Main menu
HOT NEWS
adv
ဧဝရက်တောင် မာရသွန်ပြိုင်ပွဲ အိမ်ရှင် နီပေါနိုင်ငံသား ဗိုလ်စွဲ

ဧဝရက်တောင် မာရသွန်ပြိုင်ပွဲ အိမ်ရှင် နီပေါနိုင်ငံသား ဗိုလ်စွဲ

ရန်ကုန်၊ မေ ၃ဝ

၂ဝ၁၆ခုနှစ် ဧဝရက်တောင်ပေါ် မာရသွန် ပြိုင်ပွဲ၌ အိမ်ရှင်နီပေါနိုင်ငံသား Bed Bahadur Sunuwar က ဗိုလ်စွဲသွားကြောင်း သိရသည်။ နီပေါနိုင်ငံ ဧဝရက်တောင် တွင် မေ ၃ဝ ရက်က ကျင်းပခဲ့သော ၂ဝ၁၆ ခုနှစ် မာရသွန်ပြိုင်ပွဲ၌ အိမ်ရှင်ကစားသမား ၁၃ဝ ခန့် နှင့် အမေရိကန်၊ သြစတြေးလျနှင့် တရုတ်နိုင်ငံတို့မှ ပြိုင်ပွဲဝင် ၃ဝ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။


ယင်းမာရသွန်ပြိုင်ပွဲသည် ဧဝရက်တောင်၏ Namche Bazaar ထိ ၄၂ ဒသမ ၉၅ ကီလိုမီတာ (၂၆ ဒသမ ၂ မိုင်)ခန့်ရှည်လျားရာ ပန်းဝင် ခဲ့သော နီပေါနိုင်ငံသား Bed Bahadur Sunuwar မှာ အချိန် ၄ နာရီနှင့် ၁ဝ စက္ကန့်ဖြင့် ဗိုလ်စွဲခဲ့ ခြင်းဖြစ်သည်။ ဧဝရက်တောင် မာရသွန် ပြိုင်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်ပြိုင်ပွဲ ၌လည်း နီပေါနိုင်ငံသားကပင် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။  

LLH

#Democracy Today

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191