Wednesday, 11 October 2017 11:55

၂ဝ၁၇ ကိုရီးယား သံအမတ်ကြီး တံခွန်စိုက်ဖလား တိုက်ကွမ်ဒိုပြိုင်ပွဲ ကျင်းပမည်

Written by LLH
Rate this item
(0 votes)

ရန်ကုန်၊ အောက်တိုဘာ ၁ဝ

 

မျိုးဆက်သစ် တိုက်ကွမ်ဒို ကစားသမားများမွေးထုတ်ပေးမည့် မြန်မာနိုင်ငံ ကိုရီးယားသံအမတ်ကြီး တံခွန်စိုက်ဖလားတိုက်ကွမ်ဒိုပြိုင်ပွဲအား ရန်ကုန်မြို့ သုဝဏ္ဏအားကစားပြိုင်ပွဲရုံ(၁)တွင်ကျင်းပရန် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

 

၂ဝ၁၇ခုနှစ် ကိုရီးယားသံအမတ် ကြီးတံခွန်စိုက်ဖလား တိုက်ကွမ်ဒိုပြိုင်ပွဲကို မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ ချုပ်နှင့် ကိုရီးယားသမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးတို့မှပူး ပေါင်း၍ အောက်တိုဘာ ၂၁ရက်မှ ၂၂ရက်အထိ သုဝဏ္ဏအမျိုးသားအား ကစားရုံ(၁)တွင် နံနက်၈နာရီ၌ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲမှ ထူးချွန်ထက် မြက်သည့် မျိုးဆက်သစ်ကစားသမားများအားရွေးချယ်ကာ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်တွင် စခန်းသွင်း လေ့ကျင့်ပေးသွားမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အတိုက်နှင့်က ကွက်အမျိုးအစားနှစ်မျိုးမှ သက်ငယ်တန်းအမျိုးသား၊ အမျိုးသမီး အသက် (၁၄)နှစ်အောက်အတိုက်ပြိုင်ပွဲ၊ မျိုးဆက်သစ်အမျိုးသား၊ အမျိုးသမီးအသက်(၁၈)နှစ်အောက် အတိုက်ပြိုင်ပွဲ၊ လက်ရွေးစင်အဆင့်အမျိုးသား၊ အမျိုးသမီးအသက် (၁၈)နှစ်အထက်အလွတ်တန်းအတိုက်ပြိုင်ပွဲ၊ အသင်း လိုက်အမျိုးသား၊ အမျိုးသမီး (၁၄)နှစ် အောက်ကကွက်ပြိုင်ပွဲ၊ အသင်း လိုက်အမျိုးသား၊ အမျိုးသမီး (၁၈)နှစ် အောက်ကကွက်ပြိုင်ပွဲနှင့် လက်ရွေး စင်အဆင့်အမျိုးသား၊ အမျိုးသမီး (၁၈)နှစ်အထက် ကကွက်ပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။

 


အတိုက်ပြိုင်ပွဲများကို ရှုံးထွက်စနစ်ဖြင့်ကျင်းပမည်ဖြစ်ပြီး ကကွက်ပြိုင်ပွဲကို ပတ်လည်ပွဲများမှအမှတ် အများဆုံးသောအသင်းကို ပထမ၊ ဒုတိယ၊ တတိယချီးမြှင့်သွားမည် ဖြစ်ပြီး နိုင်ငံတကာတိုက်ကွမ်ဒိုပြိုင် ပွဲမှ စည်းမျဉ်းဥပဒေအတိုင်းကျင်းပသွားမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ် အသိအမှတ် ပြုထားသောဝန်ကြီးဌာန ပြည်နယ်တိုင်းဒေသကြီး ကလပ်အသင်းများ ပါဝင်နိုင်မည်ဖြစ်ရာ ပြိုင်ပွဲဝင်ကစား သမားများမှာ အဖွဲ့ချုပ်မှ အသိအမှတ်ပြု ခါးစည်းအဆင့်ရရှိထားသူ များနှင့် တိုက်ကွမ်ဒိုကိုကီဝမ်ဒန်အ သိအမှတ်ပြု အောင်လက်မှတ်ရရှိသူများသာပြိုင်ရမည်ဖြစ်သည်။

 

LLH

#democracytoday

Read 377 times
Login to post comments