Main menu
HOT NEWS
adv
လူငယ်များဖြင့် ဖွဲ့စည်းထားသော ဂျာမနီအသင်းကို ပြိုင်ဘက်များ လျှော့တွက်လာနိုင်သည် ဟု ရူဒီဂါ သတိပေး စီးရီးအေ ပြိုင်ပွဲတွင် လူမျိုးရေး ခွဲခြားမှုများ ရှိနေသော်လည်း ထိရောက်စွာ အရေးယူခြင်း မရှိဟု ဝေဖန်ပြော ဆို

လူငယ်များဖြင့် ဖွဲ့စည်းထားသော ဂျာမနီအသင်းကို ပြိုင်ဘက်များ လျှော့တွက်လာနိုင်သည် ဟု ရူဒီဂါ သတိပေး စီးရီးအေ ပြိုင်ပွဲတွင် လူမျိုးရေး ခွဲခြားမှုများ ရှိနေသော်လည်း ထိရောက်စွာ အရေးယူခြင်း မရှိဟု ဝေဖန်ပြော ဆို

ဂျာမနီအသင်းသည် ၂ဝ၁၇ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲအား လူငယ်များဖြင့်သာ ရင်ဆိုင်မည် ဖြစ်သောကြောင့် ပြိုင်ဘက်အသင်းများက လျှော့တွက်လာနိုင်ကြောင်း နောက်ခံလူ ရူဒီဂါက သတိပေး ပြောဆိုလိုက်သည်။ ကမ္ဘာ့ချန်ပီယံ ဂျာမနီအသင်းသည် ကွန်ဖက်ဒရေး ရှင်းဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ရန်အတွက် စီနီယာကစားသမားများ ဖြစ်သော အိုဇေး၊ တိုနီခရူးစ်၊ ဘိုတန်၊ ဟမ်းမဲလ် အစရှိသည့် ကစားသမားများကို ချန်လှပ်ကာ လူငယ်ကစား သမားအများစုဖြင့် ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ရာ ရူဒီဂါက ယင်းသို့ဆို ခဲ့ခြင်းဖြစ်သည်။

လူငယ်များကိုသာ ရွေးချယ်ထားသော ဂျာမနီအသင်း၏အနေအ ထားနှင့်ပတ်သက်၍ ရူဒီဂါက ''ကျွန် တော်တို့ရင်ဆိုင်ရမယ့် အုပ်စုအနေအထားက တကယ့်ကို မလွယ်ပါဘူး။ အသင်းအားလုံးက ရုပ်ပိုင်းဆိုင် ရာကြံ့ခိုင်မှုအပြည့်ရှိတဲ့အသင်းတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ အသင်းက ပုံမှန်အသင်းမဟုတ်ဘဲ လူငယ် တွေကိုပဲရွေးချယ်ထားတာဆိုတော့ သြစတြေးလျကလည်း ကျွန်တော်တို့ ကို အနိုင်ကစားဖို့အထိ ကြိုးစားလာနိုင်တယ်။ အချို့အသင်းတွေက လျှော့ တွက်လာနိုင်လို့ ဒါကပဲ ကျွန်တော်တို့အသင်းအတွက် အားသာချက်ဖြစ် လာနိုင်ပါတယ်''ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ ဂျာမနီအသင်းသည် ကွန်ဖက်ဒရေးရှင်းဖလား အုပ်စု တွင် ကင်မရွန်း၊ သြစတြေးလျ၊ ချီလီအသင်းတို့နှင့် တစ်အုပ်စုတည်းကျ ရောက်နေပြီး အုပ်စုအဖွင့်ပွဲစဉ်အ ဖြစ် ယနေ့ညတွင် သြစတြေးလျနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။


တစ်ဆက်တည်းမှာပင် ရူဒီဂါက လူမျိုးရေးခွဲခြားမှုများမှာ အီတလီစီးရီးအေပြိုင်ပွဲတွင် မကြာခဏ ဖြစ်ပေါ်နေသော်လည်း ထိရောက်သည့် အရေးယူမှုများမရှိကြောင်း ဝေဖန် ပြောဆိုလိုက်သည်။ ရိုးမားအသင်း တွင်ကစားနေသော ရူဒီဂါသည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ကစားခဲ့သော လာဇီယိုနှင်ပွဲစဉ်တွင် လာဇီယိုကွင်းလယ်လူ လူလစ်၏ လူမျိုးရေး ခွဲခြားဆဲဆိုခြင်းခံခဲ့ရသည်။ အလားတူ ပက်စ်ကာရာတွင် ကစားနေသော မွန်တာရီမှာလည်း ကက်ဂလီယာရီနှင့်ပွဲစဉ်တွင် ပရိသတ်များ၏ လူမျိုး ရေးခွဲခြားမှုများ ရင်ဆိုင်ခဲ့ရသော်လည်း ပြိုင်ပွဲတာဝန်ရှိသူများက ထိရောက်စွာ အရေးယူမှုမရှိကြောင်း ဝေဖန်ပြော ဆိုခဲ့ခြင်းဖြစ်သည်။


ရူဒီဂါက ''ပွဲတိုင်းလိုလိုမှာ ကျွန်တော်က မျောက်လိုအော်ဟစ် လှောင်ပြောင်ခြင်းခံရပေမယ့် တာဝန်ရှိသူတွေက ဘာအရေးယူမှုမှမလုပ် ခဲ့ကြဘူး။ ဘာလို့အရေးမယူလဲဆိုတာကို ကျွန်တော် နားမလည်နိုင် အောင်ဖြစ်ရပါတယ်။ တကယ်ဆို ဒိုင်လူကြီး ဒါမှမဟုတ် ကွင်းအတွင်း ကြေညာသူဆီကနေ သတိပေးပြောဆို မှုတွေလုပ်လို့ရလျက်နဲ့ကို တမင်မျက်ကွယ်ပြုနေကြတယ်၊ ဒါတွေကို ထိထိ ရောက်ရောက် အရေးယူဖို့လို နေပါပြီ'' ဟုဆိုသည်။ 

 

WKM

#democracytoday

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616