Friday, 13 October 2017 16:43

မိမိအပေါ် အလွန်အမင်းမျှော်လင့်မထားရန် ချဲလ်ဆီးအသင်းတောင်ပံကစားသမား ဟာဇက် တောင်းဆို

Written by
Rate this item
(0 votes)

ချဲလ်ဆီးတောင်ပံကစားသမား ဟာဇက်က ဒဏ်ရာကြောင့် ကာလအတန်ကြာအနားယူခဲ့ ရပြီးနောက် ပရိသတ်များအနေဖြင့် မိမိအပေါ် အလွန်အမင်း မျှော်လင့်မထားရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ဟာဇက်သည် နွေရာသီအတွင်း ခြေချင်း ၀တ်ဒဏ်ရာ ကိုခွဲစိတ်မှုခံယူခဲ့ရပြီးနောက် ကာလ အတန်ကြာအနားယူခဲ့ရပြီး မန်စီးတီးအသင်း နှင့်ပွဲမှသာ ပထမဆုံးအကြိမ်ပွဲထွက်ကစားခွင့် ရခဲ့သည်။ ဟာဇက်က "ဒဏ်ရာပြဿနာကြုံခဲ့ပြီးတဲ့ နောက် ဘောလုံးနဲ့ သုံးလလောက်ကင်းကွာနေ ခဲ့လို့ ကျွန်တော့် အနေနဲ့ အကောင်း ဆုံးခြေစွမ်း ကိုမရသေးပါဘူး။ ပွဲကစားခွင့်နည်းပါးခဲ့တာ ကြောင့် တချို့ပွဲတွေမှာ ကျွန်တော့်ရဲ့ကစားပုံက ဆိုးရွားကောင်းဆိုးရွားနိုင်ပါတယ် " ဟု ပြော ကြားခဲ့သည်။

ဟာဇက်အနေဖြင့် ရာနှုန်းပြည့်ကြံ့ခိုင်မှု ပြန်ရလာခြင်းက တိုက်စစ်မှူးမိုရာတာနှင့် ကွင်းလယ်လူကန်တီတို့ ဒဏ်ရာပြဿနာများရှိ နေသော ချဲလ်ဆီးအတွက် သတင်းကောင်းဖြစ် သည်။

KKW/Democracytoday

Read 370 times
Login to post comments