲ့ရသည်။

 

ဆမ်ဆောင်းကုမ္ပဏီသည် ၁၀ နိုင်ငံမှ ဝယ်ယူထားသူများအား ဘေးကင်းလုံခြုံစိတ်ချရစွာထုတ်လုပ်မည့် ပစ္စည်းသစ်များ ရရှိသည်အထိ ယာယီအစားထိုးလဲလှယ်ပေးမည့် စမတ်ဖုန်းများကိုဝယ်ယူရန် မေတ္တာရပ်ခံ ထားသော်လည်း ဝယ်ယူသုံးစွဲမည့် ဖောက်သည်များက ပစ္စည်းအသစ်ထုတ်လုပ်မှသာ ရယူလိုပြီး ယာယီအစားထိုးလဲလှယ်ပေးမည့် အစီအစဉ်သည် အဆင်ပြေနိုင်ဖွယ်မရှိဟု ပြောဆိုခဲ့ကြသည်။အမေရိကန်နှင့် ဂျပန်လေ ကြောင်းများသည် မျက်နှာပြင်ကျယ်ဖုန်းများအား လေယာဉ်များပေါ်တွင် အသုံးမပြုရန် ညွှန်ကြားထားခဲ့သည်။ အမေရိကန်လေကြောင်းလိုင်းများကမူ ခရီးဆောင်လက်ဆွဲအိတ်များ၌ပင် ထည့်သွင်းမသယ် ယူကြရန် တားမြစ်ထားသည်။

Ref: AFP

#Democracytoday

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Assistance Online Editor)

Latest from M ဘွယ်

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS