Main menu
HOT NEWS
adv
ပွဲဦးထွက်မှာ နယူးဇီလန်ကို ခြေအသာနဲ့ ကစားပြီး အိမ်ရှင် ရုရှား အနိုင်ယူ

ပွဲဦးထွက်မှာ နယူးဇီလန်ကို ခြေအသာနဲ့ ကစားပြီး အိမ်ရှင် ရုရှား အနိုင်ယူ

ရုရှား ၂-ဝ နယူးဇီလန်

၂ဝ၁၇ ကွန်ဖက်ဒရေးရှင်းဖလား အိမ်ရှင်ရုရှားအသင်းဟာ ကိုယ့်ကွင်း၊ ကိုယ့်ပရိသတ်ရှေ့မှာပဲ နယူးဇီလန်ကို အကောင်းဆုံးရင်ဆိုင်ကစားခဲ့ပြီး နယူးဇီလန်နောက်ခံလူ ဘိုဇောရဲ့   OG၊ တိုက်စစ်မှူး ဆမိုလော့ဗ်ရဲ့ ဒုတိယပိုင်းသွင်းဂိုးတွေကြောင့် ပွဲဦးထွက်မှာပဲ ရလဒ်ကောင်းကိုရရှိသွားခဲ့ပါတယ်။ အိမ်ရှင်ရုရှားဟာ ဒီပွဲမှာ ပိုလော့ဇ်၊ ဆမို လော့ဗ်တို့ တိုက်စစ်အတွဲနဲ့အတူ ဂလူရှာ ကော့ဗ်၊ ဂိုလိုဗင်တို့ ကွင်းလယ်အားနဲ့ ၃-၅-၂ ကစားကွက်အတိုင်း ပွဲထွက်ရင်ဆိုင်ခဲ့တာပါ။ နယူးဇီလန်ကတော့ ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲအတွေ့အကြုံရှိပေမယ့်လည်း ဒီပွဲမှာ ခံစစ်အားပြုရင်ဆိုင်ခဲ့ရပြီး အိမ်ရှင်ရုရှားရဲ့တရစပ်ဖိအားပေးမှုကိုသာ ရင်ဆိုင် ခဲ့ရတာပါ။


ပွဲချိန်ပထမပိုင်းမှာ အိမ်ရှင်ရုရှားက ဂိုးရမယ့်အခွင့်အရေးတွေ ဖန်တီပေးနိုင်ခဲ့ ပေမယ့် ပွဲချိန် ၃၁ မိနစ်မှာတော့ လူကျွံ ထောင်ချောက်ကနေ ဂလူရှာကော့ဗ်ဂိုးရဖို့ ကြိုးစားတာကို ဘိုဇောက ပိတ်ဆို့ဖို့ကြိုး စားရင်း OG  ဖြစ်သွားခဲ့လို့ ပထမပိုင်းမှာ ရုရှားကို ၁-ဝ နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ နယူးဇီလန်က ချေပဂိုးရရှိရေးအတွက် တန်ပြန်တိုက်တွေက နေ ဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ရုရှားကွင်းလယ်နဲ့ခံစစ်မှူးတွေကို မကျော်လွှားနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းအစမှာလည်း ရုရှားကပဲ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး ဂိုးရဖို့အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင်အသုံးမချနိုင်ခဲ့ဘဲ နစ်နာခဲ့ရတာပါတယ်။

 

ပွဲချိန် ၆၉ မိနစ်မှာတော့ ဆလို မော့ဗ်က ညာတောင်ပံက ဆာမီဒေါ့ဗ်ရဲ့ ဖြတ်တင်ပေးပို့မှုကို လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းယူနိုင်ခဲ့လို့ ရုရှားဒုတိယဂိုးရခဲ့တာ ဖြစ်ပါတယ်။ ဒုတိယဂိုးပေးလိုက်ရပြီးနောက်မှာ တော့ နယူးဇီလန်ဟာတိုက်စစ်ဖွင့်ပြီး ချေပဂိုးရဖို့ကြိုးစားခဲ့ရမှာ အပိုင်ကန်ချက်တွေ ကန်ခွင့်ရခဲ့ပေမယ့် ရုရှားဂိုးသမားအက်ကင် ဖိဗ်ရဲ့ လက်စွမ်းပြကာကွယ်မှုနဲ့ တိုင်ထိထွက်ခဲ့လို့သာ နယူးဇီလန်အသင်း ချေပဂိုးတစ် ဂိုးမှမရဘဲ ၂-ဝ နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

 

TRA

#democracytoday

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616