Main menu
HOT NEWS
adv
ဆုဖလားများ ရရှိရန် ကူညီပေးသွားမည်ဟု မန်ယူ ကစားသမားသစ် လင်ဒီလော့ဖ် ဆို

ဆုဖလားများ ရရှိရန် ကူညီပေးသွားမည်ဟု မန်ယူ ကစားသမားသစ် လင်ဒီလော့ဖ် ဆို

မန်ယူအသင်းက ခေါ် ယူလိုက်သည့် ဆွီဒင်နောက်ခံလူ လင်ဒီလော့ဖ်က မန်ယူအသင်းအား ဆုဖလားများ ပိုမိုရရှိလာရန် အကူအညီပေးသွားမည်ဖြစ်ကြောင်း အသင်းနှင့် စာချုပ်ချုပ်ဆိုအပြီးတွင် ပြောကြားသည်။ မန်ယူအသင်းမှာ ၂၂ နှစ်ရှိ ဘင်ဖီကာနောက်ခံလူအတွက် ပေါင် ၃ဝ ဒသမ ၇ သန်း ပေးချေခဲ့ရပြီး လေးနှစ်စာချုပ်ချုပ်ဆိုခဲ့သည်။

 

''မန်ယူအသင်းဆီ ပြောင်းရွှေ့လာရတဲ့အတွက် ပျော်ပါတယ်။ ဘင်ဖီကာမှာ သင်ယူလေ့လာစရာတွေ တော်တော်များများကိုသင်ယူခဲ့ပါပြီ။ ဒါပေမဲ့ ပရီးမီးယားလိဂ်နဲ့ မော်ရင်ဟိုရဲ့ လက်အောက်မှာ ကစားခွင့်ရဖို့ ဆက်လက်ကြိုးစားရဦးမှာပါ။ အသင်းနဲ့အတူ အမြန်ဆုံး ပွဲထွက်ကစားချင်ပြီး မန်ယူအသင်းကို ဆုဖလားတွေ ပိုမိုရရှိဖို့ ကျွန်တော် ကူညီချင်ပါတယ်''ဟု လင်ဒီလော့ဖ်က ပြောသည်။


''ဗစ်တာ(လင်ဒီလော့ဖ်)က အရမ်းထူးချွန်ပြီး အလားအလာရှိတဲ့ လူငယ်ကစားသမားတစ်ယောက်ပါ။ မနှစ်က ကျွန်တော်တို့အသင်းကို ပြန်ကြည့်မယ်ဆိုရင် အရည်အသွေးရှိတဲ့ကစားသမားတွေ ခေါ်ဖို့ လိုအပ်ခဲ့တာ တွေ့ရမှာပါ။ ဗစ်တာကတော့ ဒီနွေမှာ ပထမဆုံးခေါ် လိုက်တဲ့သူပေါ့။ အသင်းကကစားသမားတွေကလဲ သူရောက်လာတာကို ကြိုဆိုကြလိမ့်မယ်ဆို ကျွန်တော် သိပါတယ်''ဟု မော်ရင်ဟိုက ပြောသည်။


၂၂ နှစ်ရှိ လင်ဒီလော့ဖ်မှာ ၂ဝ၁၂ က ပြည်တွင်းကလပ် ဗက်စ်တာရက်စ်အသင်းမှ ဘင်ဖီကာ B အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ၂ဝ၁၃ ခုနှစ်မှစတင်ကာ ဘင်ဖီကာအသင်းကြီးတွင် ပါဝင်ကစားခဲ့သည်။ ဘင်ဖီကာအတွက် စုစုပေါင်း ၇၃ ပွဲ ကစားခဲ့ပြီး နှစ်ဂိုးသွင်းယူခဲ့သည်။

 

WKM

#theflowernews

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616