Thursday, 12 October 2017 11:51

ပွတ်ရှ်ကတ် ဆုအတွက် ဆန်ခါတင် သုံးဦးစာရင်းတွင် ဂီရော့ဒ် ၊ ကတ်စတီလာနို့စ် ၊ မာဆူလူကီတို့ ပါဝင်လာခဲ့

Written by WKM
Rate this item
(0 votes)

လန်ဒန်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ အတည်ပြုထုတ်ပြန်ခဲ့သည့် ၂ဝ၁၇ ခုနှစ်အတွင်း အလှပဆုံး သွင်းယူနိုင်ခဲ့သည့် သွင်းဂိုးများအတွက် ချီးမြှင့်မည့် ပွတ်ရှ်ကတ်ဆုအတွက် နောက်ဆုံးဆန်ခါတင် ကစားသမားသုံးဦးစာရင်း ထုတ်ပြန်ခဲ့ရာတွင် အာဆင်နယ် တိုက်စစ်မှူး ဂီရော့ဒ် ၊ ဗင်နီဇွဲလား အမျိုးသမီးလက် ရွေးစင်တိုက်စစ်မှူး ကတ်စတီလာနို့စ် ၊ တောင်အာဖရိက လူငယ်ဂိုးသမား မာဆူလူကီတို့ ပါဝင်လာခဲ့သည်။

 

 

အောက်တိုဘာ ၂၃ ရက်တွင် အခမ်းအနားနှင့်အတူ ချီးမြှင့်မည့် အဆိုပါပွတ်ရှ်ကတ်ဆုအတွက် ထွက် ပေါ်လာသည့် ဆန်ခါတင် စာရင်းအပေါ် Online သုံးသပ်မှု စစ်တမ်းအချို့အရ မာဆူလူကီ၏ ဂိုးအပေါ် လူကြိုက်ပိုများလျက်ရှိ ကြောင်း သိရသည်။

 

 

WKM

#theyangontimes

Read 358 times
Login to post comments