Main menu
HOT NEWS
adv
မြန်မာယူ-၂၂ အသင်း တောင်ကြီးမြို့တွင် လေ့ကျင့်လျက်ရှိ

မြန်မာယူ-၂၂ အသင်း တောင်ကြီးမြို့တွင် လေ့ကျင့်လျက်ရှိ

ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၂၂ အသင်းသည် တောင်ကြီး မြို့သို့ သွားရောက်လေ့ကျင့်လျက် ရှိကြောင်း သိရသည်။ မြန်မာယူ-၂၂ အသင် မှာ ဇွန် ၁၆ ရက်ကတည်းက ကစားသမား ၂၈ ဦးဖြင့် လေ့ကျင့်မှုများ ပြုလုပ်နေပြီး ဇွန် ၂၂ ရက်အထိ လေ့ကျင့်မှုများ ဆက်လက်ပြုလုပ် သွားမည်ဖြစ်သည်။


မြန်မာယူ-၂၂ အသင်းအနေဖြင့် ဆီးဂိမ်းမတိုင်မီ ခြေစမ်းသည့်အနေဖြင့် လာမည့် ဇွန် ၂၈ ရက်မှစတင်ကာ ကမ္ဘောဇဘဏ် ဖလား ယူ-၂၂ ဖိတ်ခေါ်ဖလား ပြိုင်ပွဲလည်း ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာ ယူ-၂၂ အသင်းအနေဖြင့် ဇွန် ၂၈ ရက်တွင် ကမ္ဘောဒီးယားအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဇွန် ၃ဝ ရက်တွင် ဟောင်ကောင် ယူ- ၂၂၊ ဇူလိုင် ၂ ရက်တွင် ဂျပန် တက္ကသိုလ်လက်ရွေးစင် ယူ-၂၂ အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။


မြန်မာယူ-၂၂ အသင်းကို နည်းပြချုပ်အဖြစ် လက်ရွေးစင် နည်းပြဂတ်ဇီဆီက တာဝန်ယူကိုင်တွယ်မည်ဖြစ်သည်။ လက်ရွေးစင် အသင်းမှ ကစားသမားများကိုလည်း တောင်ကြီးလေ့ကျင့်ရေးခရီးစဉ်တွင် လိုက်ပါလေ့ကျင့်စေမည်ဖြစ်သည်။ မြန်မာယူ- ၂၂ အသင်းအနေဖြင့် လာမည့်သြဂုတ်လအတွင်း မလေး ရှားနိုင်ငံက လက်ခံကျင်းပမည့် (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းတွင် ချန်ပီယံရွှေတံဆိပ်ရရှိရန် ပစ်မှတ်ထားနေကြောင်း သိရသည်။

 

#theflowernews

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191