Main menu
HOT NEWS
adv
အန်ဒါဆင်ကို အနိုင်ယူပြီး ၂ဝ၁၇ ယူအက်စ် အိုးပင်းတွင် နာဒယ်လ် ဗိုလ်စွဲ

အန်ဒါဆင်ကို အနိုင်ယူပြီး ၂ဝ၁၇ ယူအက်စ် အိုးပင်းတွင် နာဒယ်လ် ဗိုလ်စွဲ

စပိန်တင်းနစ်အားကစားသမား နာဒယ်လ်သည် တောင်အာဖရိကမှ ကီဗင်အန်ဒါဆင်အား ၆-၃၊ ၆-၃၊ ၆-၄ ဖြင့်အနိုင်ယူပြီး ၂ဝ၁၇ ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ဗိုလ်စွဲသွားခဲ့သည်။

 

ယခုအောင်မြင်မှုမှာ စပိန်သား နာဒယ်လ်အတွက် အားကစားသမားဘဝတွင် ဂရင်းဆလင်း ချန်ပီယံများကို (၁၆)ကြိမ်မြောက်ရရှိခဲ့ခြင်းဖြစ်ပြီး ယူအက်စ်အိုးပင်းတွင် တတိယအကြိမ်မြောက် ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။ နာဒယ်လ်သည် ပြီးခဲ့သောဇွန်လက ပြင်သစ်အိုးပင်းပြိုင်ပွဲတွင် ဗိုလ်စွဲထားခဲ့ရာ ၂ဝ၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်နှစ်အတွင်းဂရင်းဆလင်းဆုနှစ်ခုရယူနိုင်ခဲ့သည့်စံချိန်ရခဲ့သည်။


ယခုအောင်မြင်မှုကြောင့် နာဒယ်လ်အနေဖြင့် ဂရင်းဆလင်းပြိုင်ပွဲကြီးများတွင် (၁၉)ကြိမ်ဗိုလ်စွဲထားသော ဆွစ်တင်းနစ်သမား ဖက်ဒါရာကိုလိုက်မီနိုင်ရန် ဆုဖလားသုံးလုံးသာလိုအပ်တော့သည်။ ယခုနှစ် ဂရင်းဆလင်းပြိုင်ပွဲများတွင် ယူအက်စ်အိုးပင်းနှင့် ပြင်သစ်အိုးပင်းတွင် နာဒယ်လ်ကဗိုလ်စွဲခဲ့ပြီး သြစတြေးလျအိုးပင်းနှင့် ဝင်ဘယ်ဒန်အိုးပင်းတွင် ဖက်ဒါရာက ဗိုလ်စွဲထားခြင်းဖြစ်သည်။ 

 

KKW

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191