Thursday, 12 October 2017 12:01

ရီးရဲလ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် ဂျိမ်းစ်ရိုဒရီဂွက်ဇ် ဆန္ဒရှိနေကြောင်း သတင်းများထွက်ပေါ်

Written by WKM
Rate this item
(0 votes)

မြူးနစ်

 

ဂျာမနီထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းသို့ နှစ်နှစ်အငှားစာချုပ်ဖြင့် လာ ရောက်ကစားလျက်ရှိသည့် ကိုလံဘီယာလက်ရွေးစင် တိုက်စစ်မှူးဖြစ်သူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် ၎င်း၏ဆရာဟောင်းဖြစ်သူ အန်ဆယ်လော့တီရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် ရီးရဲလ်အသင်းသို့ ပြန်လည် ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေခဲ့ကြောင်း စပိန် မီဒီယာတစ်ခုဖြစ်သည့် as.com ၏ ဖော်ပြချက်အရသိရသည်။

 


ဂျိမ်းစ်ရိုဒရီဂွက်ဇ်အနေဖြင့် ဘိုင်ယန် မြူးနစ်အသင်းသို့ ပြောင်းရွှေ့ခဲ့ချိန်တွင် နေ ရေးထိုင်ရေး အဆင်မပြေမှုများရှိကြောင်း၊ ဂျာမနီနိုင်ငံ၏ အအေးဒဏ်ပြင်းသည့် ရာသီ ဥတု အခြေအနေများအပြင် ဂျာမနီကစားသမားအများစု ရှိနေသည့်အသင်းတွင် အင်္ဂလိပ်စကား မပြောကြသည့်အတွက် ဘာသာစကား အခက်အခဲအချို့ရှိကြောင်း ထုတ် ဖော်ပြောကြားထားသူလည်း ဖြစ်သည်။ အဆိုပါအခြေအနေများကြောင့် ဂျိမ်းစ် အနေဖြင့် ၎င်းအားစိတ်ဝင်စားလျက်ရှိသည့် အခြားအသင်း တစ်သင်းသင်းသို့ ပြောင်း ရွှေ့ကစားရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိ ပြီး ယခုနှစ်ဘောလုံးရာသီကုန်တွင် အပြောင်းအရွှေ့ ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သတင်း ဖော်ပြမှုများ ရှိနေခဲ့သည်။ 

 

WKM

#theyangontimes

Read 378 times
Login to post comments