Wednesday, 11 October 2017 11:57

ဂျေလိဂ်ကလပ် ဆီရီဇိုအိုဆာကာ အသင်းပို့ချပေးမည့် ဘောလုံးသင်တန်းကို ဂျပန် အားကစားဒုဝန်ကြီး တက်ရောက် ဖွင့်လှစ်မည်

Written by NTL
Rate this item
(0 votes)

ရန်ကုန်၊ အောက်တိုဘာ ၁ဝ

 

ဂျေလိဂ်ကလပ်ဆီရီဇိုအိုဆာကာ အသင်းကလာရောက်ပို့ချပေးမည့် ဘောလုံးသင်တန်းကို ဂျပန်နိုင်ငံ အားကစားဝန်ကြီးဌာန ဒုတိယဝန် ကြီး လာရောက်ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှသိရသည်။

 

 

အဆိုပါ Football Clinic ဖွင့်ပွဲအခမ်းအနားကို အောက်တို ဘာ ၁၂ ရက်ညနေ ၃ နာရီတွင် ဘောလုံးအဖွဲ့ချုပ် မြက်ခင်းတုကွင်းတွင် ပြုလုပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်ဂျပန်ဂျေ လိဂ်တို့၏ နှစ်နိုင်ငံဘောလုံးဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များအရ လာရောက်သင် ကြားပို့ချပေးခြင်းဖြစ်ပြီး မြန်မာ ကျောင်းသားလူငယ်ကစားသမား ၁ဝဝ ကို အခြေခံဘောလုံးနည်း စနစ်များလာရောက်ပို့ချပေးမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အာဆီယံအား ကစားဝန်ကြီးများနှင့် ဂျပန်နိုင်ငံ အားကစားဝန်ကြီးတို့အစည်းအဝေး (1st AMMS+Japan) ကို အောက်တိုဘာ ၁၁ ရက်တွင် နေပြည်တော် ၌ လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 


NTL

#democracytoday

Read 1370 times
Login to post comments