Main menu
HOT NEWS
adv

Canon မှ EOS 5D Mark IV ကင်မရာအား သြဂုတ်လ ၂၅ ရက်နေ့ တွင်မိတ်ဆက်မည်ဟု သတင်းများထွက်ပေါ်

နယူးယောက် ၊ ဇူလိုင် ၂၄

Canon ကင်မရာကုမ္မဏီမှ အသစ်ထပ်မံထုတ်လုပ်မည့် EOS 5D Mark IV ကင်မရာအသစ်အား လာမည့် သြဂုတ်လ ၂၅ ရက်တွင် စတင်မိတ်ဆက်ကြေညာမည်ဖြစ်ကြောင်း အင်တာနက်သတင်းဝက်ဘ်ဆိုက် အချို့တွင်သတင်းများထွက်ပေါ်လျက်ရှိကြောင်းသိရသည်။ ယင်းကင်မရာအား မြောက်အမေရိကတိုက်တွက်ရှိသောနိုင်ငံတစ်ခု၌ စတင်မိတ်ဆက်မည်ဖြစ် ကြောင်းသိရပြီး ကင်မရာနည်းပညာအသစ်များ ထည့်သွင်းပေး သွားမည်ဟု အဆိုပါသတင်းဝက်ဘ်ဆိုက်များတွင်ဖော်ပြထားသည်။ ယင်းကင်မရာတွင် EF 24-105mm f/4L အား အသုံးပြုနိုင်မည်ဖြစ်ပြီး ၎င်းကင်မရာအတွက် မှန်ပြောင်း (Lens) အသစ်တစ်မျိုးအား ထပ်မံထုတ် လုပ်ပေးမည်ဖြစ်ကြောင်းသိရသည်။

Read more...

လာမည့်နှစ်တွင် Nokia မှ Android 6.0 အသုံးပြုသည့် စမတ်ဖုန်း ၂ လုံးထုတ်လုပ်မည်

ဆီလီကွန်ဗေးလ် ၊ ဇူလိုင် ၂၃

Microsoft ကုမ္မဏီ၏ စမတ်ဖုန်းကုမ္မဏီတစ်ခုဖြစ်သည့် Nokia မှ လာမည့် နှစ်အတွင်း Android 6.0 (Nougat) OS အသုံးပြုသည့် နည်းပညာမြင့်စမတ်ဖုန်း နှစ်လုံးအား ထုတ်လုပ်မည်ဖြစ်ကြောင်းသိရသည်။ Nokia သည် Microsoft မှဝယ်ယူပြီးနောက်ပိုင်းအချိန်အတော်ကြာ စမတ်ဖုန်းထုတ်လုပ်မူရပ်ဆိုင်းထားခဲ့ပြီး ယခုသတင်းမှာ Nokia မှ ပထမဦးဆုံး စမတ်ဖုန်းပြန်လည်ထုတ်လုပ်မည့်သတင်းဖြစ်ကြောင်း သိရသည်။ Nokia မှထပ်မံထုတ်လုပ်မည့်ုစမတ်ဖုန်းနှစ်မျိုးမှာ မျက်နှာပြင် ၅ ဒဿမ ၅ လက်မအရွယ်အစား တစ်မျိုး နှင့်ကျန်တစ်မျိုးမှာ ၅ ဒဿ ၂ လက်မ ဖြစ်ကြောင်းသိရသည်။ ယင်းစမတ်ဖုန်းနှစ်လုံးအတွင်းပါဝင်သော အသွင် အပြင်များမှာ Nokia မှ Android အတွက်ပြုလုပ်ထားသော Z Launcher အား အသုံးပြုမည်ဖြစ်ကြောင်းသိရသည်။

Read more...

Pokemon GO မိုဘိုင်း ဂိမ်းကြောင့် Nintendo ရှယ်ယာ ၉.၅ ရာခိုင်နှုန်းကျော် တက်

တိုကျို ဇူလိုင် ၁၄

နိုင်ငံ ၃ ခုကို ဖြန့်ချိပြီး တစ်ပတ်အတွင်း နာမည်ကျော်ကြားလူကြိုက်များလာသော Pokemon GO မိုဘိုင်းဂိမ်းကြောင့် Nintendo ကုမ္ပဏီ၏ ရှယ်ယာများသည် ကြာသပတေးနေ့တွင် ၉.၅ ရာခိုင်နှုန်းကျော် မြင့် တက်လာခဲ့ကြောင်း သိရသည်။

Read more...

ပါရဂူဘွဲ့ ပထမနှစ် ကျောင်းသားတစ်ဦးက နေသုံးစင်းထွက်သော ဂြိုဟ်တစ်လုံးကို ရှာဖွေတွေ့ရှိ

ဝါရှင်တန်၊ ဇူလိုင် ၈

အမေရိကန်ပြည်ထောင်စု အရီဇိုးနားတက္ကသိုလ်မှ ပါရဂူဘွဲ့သင်တန်း ပထမနှစ်ကျောင်းသား တစ်ဦးသည် နေသုံးစင်းရှိသော ဂြိုဟ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ယခုသီတင်းပတ်ထုတ် သိပ္ပံဂျာနယ်တွင် ဖော်ပြ ထားသည်။

Read more...

Gamer တွေအတွက် ၁၀ နာရီခံဘက်ထရီနဲ့ Gigabyte Aero 14 Laptop လာပြီ

Motherboard အကောင်းစားတွေကြီးဆက်တိုက်ထုတ်နေရာကနေ အခုတစ်ခါ Gamer တွေကို သွားရည်ကျ စရာမြန်နှုန်းမြင့် Laptop အလန်း စားတစ်ခုကို Gigabyte ကထပ်ထုတ်လိုက်ပါတယ်။ Gaming Laptop မှာ ထိပ်တန်းကနေရာယူထားတဲ့ Razer laptop တွေရဲ့အမြန်နှုန်း ကိုကျော်တက်သွားဖို့များပါတယ်။ Gaming Laptop တစ်ခုဖြစ်တဲ့အတွက် Graphic ပိုင်းကတော့ လန်ထွက်နေအောင် ပြင် ဆင်ပေးထားပါတယ်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191