Main menu
HOT NEWS
adv
ဘာကာယိုကိုအား ငါးနှစ်စာချုပ်ဖြင့် ချဲလ်ဆီးခေါ်ယူနိုင်ခဲ့ခြင်းကြောင့် မန်ယူအသင်းသို့ ကွင်းလယ်လူ မာတစ် ပြောင်းရွှေ့ရန် နီးစပ်လာ

ဘာကာယိုကိုအား ငါးနှစ်စာချုပ်ဖြင့် ချဲလ်ဆီးခေါ်ယူနိုင်ခဲ့ခြင်းကြောင့် မန်ယူအသင်းသို့ ကွင်းလယ်လူ မာတစ် ပြောင်းရွှေ့ရန် နီးစပ်လာ

ချဲလ်ဆီးအသင်းသည် မိုနာကိုကွင်းလယ်လူ ဘာကာယိုကိုအား ငါးနှစ်စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ ၂၂ နှစ်အရွယ် ဘာကာယိုကိုအား ပြောင်းရွှေ့ကြေး ပေါင် သန်း ၄ဝ ဖြင့်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပြီး ချဲလ်ဆီးအသင်း တွင် ကျောနံပါတ် ၁၄ ဂျာစီကို ဝတ်ဆင်မည် ဖြစ်ကြောင်းသိရသည်။

 

ချဲလ်ဆီအသင်းသို့ပြောင်းရွှေ့နိုင်ခဲ့ ခြင်းနှင့်ပတ်သက်၍ ဘာကာယိုကိုက ''ချဲလ်ဆီးအသင်းက ကျွန်တော်ငယ်ငယ်ကတည်းက ကြည့်လာခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဒီအသင်းနဲ့စာချုပ်တာကတော့ ကျွန်တော့်အတွက်ပုံမှန်ပါပဲ။ ဘာလို့လည်းဆိုတော့ ငယ်ငယ်ကတည်းက အားပေးခဲ့တဲ့အသင်းဖြစ် နေလို့ပါပဲ။ ချဲလ်ဆီးမှ နည်းပြကောင်းနဲ့ ကောင်းမွန်တဲ့ ကစားဖော်တွေနဲ့အတူ အကောင်းဆုံးလုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်''ဟုဆိုသည်။


ဘာကာယိုကိုသည် ယခုနွေရာသီတွင် ချဲလ်ဆီးအသင်းခေါ်ယူလိုက်သော ဒုတိယ မြောက်ကစားသမားဖြစ်ပြီး ၎င်းရောက်ရှိ လာခြင်းကြောင့် ချဲလ်ဆီး၏ရာသီအကြို ခြေစမ်းခရီးအတွက် ချန်လှပ်ခံခဲ့ရသော ကွင်းလယ်လူ မာတစ်မှာ မန်ယူသို့ပြောင်း ရွှေ့ဖွယ်ရှိနေကြောင်း သတင်းများထွက် ပေါ်လျက်ရှိသည်။ 

 

WKM

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191