Main menu
HOT NEWS
adv
ဂွါဒီယိုလာနှင့် မန်စီးတီး အသင်းအတွက် ဝမ်းနည်းမိဟု ဒယ်နီအဲလ်ဗက် ဆို

ဂွါဒီယိုလာနှင့် မန်စီးတီး အသင်းအတွက် ဝမ်းနည်းမိဟု ဒယ်နီအဲလ်ဗက် ဆို

ပီအက်စ်ဂျီအသင်းထံပြောင်းရွှေ့ခဲ့သည့် ဂျူဗင်တပ် နောက်ခံလူ ဒယ်နီအဲလ်ဗက်စ်က မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ရန် ငြင်းဆန်ခဲ့သည့်အပေါ်အသင်းနှင့် နည်းပြ ဂွါဒီယိုလာတို့အတွက် ဝမ်းနည်းမိကြောင်းဖွင့်ဟလိုက်သည်။  အသက် ၃၄ နှစ်ရှိ ဘရာ ဇီးကစားသမား အဲလ်ဗက်စ်မှာ ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာပြီးနောက်ပိုင်း ဆရာဟောင်း ဂွါဒီယိုလာကိုင်တွယ်နေသည့် မန်စီးတီးအသင်းထံ ပြောင်းရွှေ့ရန် သဘောတူညီခဲ့သော်လည်း ပီအက်စ်ဂျီအသင်းထံ ပြောင်း ရွှေ့သွားခြင်း ဖြစ်သည်။


အဲလ်ဗက်စ်က ''ကျွန် တော် ပီအက်စ်ဂျီအသင်းဆီ ပြောင်းသွားလို့ နည်းပြ ဂွါဒီယိုလာနဲ့ မန် စီးတီး အသင်းဘက်က နာကျင်ခံစားရမယ်ဆိုရင် ကျွန်တော်လည်း ဝမ်းနည်းမိမှာပါ။ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့တာဟာ ချန်ပီယံ ဖြစ်လိုတဲ့ အတွက်ကြောင့်ပါ။ ဒီအသင်းမှာ စိတ်ဝင်စားစရာ ကောင်း တဲ့ အစီအစဉ်တွေ ရှိတယ်။ ကျွန် တော့်သူငယ်ချင်းတွေလည်းရှိတယ်။ ကျွန်တော်က စိန်ခေါ်မှုတွေကို နှစ်သက်တဲ့ ကစားသမား တစ်ဦးပါ။ ချန်ပီယံလိဂ် သုံးကြိမ် ရရှိထားတဲ့ အတွေ့အကြုံတွေနဲ့ ပီအက်စ်ဂျီအ သင်းကို ကူညီပေးသွားမှာပါ''ဟု စာချုပ် ချုပ်ဆိုအပြီးတွင် ပြောကြားခဲ့သည်။  အဲလ်ဗက်စ်အနေဖြင့် ပီအက်စ်ဂျီအသင်းနှင့် နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် နှစ်သိန်းသုံးသောင်းအထိ ရရှိမည် ဖြစ်သည်။ မန်စီးတီးအသင်းမှာ အဲလ်ဗက်စ်ကို လက်လွှတ်ခဲ့ရသော်လည်း စပါးနောက်ခံလူ ဝေါ်ကာကို ပေါင်သန်း ၅ဝ ဖြင့်ခေါ်ယူရန် သဘောတူညီမှု ရရှိထားသည်။

 

WKM
#theflowernews

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191