Main menu
HOT NEWS
adv
ဘရာဇီး လူငယ် ကွင်းလယ် ကစားသမား ဒေါက်ကလပ် လူးဝစ်ကို မန်စီးတီးအသင်း ထပ်မံခေါ်ယူ

ဘရာဇီး လူငယ် ကွင်းလယ် ကစားသမား ဒေါက်ကလပ် လူးဝစ်ကို မန်စီးတီးအသင်း ထပ်မံခေါ်ယူ

မန်စီးတီးအသင်းသည် ယခုနွေရာသီ အပြောင်းအရွှေ့ကာလအတွင်း စတုတ္ထ မြောက် ကစားသမားသစ်ခေါ်ယူမှုအဖြစ် ဘရာဇီးကလပ် ဗာစကိုဒဂါးမားမှ လူငယ်ကွင်းလယ်ကစားသမား ဒေါက်ကလပ် လူးဝစ်အား ပေါင် ၁ဝ ဒသမ ၇ သန်းဖြင့် ခေါ်ယူလိုက်ကြောင်းသိရသည်။

 

မန်စီးတီးအသင်းသည် စပါးနောက်ခံ လူဝေါ်ကာအား ပေါင် ၅၄ သန်းဖြင့်ခေါ်ယူ ပြီး ၂၄ နာရီအကြာတွင် ဒေါက်ကလပ်လူးဝစ် ကို ငါးနှစ်စာချုပ်ဖြင့်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ အသက် ၁၉နှစ်အရွယ် ဒေါက်ကလပ် လူးဝစ်သည် မန်စီးတီးအသင်း၏ ငါးယောက် မြောက် ဘရာဇီးကစားသမားဖြစ်လာခဲ့ပြီး မန်စီးတီးအသင်းက ၎င်းအားအတွေ့ အကြုံသစ်များရရှိစေရန် မိတ်ဘက်ကလပ် ဖြစ်သော စပိန်ကလပ် ဂျီရိုနာအသင်းသို့ အငှားချထားမည်ဖြစ်ကြောင်းလည်း သိရသည်။ ဒေါက်ကလပ်လူးဝစ်အား ခေါ်ယူနိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ မန်စီးတီးအသင်း၏ အားကစားဒါရိုက်တာဘီဂီရီစတိန်းက '' အခုလို ဒေါက်ကလပ်လူးဝစ်ကို အရခေါ်ယူနိုင်ခဲ့လို့ ကျွန်တော်တို့ဝမ်းသာပါတယ်။သူဟာအလားအလာရှိတဲ့ လူငယ်ကစားသမားတစ်ယောက်ပါ။ အသင်းက လူတွေအားလုံးကလည်း သူ့ရဲ့ခြေစွမ်း ဖွံ့ဖြိုးတိုးတက်လာအောင် ကူညီပေးဖို့အဆင်သင့်ပါပဲ''ဟု ဆိုသည်။


မန်စီးတီးအသင်းသည် အလားအလာရှိသော ဒေါက်ကလပ်လူးဝစ် အားခေါ်ယူခဲ့ခြင်းမှာ ရင်းနှီးမြှုပ်နှံထားခြင်းသာဖြစ်ပြီး လာမည့် နှစ်အနည်းငယ်အတွင်း အသင်းတွင် တိုက်စစ်မှူးဂါဘရီရယ်ဂျီးဆပ်နှင့် အတူတွဲကစားနိုင်မည် ဟုမျှော်လင့်ထားသည်။ ယခုအခါ ဒေါက်ကလပ် လူးဝစ်အပါအဝင် ကစားသမားသစ်လေးဦးအထိ ခေါ်ယူထားပြီးဖြစ်သောကြောင့် မန်စီးတီးအသင်းသည် တောင်ပံ တိုက်စစ်ကစားသမား နိုလီတိုအား ပြောင်းရွှေ့ကြေးပေါင် ရှစ်သန်းဝန်းကျင်ဖြင့် ဆီဗီလာ သို့ရောင်း ချရန်နီးစပ်နေပြီ ဖြစ်ကြောင်းသိရသည်။  နိုလီတိုသည် ပြီးခဲ့ သည့်ရာသီက ဆဲလ်တာဗီဂိုမှ မန်စီးတီးသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သော ဂွါဒီယိုလာ၏ ဦးစားပေးအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်မရရှိ ခြင်းကြောင့် မန်စီးတီး အသင်းမှထွက်ခွာရန်ဆန္ဒရှိနေခဲ့ခြင်း ဖြစ်သည်။  ယခုအခါ နိုလီတိုသည် ဆီဗီလာနှင့် သုံးနှစ်စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိထားပြီးလာမည့် တနင်္ဂနွေနေ့တွင် ဆေးစစ်မှုအောင်မြင်ပါက အပြီးသတ်စာချုပ်မည် ဖြစ်သည်။ 

 

WKM

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191