HOT NEWS
Main menu
မန်ယူ ကစားသမားဘဝ အကောင်းဆုံး အသင်းဖော်များ အဖြစ် စီရော်နယ်ဒိုနှင့် ပေါလ်စခိုးတို့ကို ရွန်းနီရွေးချယ်၊  အခက်အခဲဆုံး ပြိုင်ဘက်များအဖြစ် ဂျွန်တယ်ရီ၊ ဇာဗီ၊ မက်ဆီ တို့ပါဝင်ခဲ့

မန်ယူ ကစားသမားဘဝ အကောင်းဆုံး အသင်းဖော်များ အဖြစ် စီရော်နယ်ဒိုနှင့် ပေါလ်စခိုးတို့ကို ရွန်းနီရွေးချယ်၊ အခက်အခဲဆုံး ပြိုင်ဘက်များအဖြစ် ဂျွန်တယ်ရီ၊ ဇာဗီ၊ မက်ဆီ တို့ပါဝင်ခဲ့

အင်္ဂလန်အသင်းနှင့် မန်ယူအသင်းတို့၏ အသင်းခေါင်းဆောင် ဖြစ်သူရွန်းနီသည် ၎င်း၏ကစားသမားဘဝဖြတ်သန်းခဲ့ရာ၌ မန်ယူကစားသမားဘဝ အကောင်းဆုံး အသင်းဖော်များနှင့် အခက်အခဲဆုံး ပြိုင်ဘက်များ အားရွေးချယ်မှုပြုလုပ်ခဲ့ရာတွင် မန်ယူအသင်းဖော်များ ဖြစ်သည့် စီရော်နယ်ဒိုနှင့် ပေါလ်စခိုးတို့ကို ရွေးချယ်ခဲ့သည်။


၂ဝဝ၄ ခုနှစ်တွင် အဲဗာတန်အသင်းမှ မန်ယူအသင်းသို့ပြောင်း ရွှေ့လာခဲ့သည့် ရွန်းနီသည် အသင်း နှင့်အတူ ၁၂ နှစ်တာဖြတ်သန်းခဲ့ပြီးရာ၌ အသင်းဖော်များဖြစ်ခဲ့သည့် ရွိုင်ယန်ဂစ်၊ ရွိုင်ကိန်း၊ ဗီဒစ်၊ ဖာဒီနန်တို့ အားကျော်လွန်ကာ ဝါရင့်ကွင်း လယ်လူ ပေါလ်စခိုးနှင့် မန်ယူအသင်းတွင် အောင်မြင်မှုများအတူတကွ ရယူနိုင်ခဲ့သည့် စီရော်နယ်ဒိုတို့အား မန်ယူကစားသမားဘဝ အကောင်းဆုံးအသင်းဖော်များအဖြစ်ရွေးချယ် ခဲ့သည်။


''ကစားသမားဘဝတစ်လျှောက်တွဲကစားဖူးတဲ့သူတွေထဲမှာ အဆင် ပြေဆုံးဖြစ်ခဲ့တဲ့သူ နှစ်ဦးပဲရှိပါတယ်။ အဲဒါ့ကတော့ ပေါလ်စခိုးနဲ့ စီရော်နယ်ဒိုပါပဲ။ ပေါလ်စခိုးအနေနဲ့ အမြဲတမ်းအကောင်းဆုံးကွင်းလယ်လူတစ်ဦး အဖြစ် သူ့ရဲ့ဖန်တီးပေးပို့မှု တွေနဲ့ သက်သေပြနိုင်ခဲ့တဲ့သူပါ။ စီရော်နယ်ဒိုဆိုရင်တော့ အထူးတလည်ပြောစရာမလိုတော့ပါဘူးထင်ပါတယ်''ဟု ရွန်းနီကဆိုခဲ့သည်။ ထို့ပြင်ရွန်းနီသည် ကစားသမား ဘဝကျော်ဖြတ် ဂိုးသွင်းရအခက်အခဲဆုံး ဂိုးသမားအဖြစ် ရီးရဲလ်ဂိုးသမား ဟောင်း ကာဆီးလက်စ်အား ရွေးချယ်ခဲ့ပြီး လက်ရွေးစင်ကစားသမား ဘဝတွင်သာမက ကလပ်အသင်းပွဲစဉ် များတွင်ပါ ကျော်ဖြတ်ဂိုးသွင်းရခက်ခဲသည့် ဂိုး သမား အဖြစ်အံ့အားသင့်ဖွယ် ရွေးချယ်ခဲ့သည်။ အခက်အခဲဆုံး နောက်တန်းက စားသမားအဖြစ် ချဲလ်ဆီးခေါင်းဆောင်ဂျွန်တယ်ရီအား ရွေးချယ်ခဲ့ပြီး ပြိုင်ဘက်ကောင်းများအဖြစ်ကိုမူ ဘာစီလိုနာ ကစားသမားများ ဖြစ် သည် ဇာဗီနှင့် မက်ဆီတို့ အားရွေးချယ်ခဲ့သည်။


''ဂျွန်တယ်ရီဆိုတဲ့ကစားသမားကိုကျော်ဖြတ်ရ ခက်ခဲတယ်ဆိုတာ သူနဲ့ကစားဖူးတဲ့ ကစားသမားတိုင်း လက်ခံကြမှာပါ။ အင်္ဂလန်၊ ချဲလ်ဆီးအသင်း တွေမှာ စွမ်းဆောင်ပေးခဲ့တဲ့သူရဲ့ စွမ်းဆောင် မှု၊ ခေါင်းဆောင်နိုင် မှု တွေက အတုယူစရာဖြစ်ခဲ့ပါတယ်။ မက်ဆီ၊ ဇာဗီတို့လည်း ထိုနည်းလည်းကောင်းပါပဲ။ သူတို့လိုကစားသမားကောင်းတွေနဲ့ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်''ဟု ရွန်းနီကဆိုခဲ့သည်။


WKM

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Related items

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS