Main menu
HOT NEWS
adv
ပွဲချိန် ရွှေ့ပြောင်းပေးခြင်း မရှိသည့်အပေါ် မန်ယူနည်းပြ မော်ရင်ဟို ဝေဖန်မှုများပြုလုပ်၊ မော်ရင်ဟိုအနေဖြင့် ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း အေဂျက်ဇ် နည်းပြ ဝေဖန်

ပွဲချိန် ရွှေ့ပြောင်းပေးခြင်း မရှိသည့်အပေါ် မန်ယူနည်းပြ မော်ရင်ဟို ဝေဖန်မှုများပြုလုပ်၊ မော်ရင်ဟိုအနေဖြင့် ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း အေဂျက်ဇ် နည်းပြ ဝေဖန်

မန်ယူနည်းပြမော်ရင်ဟိုသည် ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်ရှိနေသည့်တိုင် ခရစ္စတယ် ပဲလေ့စ်ပွဲချိန်အားရွှေ့ပေးရန် တောင်းဆိုခဲ့ သော်လည်း ငြင်းပယ်ခဲ့သည့်ပရီးမီးယားလိဂ် တာဝန်ရှိသူများအား ဝေဖန်ပြောကြားမှုများ ပြုလုပ်ခဲ့ပြီး အဆင့်-၆ နေရာတွင် ရပ်တည် နေသည့်အသင်းအတွက် လိဂ်ပွဲကအရေး မပါတော့ကြောင်း၊ လိဂ်အဆင့်အတန်းအတွက် ကိုယ်စားပြုကစားမည့် ဥရောပပွဲစဉ် အတွက် လိုက်လျောညီထွေလုပ်ဆောင်ပေး ခြင်းမရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

 

ပရီးမီးယားလိဂ်တာဝန်ရှိသူများအနေ ဖြင့် ရာသီပိတ်နောက်ဆုံးပွဲစဉ်အား တစ်ချိန်တည်း၌ကျင်းပစေခြင်းက အစဉ်အလာတစ်ခု လိုဖြစ်နေသည့်အတွက် ပွဲစဉ် ၃၈ အား တနင်္ဂနွေနေ့တွင် ကျင်းပရန်စီစဉ်ခဲ့ခြင်းအပေါ် ကြာသတေးနေ့တွင် ယူရိုပါလိဂ်ပွဲစဉ် ကစားရန်ရှိနေသည့် မန်ယူနည်းပြ မော်ရင်ဟိုက ယခုကဲ့သို့ ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ''လိုအပ်ချက်အရ ပွဲချိန်ကိုရွှေ့ပြောင်းပေးဖို့တောင်းဆိုခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ပဲလေ့စ်အသင်းအနေနဲ့ တန်းမဆင်းရ တော့တဲ့အခြေအနေကြောင့် တစ်ချိန်တည်း ကန်စရာမလိုဘူးလို့ထင်ပါတယ်။ နှစ်သင်းလုံးအတွက် အမှတ်မလိုတော့တဲ့အနေအထားတစ်ခု တနင်္ဂနွေပွဲအစား စနေနေ့ကိုပြောင်း ကစားဖို့ဆိုတာ ခက်ခဲတဲ့အနေအထားတစ် ရပ်မဟုတ်ပါဘူး။ ဒါပေမဲ့ ပယ်ချခံခဲ့ရတာက တကယ်ကိုနစ်နာလွန်းပါတယ်''ဟု နည်းပြ မော်ရင်ဟိုက ဆိုခဲ့သည်။


ပရီးမီးယားလိဂ်တွင် အဆင့်- ၆ နေရာ နှင့်သာကျေနပ်ခဲ့ရသည့် မန်ယူအသင်းသည် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင်အနိုင်ရဗိုလ်စွဲမှသာ ချန်ပီယံလိဂ်ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည့်အတွက် အဆိုပါပွဲစဉ်အပေါ် ပိုမိုအာရုံစိုက်လျက်ရှိကာ ပရီးမီးယားလိဂ်ပွဲစဉ်အားရွေ့ဆိုင်းပေးရန် နည်းပြ မော်ရင်ဟိုက တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ထို့အတူဆက်စပ်သတင်းများအရ ပြိုင်ဘက်အေဂျက်ဇ်နည်းပြ ပီတာဘော့ဇ်အနေ ဖြင့် ပွဲမတိုင်မီတွင် နည်းပြမော်ရင်ဟိုအပေါ် စကားစစ်ထိုးမှုများစတင်ပြုလုပ်ခဲ့ပြီး မော်ရင်ဟိုအနေဖြင့် ဖိအားများနှင့်ရင်ဆိုင်နေရ ကြောင်း ဝေဖန်ပြောကြားခဲ့သည်။  ''ဗိုလ်လုပွဲစဉ်ဖြစ်တဲ့အတွက် ဘာမဆို ဖြစ်လာနိုင်ပါတယ်။ နိုင်ပွဲရယူလိုမှုက ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်နေတဲ့မန်ယူက ပိုများ နေပါလိမ့်မယ်။ နည်းပြမော်ရင်ဟိုအနေနဲ့ ဖိအားအချို့ခံစားနေရတယ်လို့ထင်ပါတယ်''ဟု နည်းပြပီတာဘော့ဇ်က ဆိုခဲ့သည်။ 

 

WKM

#democracytoday

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616