Main menu
HOT NEWS
adv
ဘယ်လ်ဂျီယံ လူငယ်တိုက်စစ်မှူး ဘတ်ရှုဝါရီ အား ပေါင် ၃၃ ဒသမ ၂ သန်းဖြင့်ခေါ်ယူရန် ချဲလ်ဆီးChelsea  သဘောတူညီမှု ရရှိခဲ့ပြီ

ဘယ်လ်ဂျီယံ လူငယ်တိုက်စစ်မှူး ဘတ်ရှုဝါရီ အား ပေါင် ၃၃ ဒသမ ၂ သန်းဖြင့်ခေါ်ယူရန် ချဲလ်ဆီးChelsea သဘောတူညီမှု ရရှိခဲ့ပြီ

ပြီးခဲ့သည့်နှစ် ဘောလုံးရာသီတွင် ရလဒ်ဆိုးများနှင့်ရင်ဆိုင်ခဲ့ရပြီးနောက် ရာသီသစ်အတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် ချဲလ်ဆီးအသင်းသည် နည်းပြသစ်ကွန်တီလက်ထက် ပထမဦးဆုံးခေါ်ယူသည့် ကစားသမား အဖြစ် ပြင်သစ်ကလပ်မာ ဆေးလ်အသင်း၏ ဘယ်လ်ဂျီယံလက် ရွေးစင်လူငယ်တိုက်စစ်မှူး ဘက်ရှုဝါရီ အား ပေါင် ၃၃ ဒသမ ၂ သန်းဖြင့် ခေါ်ယူရန် အပြီးသတ်သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။


လူငယ်တိုက်စစ်မှူးဘတ်ရှုဝါရီသည် နိုင်ငံလက်ရွေးစင်အသင်းနှင့် အတူယူရို ၂ဝ၁၆ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ ချဲလ်ဆီးအသင်းတာဝန်ရှိသူများနှင့်အတူ ဆေးစစ်မှုများခံယူခဲ့ ပြီးနောက် ရက်ပိုင်းအတွင်း အပြီးသတ်စာချုပ်ချုပ်ဆိုရန်သာ ကျန်ရှိနေခဲ့ပြီး ကစားသမားအနေဖြင့် ချဲလ်ဆီးအသင်းနှင့်အတူ ငါးနှစ် စာချုပ်ချုပ်ဆိုရန် ယုံကြည်နေလျက်ရှိသည်။


ကစားသမားဖြစ်သူ၏ အပြောင်းအရွှေ့နှင့်ပတ်သက်၍ မာဆေးလ်အသင်းဘက်မှ အတည်ပြုထုတ်ပြန်ကြေညာခြင်းမရှိသေးသော်လည်း ထွက်ပေါ်နေသည့်သတင်းအချို့အရ မာဆေးလ်အသင်းတာဝန်ရှိသူများ အနေဖြင့် အခြားပရီးမီးယားလိဂ်အသင်း တစ်သင်းဖြစ်သည့် ခရစ္စတယ်ပဲလေ့စ်အသင်း၏ ပေါင် ၃၁ သန်းဖြင့် ကမ်းလှမ်းထားမှုကို လည်းလက်ခံထားကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။


WKM

#Democracy Today

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191