Main menu
HOT NEWS
adv
ဦးစားပေး ကစားခွင့်အတွက် အဂူရိုနှင့် အားပြိုင်ရမည်ကို ဂျီဆက်စ် မစိုးရိမ်

ဦးစားပေး ကစားခွင့်အတွက် အဂူရိုနှင့် အားပြိုင်ရမည်ကို ဂျီဆက်စ် မစိုးရိမ်

မန်စီးတီးတိုက်စစ်မှူးဂျီဆက်စ်က ဆုဖလားအောင်မြင်မှုများအတွက် ပြန်လည်ကြိုး စားမည့်အသင်းတွင် တိုက်စစ်၌ ဦးစားပေး ကစားခွင့်ရရန် မိမိနှင့်အဂူရိုတို့အကြား အားပြိုင်ရလျှင်လည်း ပြဿနာတစ်ရပ်မဟုတ် ကြောင်းပြောကြားခဲ့သည်။ ဂျီဆက်စ်သည် ဇန်နဝါရီတွင် ပါးမီးရပ်စ်မှ မန်စီးတီးသို့ရောက်ရှိလာပြီးနောက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဒဏ်ရာကြောင့်အနား မယူရမီအချိန်အထိ အဂူရိုထံမှ ဦးစားပေး ကစားခွင့်ကို လွှဲပြောင်းရယူနိုင်ခဲ့သည်။


ဒဏ်ရာမှသက်သာလာပြီးနောက် ယမန်နှစ်ရာသီနှောင်းပိုင်းနှင့် ယခုနှစ်ရာသီကြိုကာလများတွင် အတူတွဲဖက်ကစားခဲ့ရာ၌ အသီးသီးခြေစွမ်းပြနိုင်ခဲ့ရာ ပွဲထွက်ခွင့်အတွက် အဂူရိုနှင့်အားပြိုင်ရလျှင်လည်း ပြဿနာမဟုတ်ဟု ဂျီဆက်စ်ကဆိုခဲ့ခြင်းဖြစ်သည်။ ဂျီဆက်စ်က ''အဂူရိုဟာ အရည်အသွေး အများကြီးရှိသူဖြစ်တဲ့အပြင် ကျွန်တော်ဟာ သူ့ပရိသတ်လည်းဖြစ်ပါတယ်။ တိုက်စစ်မှာ ကျွန်တော်တို့နှစ်ယောက်ကို တွဲကစားစေ မယ်ဆိုရင်လည်း အခက်အခဲမရှိဘူးဆိုတာ သက်သေပြခဲ့ပြီးပါပြီ။ တကယ်လို့နည်းပြက တိုက်စစ်မှာ တစ်ဦးတည်းအထောင်ထား ကစားစေမယ်ဆိုရင်လည်း ကျွန်တော့်ကတော့ အဆင်သင့်ပါပဲ။''ဟု ပြောခဲ့သည်။ 

 

KKW

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191