Wednesday, 11 October 2017 11:46

ပထမအကြိမ် ထိုင်းနိုင်ငံ၏ ဘုရင့် အထိမ်းအမှတ် အလေးမပြိုင်ပွဲ မြန်မာအဖွဲ့ ပါဝင်ယှဉ်ပြိုင်

Written by KKTM
Rate this item
(0 votes)

မဲဆောက်၊ အောက်တိုဘာ ၁ဝ

 

ပထမအကြိမ် ထိုင်းနိုင်ငံ၏ဘုရင့်အထိမ်းအမှတ် ငါးနိုင်ငံအလေးမပြိုင်ပွဲကို ထိုင်းနိုင်ငံတာ့ခ်ခရိုင် မဲဆောက်မြို့ဖွံ့ဖြိုးတိုးတက်ရေးရုံး အားကစားခန်းမ၌ အောက်တိုဘာ ၁ဝ ရက် မှ ၁၅ ရက်အထိကျင်းပရာ မြန်မာနိုင်ငံမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်နေကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲသို့ မြန်မာ၊ လာအို၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် မွန်ဂိုလီးယားနိုင်ငံများမှ ပြိုင်ပွဲဝင်အသင်း ၃၂ သင်းမှ အမျိုးသား ၁၂၅ ဦးနှင့် အမျိုးသမီး ၈၉ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

 


''ထိုင်းဘုရင် ၁ဝ ဆက်မြောက်အဖြစ် ပထမဆုံးအကြိမ်ကျင်းပတဲ့ပြိုင်ပွဲပါ။ ၅၆ ကီလိုတန်းမှာ မောင်သီဟအောင်၊ ၆၃ ကီလိုတန်းမှာ မောင်အောင်ငြိမ်းသူ၊ ၆၉ ကီလိုတန်းမှာ မဝင်းသော်နဲ့ ၅၈ ကီလိုတန်းမှာ မနော်စောမူဖောဝါးတို့ပါ ဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ကလေးတွေက ရန်ကုန် အား/ကာသိပ္ပံက နှစ်ယောက်၊ မန္တလေးအား /ကာသိပ္ပံက နှစ်ယောက်ဖြစ်ပြီး အခုလိုလာပြိုင်ဖို့ ထိုင်းကဖိတ်ခေါ်တာပါ။ ကလေးတွေအနေနဲ့ နိုင်ငံတကာအတွေ့ အကြုံရတာကြောင့် ကျွန်မတို့အတွက်အကျိုးရှိပါတယ်''ဟု နည်းပြ ဖြစ်သူ ဒေါ်ကေသီဝင်းက ရှင်းလင်းပြောပြသည်။ မြန်မာနိုင်ငံမှ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးချစ် မောင်နှင့်အတူ အသင်းအုပ်ချုပ်သူ ဦးမင်းသူထက်၊ နည်းပြ ဒေါ်ကေသီဝင်း၊ ဒိုင်များအဖြစ် ဒေါ်ဝင်းဝင်းမော်၊ ဦးမျိုးမင်းနှင့် အားကစားသမားများပါဝင်ကြောင်း သိရသည်။ 

 

KKTM

#democracytoday

Read 76 times
Login to post comments