Main menu
HOT NEWS
adv

လာမည့် သုံးလအတွင်း Android 7.0 အား Note 7 တွင် စတင်အသုံးပြုနိုင်မည်

ဆိုးလ် ၊ သြဂုတ်

Android 6.0 ဖြင့်ထုတ်လုပ်ထားသော ဆမ်ဆောင်း ဂလက်ဇီ Note 7 သည် လာမည့်သုံးလအတွင်း Android 7.0 အားမြှင့်တင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း GSM Arena သတင်းစာမျက်နှာတွင်ဖော်ပြထား သည်။ ယခုကဲ့သို့ Android အသစ်အားမြှင့်တင်သုံးစွဲနိုင်မည်ဟု ဆမ်ဆောင်း၏ မိုဘိုင်းဌာနမှ အမူဆောင်အရာရှိချုပ် ကိုဒေါင်ဂျင်မှပြောကြား ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Note 7 တွင်လက်ရှိအသုံးပြုလျက်ရှိသော Android 6.0 ၏ အမည်မှာ Marshmallow ဖြစ်ပြီး လာမည့်သုံးလတွင် ထမ်မံ အဆင့်မြှင့်တင်အသုံး ပြုနိုင်မည့် Android 7.0 ၏အမည်မှာ Nougat ဖြစ်သည်။

Read more...

စမတ်ဖုန်းအား ထိန်းချုပ်နိုင်မည့် စမတ်တက်တူး တစ်မျိုးအား မိုက်ခရိုဆော့ဖ်နှင့် အမ်အိုင်တီတို့မှ စမ်းသပ် တီထွင်

လော့အိန်ဂျလိစ် ၊ သြဂုတ်

 

နည်းပညာကုမ္မဏီနှစ်ခုဖြစ်သော မိုက်ခရိုဆော့ဖ်နှင့် အမ်အိုင်တီတို့မှ လူခန္ဓာကိုယ်ပေါ်တွင် ယာယီကပ်ခွာ စမတ်တက်တူး ဖြင့် စမတ်ဖုန်းများအားထိန်းချုပ်နိုင်သည့် နည်းပညာသစ်တစ်ရပ်အား တီထွင်စမ်းသပ်ခဲ့ကြောင်းသိရသည်။ အဆိုပါတက်တူးမှာ ခန္ဓာကိုယ်ပေါ်တွင်ကပ်၍ စမတ်ဖုန်းနှင့်ချိတ်ဆက်ကာ အသုံးပြုရမည်ဖြစ်ပြီး စမတ်ဖုန်းအား အဝေး တွင်ထား၍အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Read more...

မျက်လုံးဖြင့် မျက်နှာပြင် သော့ဖွင့်နိုင်သော နည်းပညာနှင့် မျက်နှာပြင်ကွေး အသုံးပြုထားသည့် Note 7 အား သြဂုတ်လ ၁၉ ရက်နေ့ စတင်ရောင်းချမည်

နယူးယောက် ၊ သြဂုတ် ၃

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် သြဂုတ်လ ၂ ရက်နေ့၌ ကျင်းပသော ဆမ်ဆောင်း၏ Galaxy Note 7 မိတ်ဆက်ပွဲတွင် ယင်းစမတ်ဖုန်းအား သြဂုတ်လ ၁၉ ရက်နေ့ စတင်ရောင်းချမည်ဟုကြေညာခဲ့ကြောင်း The Verge သတင်းဌာနတွင်ဖော်ပြထားသည်။ Note 7 တွင်မျက်လုံးအတွင်းမှ သူငယ်အိမ်အား စစ်ဆေး၍ မျက်နှာပြင် သော့ဖွင့် နိုင်သောနည်းပညာပါဝင်ပြီး မျက်နှာပြင်အကွေးအသုံးပြုထားသော Note 7 Edge မော်ဒယ်သစ်အား ထုတ်လုပ်ပေးထားကြောင်းသိရသည်။ မျက်နှာပြင် ထိခိုက်မူအတွက် အကြမ်းခံနိုင်သော Gorilla Glass 5 အမည်ရှိ မျက်နှာပြင်ကာကွယ်ရေးဖန်သားပြင်တစ်မျိုးအား အသုံးပြုပေးထား ပြီး ရေစိမ်ခံသောစမတ်ဖုန်း တစ်လုံးဖြစ်သည့် အပြင်ရေ အောက်တွင် sPen အသုံးပြု နိုင်သော နည်းပညာလည်း ထည့်သွင်းပေးထားသည်။

Read more...

ဆိုနီ၏ ဘက်ထရီ ထုတ်လုပ်မူ လုပ်ငန်းအား မူရာတာ စွမ်းအင်ကုမ္မဏီသို့ ရောင်းချရန် စီစဉ်နေ

တိုကျို ၊ ဇူလိုင် ၂၉

ဆိုနီ အီလက်ထရွန်နစ်ကုမ္မဏီ၏ ဘက်ထရီထုတ်လုပ်သော လုပ်ငန်းအား မူရာတာ စွမ်းအင်ကုမ္မဏီသို့ ရောင်းချရန် စီစဉ်လျက်ရှိကြောင်းသိရသည်။ အဆိုပါအစီအစဉ်အား အောက်တိုဘာလအကုန်တွင် အပြီး သတ်ရောင်းချမည်ဟု ကောလဟလသတင်းများ ထွက်ပေါ်လျက်ရှိကြောင်းသိရသည်။

Read more...

iPhone 7 အား စက်တင်ဘာလ ၉ ရက်နေ့မှစ၍ ဝယ်ယူရန် ကြိုတင် စာရင်းပေးနိုင်ဟု သတင်းများထွက်ပေါ်

နယူးယောက် ၊ ဇူလိုင် ၂၉

Apple မှ ထပ်မံထုတ်လုပ်မည့် မျိုးဆက်သစ် iPhone 7 အား စက်တင်ဘာလ ၉ ရက်နေ့တွင် ဝယ်ယူရန်ကြိုတင်စာရင်းပေးနိုင်မည်ဟု သတင်းများထွက်ပေါ်လျက်ရှိကြောင်း GSM Arena သတင်းဌာနတွင်ဖော်ပြ ထားသည်။ ယင်းကောလဟလတွင် iPhone 7 အား စက်တင်ဘာလ ၁၆ရက်နေ့တွင် စတင်၍ လက်ဝယ်အရောက်ပို့ဆောင်ပေးမည်ဟူ သောအချက်အလက်များလည်း ပါဝင်ကြောင်းသိရသည်။ အချို့သတင်းများတွင် လည်း စက်တင်ဘာလ ၂၅ ရက်နေ့တွင် လက်ဝယ်အရောက်ပို့ဆောင်ပေးမည်ဟု ရေးသားထား ကြောင်းသိရသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616