HOT NEWS
Main menu
adv

Game Boy အား စမတ်ဖုန်းပေါ်တွင် ကစားနိုင်မည့် Smart Boy အမည်ရှိ လက်ကိုင်သစ်တစ်မျိုး ထုတ်လုပ်

လွန်ခဲ့သော ၁၀ နှစ် ၊ ၁၅နှစ်ခန့်တွင်နာမည်ကြီးခဲ့သည့် Game Boy အမည်ရှိ လက်ကိုင်ဂိမ်းများကို ပြန်လည်ကစားနိုင်ရန် Hyperkin ကုမ္မဏီမှ Smart Boy အမည်ရှိ စမတ်ဖုန်းဖြင့် တွဲဖက်သုံးနိုင်သည့် လက်ကိုင် ခလုတ်တစ်မျိုးအား ထုတ်လုပ်ခဲ့ကြောင်း Android Authority သတင်းဌာနတွင်ဖော်ပြထားသည်။ ယင်းလက်ကိုင်အား ပြီးခဲ့သောနှစ်တွင်ထွက်ရှိမည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ယခုအချိန်၌ အမှန်တကယ် ထုတ်လုပ်ရောင်းချခြင်းဖြစ်သည်။

Read more...

ခရီးသည်တင် ဒရုန်းလေယာဉ်များ ပေါ်လာတော့မည်

လော့စ်အိန်ဂျလိစ်၊ ဇွန် ၂၀

အမေရိကန်နိုင်ငံ နီဗာဒါသဲ ကန္တာရအတွင်း၌ မောင်းသူမဲ့ဒရုန်း လေယာဉ်ဖြင့် လူတစ်ဦးအား တင် ဆောင်ပြီး ခရီးတိုနှင့် ခရီးလတ် စမ်းသပ်ပျံ သန်းအောင်မြင်ခဲ့၍ ယခုနှစ် မကုန်ဆုံးမီအတွင်း ခရီးသည်တင် မောင်း သူမဲ့ ဒရုန်းလေယာဉ်များ ပျံသန်းနိုင်တော့မည်ဟု အမေရိကန် တရုတ်လေယာဉ် နည်းပညာကုမ္ပဏီမှ အရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ဇွန် ၂၀ ရက်ကပြောကြားလိုက်သည်။

Read more...

ဒီနေ့ဝယ် ဒီနေ့ရနိုင်မယ့် အကောင်းဆုံး Smart Watch များ

Smart Watch တွေကို မျက်မှောက်ခေတ်မှာတွင်တွင် ကျယ်ကျယ်သုံးလာတာတွေ့ရပါတယ်။ Smart Watch တွေက စမတ်ဖုန်းကို အစားထိုးဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ နည်းပညာသုတေသီတွေက ဆိုထားပြန်ပါတယ်။ ထွက်ပြီးတဲ့ Smart Watch တွေထဲကမှ အသုံးဝင်ဆုံးတွေ ကိုစုစည်းပြီးဖော်ပြပေးလိုက်ပါတယ်။ Smart Watch တစ်လုံးကိုဝယ်ဖို့အတွက် သာမန်လူတစ်ယောက်အနေနဲ့ လက်တွန့်နေအုံး မှာပါ။ ဒါပေမယ့် Samrt Watch တွေအကြောင်းသိသွားပြီး ကိုယ့်လိုအပ်ချက်နဲ့သင့်တော်နေတယ် ဆိုရင်တော့ ၀ယ်ကို ၀ယ်သင့်တဲ့ အိုင်တီ ပစ္စည်းဖြစ်ပါတယ်။

Read more...

အယ်လ်ဂျီးရီးယား တွင် အထက်တန်း စာမေးပွဲကာလအတွင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် ပိတ်ပင်တားဆီး

အယ်လ်ဂျီးရီယား၊ ဇွန် ၂၀

အယ်လ်ဂျီးရီးယားနိုင်ငံတွင် အထက်တန်းစာမေးပွဲကျင်းပစဉ် ကာလအတွင်း လူမှုကွန်ရက်မှတစ် ဆင့် မေးခွန်းများပေါက်ကြားနိုင်မှု ကိုကာကွယ်ရန် Facebook နှင့် Twitter စသည့် ဆိုရှယ်မီဒီယာများကို ယာယီ ပိတ်ပင်ထားကြောင်း သိရသည်။ လူမှုကွန်ရက်များပြီးခဲ့သည့် စနေနေ့မှ လာမည့်ကြာသပတေးနေ့အထိ အယ်လ်ဂျီးရီးယားတွင် အသုံး ပြုခွင့်မရရှိစေရန်တားဆီးထား ကြောင်း၊ လူမှုကွန်ရက်မှ ပျံ့နှံ့လာ သော မေးခွန်း အတုများထွက်ပေါ် စေရန်ကာကွယ်ခြင်းဖြစ်ကြောင်း၊ ပညာရေးဌာနမှပြောသည်။

Read more...

အလန်းဆုံး ကင်မရာနဲ့ ဒီဇိုင်းဆန်းတဲ့ Huawei Ascend P9

Huawei ရဲ့ P အမျိုးအစားဖုန်းတွေကတော့ ဆက်တိုက်ဆိုသလို လန်ထွက်နေတော့တာပါပဲ။အခုတစ်ခါ P9 မှာလည်း အရင် P8 ထက်တော်တော်လေး ကွာအောင်လုပ်ပေးထားတာတွေ့ရတယ်။ P9 မှာထူးခြားတာ က ကင်မရာပိုင်းပဲ။

Read more...
adv

adv

FacebookG+TwitterRSS