Main menu
HOT NEWS
adv
အောက်တိုဘာ လအတွင်း ကလစ်ခ်ျကိုနှင့် ဂျိုရှုဝါတို့ မကျေပွဲ ထပ်မံ ယှဉ်ပြိုင်ဖွယ် ရှိ

အောက်တိုဘာ လအတွင်း ကလစ်ခ်ျကိုနှင့် ဂျိုရှုဝါတို့ မကျေပွဲ ထပ်မံ ယှဉ်ပြိုင်ဖွယ် ရှိ

၂ဝ၁၇ ခုနှစ် ဧပြီ ၂၉ ရက်တွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ၌ ရှုံးပွဲမရှိ လူငယ်လက်ဝှေ့ချန်ပီယံ ဗြိတိန်လက် ဝှေ့ကျော် ဂျိုရှုဝါအား အရေးနိမ့်ခဲ့သည့် ယူကရိန်း လက်ဝှေ့ကျော် ဝလာဒီမာကလစ်ခ်ျကိုသည် မကျေပွဲ ထပ်မံ ယှဉ်ပြိုင်ထိုးသတ်ရန် ဆန္ဒရှိနေပြီး လာမည့် အောက်တိုဘာလအတွင်း၌ ပွဲစဉ်ဖြစ်ပေါ်လာဖွယ် ရှိနေကြောင်း ဗြိတိန်လက်ဝှေ့လောကအတွင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

 

ကမ္ဘာ့ချန်ပီယံဟောင်းဖြစ်သူ ဝလာဒီမာကလစ်ခ်ျ ကိုနှင့် ရှုံးပွဲမရှိ ချန်ပီယံ ဂျိုရှုဝါတို့ ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲစဉ်မှာ ပရိသတ်စိတ်ဝင်စားမှု အမြင့်ဆုံးပွဲ စဉ်ဖြစ်လာခဲ့ပြီး ၁၁ ချီတွင် အလဲထိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့သည့် ဂျိုရှုဝါအနေဖြင့် တိုင်ဆန်ဖူရီပြီးနောက် ဝလာဒီမာကလစ်ခ်ျကိုအား အနိုင်ရရှိခဲ့သည့် ဒုတိယ မြောက် ဗြိတိန်လက်ဝှေ့ကစားသမားအဖြစ်လည်း ရပ်တည်နိုင်ခဲ့သည်။ IBF, IBO, WBA စူပါဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီ ယံဆုများအား လွှဲပြောင်းရယူခဲ့သည့် ဂျိုရှုဝါအနေ ဖြင့် ဟဲဗီးဝိတ်လောက၏ ထိပ်တန်းကစားသမား တစ်ဦးဖြစ်သူ တစ်နိုင်ငံသား လက်ဝှေ့ကျော် တိုင်ဆန်ဖူရီအား စိန်ခေါ်ထိုးသတ်ရန် စီစဉ်နေသော်လည်း လက် ဝှေ့လောက၏ အစဉ်အလာအတိုင်း ဝလာဒီမာကလစ်ခ်ျကို၏ တစ်ကျော့ပြန် စိန်ခေါ်မှုအား လက်ခံရဖွယ် ရှိသည့်အတွက် အဆိုပါပွဲစဉ်မှာ အမှန်တကယ် ဖြစ် ပေါ်လာနိုင်ကြောင်း သတင်းဖော်ပြမှုများရှိနေခဲ့ခြင်း ဖြစ်သည်။

 

WKM

#theyangontimes

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616