Main menu
HOT NEWS
adv
၁၇ နှစ်အကြာမှ ချန်ပီယံဆုအား မိုနာကိုအသင်း ပြန်လည်ရယူနိုင်ခဲ့

၁၇ နှစ်အကြာမှ ချန်ပီယံဆုအား မိုနာကိုအသင်း ပြန်လည်ရယူနိုင်ခဲ့

ပြင်သစ်လီဂူးထိပ်သီးကလပ် မိုနာကိုအသင်းသည် စိန့်အက်တီယန် အသင်းနှင့်ယှဉ်ပြိုင်ခဲ့သည့် လီဂူးပွဲကျန်တွင် အနိုင်ရရှိခဲ့ခြင်းကြောင့် လက်ကျန်တစ်ပွဲအလို၌ အမှတ်ပေးဇယားဒုတိယနေရာမှ ပီအက်စ်ဂျီအသင်းအား ရမှတ်ခြောက်မှတ်ဖြတ်ထားနိုင်ခဲ့သည့်အတွက် ရာသီကုန် ဆုံးရန်တစ်ပွဲအလိုတွင် ချန်ပီယံဆု အား ၁၇ နှစ်ကြာလွဲချော်နေခဲ့ရာမှ ပြန်လည်ရယူနိုင်ခဲ့ပြီဖြစ်သည်။

 

မိုနာကိုအသင်းသည် ၂ဝဝဝ ခုနှစ်တွင် ပြင်သစ်လီဂူးချန်ပီယံဆု အားရယူနိုင်ခဲ့ပြီးနောက်ပိုင်းတွင် အသင်းဘဏ္ဍာရေးအခြေအနေများ ယိမ်းယိုင်မှု၊ ကျဆုံးမှုတွေကြောင့် ချန်ပီယံဆုရရှိရန်ရုန်းကန်ခဲ့ရပြီး ၁၇နှစ်အကြာတွင်မှ ချန်ပီယံဆုအား တစ်ကျော့ပြန်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ မိုနာကို အသင်းတာဝန်ရှိသူများအနေဖြင့် ပရိသတ်များနှင့်အတူ အောင်ပွဲခံရ မည့်အချိန်ကျရောက်ခဲ့ပြီဖြစ်ကြောင်း အသင်းပိုင်လူမှုကွန်ယက်စာမျက်နှာများတွင်ဖော်ပြခဲ့ပြီး အသင်းအား တာဝန်ယူကိုင်တွယ်ခဲ့သည့် နည်းပြ ဂျာဒင်အပေါ်လည်း ချီးကျူးမှုများ ပြုလုပ်ခဲ့ပြီး စီနီယာ၊ ဂျူနီယာကစားသမားများ၏ အချိုးညီညီပေါင်းစပ် နိုင်မှု၏အောင်ပွဲဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။


WKM

#democracytoday

Rate this item
(1 Vote)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616