Main menu
HOT NEWS
adv
ဒုတိယမြောက်ရာသီတွင် ရာနှုန်းပြည့် အောင်မြင်သည့် အစဉ်အလာကို မော်ရင်ဟို ဆက်ထိန်းမည်

ဒုတိယမြောက်ရာသီတွင် ရာနှုန်းပြည့် အောင်မြင်သည့် အစဉ်အလာကို မော်ရင်ဟို ဆက်ထိန်းမည်

မန်ယူနည်းပြမော်ရင်ဟိုက နည်းပြဘဝတွင် တာဝန်ယူခဲ့သည့်အသင်းများ၌ ရာသီအပြည့်တာဝန်ယူခွင့်ရသော ဒုတိယ မြောက်ရာသီတွင် ရာနှုန်းပြည့်အောင် မြင်မှုရသည့်အစဉ်အလာကို ဆက်ထိန်းနိုင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းပြောဆိုခဲ့သည်။ မော်ရင်ဟိုသည် နည်းပြဘဝတွင် ပေါ်တို၊ ချဲလ်ဆီး၊ အင်တာ၊ ရီးရဲလ်၊ ချဲလ်ဆီး(ဒုတိယအကြိမ်) အသင်းများကို တာဝန်ယူခဲ့ရာတွင် အသင်းအား ရာသီအပြည့်ကိုင်တွယ်ခွင့်ရသည့် ဒုတိယမြောက်ရာသီ၌ ရာနှုန်းပြည့်အောင်မြင်မှုရသော အစဉ်အလာကောင်းများရှိခဲ့ရာ မန်ယူ နှင့် ဒုတိယမြောက်ရာသီတွင်လည်း အလား တူအောင်မြင်မှုရရန် မျှော်လင့်နေခြင်း ဖြစ်သည်။


မော်ရင်ဟိုက ''ကျွန်တော့်အနေနဲ့ ကိုင်တွယ်ခဲ့တဲ့အသင်းတွေနဲ့ ဒုတိယမြောက်ရာသီမှာ အောင်မြင်မှုပိုရတတ်လို့ မန်ယူနဲ့လည်း ဒီနှစ်မှာအောင်မြင်မှုရမယ်လို့ အာမခံချက်မပေးနိုင်ပါဘူး။ ဒါပေမဲ့ နည်းပြတစ်ဦးအနေနဲ့ ဒုတိယမြောက်ရာသီမှာ အသင်းနဲ့ကစားသမားတွေအကြောင်း ပိုသိလာခြင်းက အထောက်အကူဖြစ်စေမှာပါ။ ဒါ့အပြင် မနှစ်ကထက်ပိုကောင်း တဲ့ရာသီကြိုပြင်ဆင်မှုတွေရှိခြင်းနဲ့ ယူရို ပါလိဂ်မှာ ဗိုလ်စွဲထားခြင်း၊ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်ရထားခြင်းတွေကလည်း အသင်းရဲ့ယုံကြည်မှုတွေကို ပိုပြီးမြင့်တက် စေမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း မနှစ်ကထက်ပိုပြီး အောင်မြင်မှုရနိုင်မယ့် အနေအထားတွေ ကျွန်တော့်မှာရှိနေတာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။


ထို့အပြင် မော်ရင်ဟိုက မိမိအနေ ဖြင့် ကစားသမားသစ်လေးဦးခန့် ခေါ်ယူမည်ဟုစဉ်းစားထားခဲ့ခြင်းကြောင့် လက်ရှိတွင် လူကာကူ၊ လင်ဒီလော့ဖ်နှင့် မာတစ် တို့အားခေါ်ယူနိုင်ခဲ့ခြင်းမှာ မိမိတောင်းဆိုထားခြင်းကို ၇၅ရာခိုင်နှုန်းဖြည့်ဆည်း ထားခဲ့ခြင်းဟုဆိုနိုင်ကြောင်း၊ သို့ဖြစ်ရာ ကစားသမားသစ်တစ်ဦးထပ်မံခေါ်ယူ ခြင်းဖြင့် နောက်ထပ် ၂၅ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးမည်ဆိုပါက ပိုမိုပျော်ရွှင် လိမ့်မည်ဖြစ်ကြောင်းဆိုခဲ့သည်။ မော်ရင်ဟိုက ''ဇန်နဝါရီလကနေ လွန်ခဲ့တဲ့လအနည်းငယ်အတွင်း အသင်းကိုခွဲခြမ်းစိတ်ဖြာ မှုတွေအရ ကစားသမားသစ်လေး ဦးလောက်လိုမယ်လို့သုံးသပ်ခဲ့တာပါ။ အသင်းအနေနဲ့ ကျွန်တော် တောင်းဆိုထားတာရဲ့ ၇၅ ရာခိုင် နှုန်းကိုဖြည့်ဆည်းပေးနိုင်ခဲ့လို့ နောက်ထပ်ကစားသမားတစ်ဦးထပ်ခေါ်ပေးနိုင် မယ်ဆိုရင် ပိုပြီးပျော်ရွှင်မိမှာပါ''ဟု ပြော ကြားခဲ့သည်။ 

 

KKW

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191