HOT NEWS
Main menu
adv
ကစားသမားဘဝ နောက်ဆုံးအချိန်ကို မန်ယူတွင်သာ ရွန်းနီ ကုန်ဆုံးမည် ဟု မန်ယူ နည်းပြသစ် မော်ရင်ဟို ဆို

ကစားသမားဘဝ နောက်ဆုံးအချိန်ကို မန်ယူတွင်သာ ရွန်းနီ ကုန်ဆုံးမည် ဟု မန်ယူ နည်းပြသစ် မော်ရင်ဟို ဆို

မန်ယူနည်းပြသစ်မော်ရင်ဟိုက လက်ရွေးစင်အသင်းခေါင်း ဆောင်ရွန်းနီအနေဖြင့် ကစားသမားဘဝနောက်ဆုံးအချိန်များကို မန်ယူနှင့်သာ ဖြတ်သန်းကုန်ဆုံးဖွယ်ရှိနေကြောင်း၊ လက်ရှိယူရိုပြိုင်ပွဲမှာလည်း ကစားသမား ဘဝ၏ နောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်သည့်အတွက် ချန်ပီယံဆုရယူရန် စိတ်ပြင်းပြလျက်ရှိနေကြောင်း မီဒီယာများထံ ဖွင့်ဟပြောကြားသွားခဲ့သည်။


အသက် ၃ဝ အရွယ်ရှိ တိုက်စစ်မှူးရွန်းနီသည် လက်ရွေးစင်အသင်းနှင့်ကလပ်အသင်းများတွင် အဓိကအသင်းခေါင်းဆောင် အဖြစ်ပါဝင်ခွင့်ရရှိနေခြင်းကြောင့် အမေရိကန်မေဂျာလိဂ်ကလပ်အသင်းများနှင့် တရုတ် စူပါလိဂ်ကလပ်အသင်းများ၏ စိတ်ဝင်စား ခြင်းကိုခံနေရခြင်းဖြစ်ကြောင်း မော်ရင်ဟိုကပြောကြားခဲ့သည်။ ထို့အတူ ကစားသမားဖြစ်သူရွန်းနီက ပရော်ဖက်ရှင်နယ် ကစားသမားဘဝဖြတ်သန်းခဲ့ရာတွင် အဲဗာတန်နှင့် မန်ယူအသင်းတို့ တွင်သာဖြတ်သန်းခဲ့ဖူးကြောင်း၊ အခြားအသင်းများထံ ပြောင်းရွှေ့ရန်လည်းအစီအစဉ်မရှိခဲ့ကြောင်း၊  အနာဂတ်အတွက် တိတိကျကျမသိရှိသေးသော်လည်း မန်ယူကစားသမားဖြစ်နေရခြင်း ကိုပင် နှစ် သက်မိကြောင်းဆိုခဲ့သည်။                       

WKM

#Democracy Today

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS